
One More အစီအစဉ် သည် လူတစ်ဦး၊ တစ်လ၊ တစ် ထောင် စုဆောင်းပြီး ရရှိသမျှ အလှူငွေများကို လစဉ် လှူဒါန်း လျက်ရှိရာ ၂၀၁၃ ဇန်န၀ါရီလ တွင် ၁၈ လတိုင်ခဲ့ပြီဖြစ်သည်။ ယခုလတွင် နိုင်ငံအ၀န်းမှ အလှူ ရှင် ၁၃,၁၀၁ ဦးက ၁၃,၁၀၁,၀၀၀ ကျပ် (ကျပ်သိန်း ၁၃၀ ကျော်) ထည့်ဝင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အလှူငွေများကို နေရာ (၈)နေရာသို့ ခွဲဝေလှူဒါန်းခဲ့ပါ သည်။ လှူဒါန်းခဲ့သည့်နေရာများ မှာ နေပြည်တော် ဇေယျာသီရိ မြို့နယ်၊ ရွှေကျကျေးရွာ (ရေဆင်း အနီး)ရှိ အမှတ်(၁)ဘုန်းတော် ကြီးသင်ပညာရေးကျောင်းသို့ ကျပ်သိန်း ၃၀၊ မွန်ပြည်နယ် ရေး မြို့ရှိ နှလုံးအလှ သွေးလှူဘဏ်သို့ ကျပ် ၁၅ သိန်း၊ ပဲခူးတိုင်း ဒေသ ကြီး ပန်းတောင်းမြို့နယ်၊ ကျေး ပင်အုပ်စု၊ ပေပင်ကျေးရွာ၊ သောက်သုံးရေ ရရှိရေးအတွက် ကျပ် ၁၀ သိန်း၊ ပေါက်ခေါင်း မြို့နယ်၊ ကောင်းစည်ကျေးရွာ၊ လူထုသောက်သုံးရေ လုံလောက် စွာ ရရှိရေးအတွက် ရေကန် ပြုပြင်တူးဖော်ရန် ကျပ်သိန်း ၂၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်း ကြီးကျေးရွာ၊ မူလတန်းကြိုကျောင်း အတွက် ကျပ် ၁၅ သိန်း၊ လှိုင် သာယာမြို့နယ် အပြင်ပဒံရှိ မဟာဒီပ၀ံသ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျပ် ၁၀ သိန်း၊ တိုက်ကြီးမြို့နယ်၊ သရက် ချောင်းလမ်း၊ တာခွတာဆုံရှိ၊ အေးချမ်းသာ လူငယ်ပရဟိတ ကျောင်းသို့ ကျပ် ၁၅ သိန်းနှင့် အင်းစိန်မြို့နယ်၊ မြို့သစ် ၃ လမ်း၊ သာသနဟိတကာဟိ ကျောင်း တိုက်၊ ဘုန်းတော်ကြီးသင် ပညာ ရေး (မူလွန်) ကျောင်းသို့ ၁,၆၀၁,၀၀၀ ကျပ် အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
One More အစီအစဉ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ တာခွတာဆုံရှိ အေးချမ်းသာ လူငယ်ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်း ရာ တိုက်ကြီးမြို့မှ One More အစီအစဉ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသော ကဗျာ ဆရာ နီလင်းသန်း၊ အောင်ပင် လယ် မွေးမြူရေးအစာနှင့် ဆေး ဆိုင်မှ ဦးထွန်းရွှေနှင့်အဖွဲ့တို့က ကြိုဆိုကြပြီး အလှူကိစ္စနှင့် သက် ဆိုင်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ အေးချမ်းသာလူငယ် ပရဟိတ ကျောင်းကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိဘမဲ့နှင့် ဒုက္ခရောက်သူ လူငယ်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး ယခုအခါ လူငယ် ၉၀ ကျော် လက်ခံစောင့်ရှောက်ထားကြောင်း သိရသည်။ နာဂ၊ လားဟူ၊ ရှမ်း၊ ကရင်၊ ရခိုင် စသည့် တိုင်းရင်း သားလူငယ်လေးများပါဝင်ကြောင်း သိရသည်။ အေးချမ်းသာပရဟိတ ကျောင်းအား သံဃာတော် ၂ ပါး နှင့် ဂေဟာမှူး ၁ ဦးတို့က ဦးဆောင်စီမံခန့်ခွဲလျက်ရှိကာ ဘဏ္ဍာငွေအခက်အခဲရှိသဖြင့် လစဉ် ကြိုးစားရုန်းကန်နေရ ကြောင်း သိရပါသည်။
One More အစီအစဉ်အား ၂၀၁၁ သြဂုတ်လတွင် စတင်ခဲ့ ခြင်းဖြစ်ပြီး ယခုလအထိ ၁၈ လ အတွင်း အလှူငွေစုစုပေါင်း ကျပ် သိန်း ၂၁၄၃ သိန်းကျော် ရရှိခဲ့ပြီး နိုင်ငံအ၀ှမ်းရှိ နေရာ ၈၀ သို့ ခွဲဝေလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လာမည့် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့တွင် ဥညန သြမန ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ One More အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသူများ တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ One Moe အစီအစဉ်သို့ ဆက်သွယ်လိုပါက ဖုန်း- ၀၉ ၇၃၀ ၉၆၆၇၂၊ ၀၉ ၄၂၀၀ ၂၄၈၄၃၊ ၀၉ ၅၀၇ ၉၆၇၈ သို့ ဆက်သွယ်နိုင်ပါသည်။
ဧပရယ်လ်



Vol-3,No-144
Vol-3,No-143
Download
February 13, 2013
Home, သတင်း