မျှော်လင့်မှုများပြည့်ဝ၍နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးပဲကျေးဇူးတင်ရှိကြောင်း ဒေသခံပြည်သူများကပြောကြား

February 13, 2013

Home, သတင်း

 

 
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကုလား မဘူတာတွင် ယခင်ကအမြန် ရထားများရပ်နားခွင့်ရခဲ့ရာမှ ယခု  အခါ နေပြည်တော်၊ကျောက်ပန်း တောင်း၊ပုဂံသို့ ပြေးဆွဲလျက်ရှိ သောအမြန်ရထားများကို ကုလား မဘူတာတွင် ယခုဖေဖော်ဝါရီလ (၄)ရက်မှစတင်၍ ရပ်နားရန် မကွေး တိုင်းဒေသကြီး မြန်မာ့မီးရထား  တိုင်းမန်နေဂျာသွားလာ ဦးဇော်ဖေ စိန်က ဖွင့်ပွဲလုပ်ပေးခဲ့ကြောင်းသိ ရှိရသည်။ ကျွန်တော်တို့ဘူတာကို       အမြန်ရထားကြီးတွေ အခုလိုရပ်  နားပေးတဲ့အတွက် သမ္မတကြီး  နှင့်တကွသက်ဆိုင်ရာ မြန်မာ့မီး ရထားတာဝန်ရှိသူတွေ အားလုံးကို    ကျွန်တော်တို့ဒေသခံပြည်သူများမှ       အထူးပဲကျေးဇူးတင်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ယခင်က ကျွန်တော်တို့ ဒီဘူတာလမ်းပိုင်း မှာ မလိုလားအပ်တဲ့ ပြည်သူအချို့    အသက်ဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရပါ တယ်။ အဲဒီအသက်ဆုံးရှုံးခဲ့ရတာ  ဟာ အမြန်ရထားကရပ်ခွင့်မရှိဘူး  လေ တောသူတောင်သားတွေက    အရေးကြီးကိစ္စအကြောင်းကြီးငယ်    ရှိတော့ အမြန်ရထားကိုလက်မှတ်   လည်းမရောင်းတော့ ရထားခိုးစီး တယ်၊နောက်ပြီးဘူတာနားရောက် တော့ ရထားမရပ်ဘဲ ခုန်ဆင်းရ တယ်၊အဲဒီတော့ မလိုလားအပ်ဘဲ    အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။  ဒါကြောင့် ယခုလိုအမြန်ရထား    ရပ်နားခွင့်ကို သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲတွေက စီမံဆောင် ရွက်ပေးတော့မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုဘေးမှလည်းကင်း ဝေးတယ်၊ရထားလက်မှတ်လဲဝယ် လို့ရပြီဆိုတော့ ခိုးစီးစရာလည်းမလို တော့ဘူး ရထားကလည်း ရပ်ပေး   တော့ ခုန်ဆင်းစရာလည်းမလိုတော့ ဘူးသွားရေးလာရေးမှာလည်း အဆင်ပြေချောမွေ့ တယ်၊ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေက နိုင်ငံတော်သမ္မတကြီးနှင့်တကွ မြန်မာ့မီးရထားသက်  ဆိုင်တဲ့အရာရှိကြီးများအားလုံးကို     အထူးဘဲကျေးဇူးတင်ရှိပါတယ်။  ဒါဟာ ဟိုးယခင်ကတည်းက ကျွန်တော်တို့ ပြည်သူတွေမျှော်လင့်     နေမှုပါ၊ ယခုတော့ကျွန်တော်တို့ ပြည်သူတွေရဲ့ မျှော်လင့်မှုတွေကို    သမ္မတကြီးနှင့်တကွသက်ဆိုင်ရာ     တာဝန်ရှိသူတွေက ထိထိရောက် ရောက်ဖြည့်ဆည်းပေးနေတာတွေ့   ရတော့ ကျွန်တော်တို့ပြည်သူတွေ က ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း၊ ဒေသခံပြည်သူအချို့ထံမှ စုံစမ်း သိရှိရသည်။ ၎င်းအပြင်မြန်မာ့ မီးရထားဝန်ကြီးဌာနမှ ဖောက်လုပ်   လျက်ရှိသော ပျော်ဘွယ်၊နတ် မောက်၊မီးရထားလမ်းပိုင်းအား   ယခုနှစ်မတ်လပထမပတ်တွင် စတင်ဖွင့်လှစ်ပြေးဆွဲမည်ဖြစ် ကြောင်း မြန်မာ့မီးရထား အသိုင်း အ၀ိုင်းမှစုံစမ်းသိရှိရသည်။ ယင်း သို့ပြေးဆွဲရာတွင် လူစီးတွဲ(၃)တွဲ၊   ပါဆယ်တွဲ(၁)တွဲ၊ဘရိတ်တွဲ(၁)တွဲ၊     ပါဝင်သောရထားစတင်ပြေးဆွဲမှာ ဖြစ်ကြောင်းသိရပြီ။ အဆိုပါ ပျော်ဘွယ်၊နတ်မောက်၊လမ်းပိုင်း တွင် ဘူတာဆင်း(၆)ဘူတာရှိ  ကြောင်းသိရှိရသည်။ယင်းလမ်းပိုင်း       စတင်ပြေးဆွဲပါက ဒေသခံပြည်သူ များနှင့်ကုန်သည်ပွဲစားများအနေဖြင့်   လုပ်ငန်းများပိုမိုအဆင်ပြေစွာသွား   လာလုပ်ကိုင်မှုများ အဆင်ပြေ  ချောမွေ့စေပြီး ဒေသခံခရီးသွား ပြည်သူများ ရထားစီးပိုမိုများပြား  နိုင်ကြောင်း ဒေသခံပြည်သူအချို့  ၏ သုံးသပ်ပြောကြားချက်များအရ   သိရသည်။

 

ဟင်္သာ(တောင်တွင်းကြီး)

,

No comments yet.

Leave a Reply

You must be logged in to post a comment.