
(၆၆)နှစ်မြောက်ပြည်ထောင် စုအခမ်းအနားကို NLD ပါတီမှ ဖေဖော်ဝါရီ ၁၂ရက်တွင် ရန်ကုန် မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးကပြောကြားရာတွင် ““ပြည် ထောင်စုနေ့နှစ်ပတ်လည် အခမ်း အနားမျိုးကျင်းပရခြင်းမှာ ပြန် လည်သတိပေးနှိုးဆော်သိရှိဆောင် ရွက်သည်ထက် အစဉ်အမြဲ ကျွန်ုပ် တို့နိုင်ငံသည် တိုင်းရင်းသားအား လုံး စည်းလုံးညီညွတ်စွာဖြင့် အင် အားတောင့်တင်းအောင်ကြိုးပမ်း ကြရန်လိုပါတယ်။တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အလွန် တောင်းတ၊တမ်းတ၊ ဆန္ဒပြုနေ သည့် အမျိုးသားအားလုံး ပြန် လည်သင့်မြတ်ရေး အပြန်အလှန် လေးစားရေး သဟဇာတဖြစ်ရေး နှင့် အတူတကွငြိမ်းချမ်းစွာ နေထိုင် ရေးတို့အတွက် ပင်လုံစိတ်ဓာတ် ကိုအခြေခံကာ ခိုင်ခိုင်မြဲမြဲတည် ဆောက်ရန်အတွက် ပြည်ထောင် စုနေ့တွင် သံဓိဋ္ဌာန်ချဆောင်ရွက် ကြရန် အလေးအနက်တိုက်တွန်း ပါတယ်””ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားအားလြုံး တို့သည် မိမိတို့နေထိုင်ရာဒေသ၌ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်ဒေသများအဖြစ်တည်ရှိရန် လိုကြောင်းဦးတင်ဦးမှထည့်သွင်း ပြောကြားခဲ့သည်။
ဖြိုးအောင်



Vol-3,No-141
Vol-3,No-140
Download
February 13, 2013
Home, သတင်း