မန္တလေးသို့ရောက်ရှိနေသော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ ဖေဖော်ဝါရီ ၁၄ ရက် နံနက်တွင် မန္တလေးမှ ဆက်ထွက်မည်

February 12, 2013

Home, သတင်း

 

 

 

မြန်မာနိုင်ငံ ကချင်ပြည်နယ် တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းသွားရန်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှ ပိုမိုအာရုံ စိုက်လာရန်နှင့်စစ်ပွဲများကို ဆင်နွဲ နေသော နှစ်ဖက်တာဝန်ရှိသူ များက ငြိမ်းချမ်းရေးလမ်းကြောင်း များအပေါ်သို့တက်လာရန် ရည် ရွယ်ချက်များဖြင့် လူငယ်များ၊ ရဟန်းတော်များ အင်အား(၅၀) ၀န်းကျင်ခန့်သည် ဇန်န၀ါရီ  ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားမှ စတင်တာထွက် လာခဲ့ကြသည်။
““ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၄ ရက်နံနက်ပိုင်းမှာ မန္တလေးက ဆက်ထွက်ပါမယ်။ အွန်လိုင်းပေါ် မှာနှင့် ဂျာနယ်အချို့တွင် ရေး သားပြောဆိုနေမှုများကိုမည်သည့် မှတ်ချက်မျှ မပေးလိုပါကြောင်း”” ဤငြိမ်းချမ်းရေးလမ်းလျှောက်ခရီး စဉ်ကိုပန်းတိုင်ရောက်သည့်အထိ ဆက်လက်ချီတက်သွားရန်သာ အာရုံစိုက်ပေးနေပါသည်ဟု ငြိမ်း ချမ်းရေး လမ်းလျှောက်ခရီးစဉ်ကို တက်ကြွစွာဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကတည်းက ရှေ့တန်းမှ ပါဝင်ဆင်နွှဲနေသူ ကိုရန်နိုင်ထွန်း က ပြောကြားခဲ့ပါသည်။ အဖွဲ့ဝင် တစ်ဦးကိုလည်း မန္တလေးမြို့ကို ရောက်လာပြီးနောက် ဆေးရုံတင် ထားရကြောင်း”” အဆိုပါ မကျန်း မာသောပုဂ္ဂိုလ်မှာ ကိုမြတ်လင်း ဖြစ်ပြီး ခရီးစဉ်ကို ဆက်လက် လိုက်ပါမည်ဟု ဆန္ဒပေးထား ကြောင်းကိုလည်း သိရသည်။
ကိုရန်နိုင်ထွန်းမှ ဆက်လက် ပြောကြားရာတွင် ၄င်းတို့မန္တလေး မြို့အထိ မိုင်(၄၀၀) ကျော်ချီတက် လာခဲ့ရာတွင် ၄င်းတို့ လှုပ်ရှားမှု များကို အားပေးထောက်ခံသူများ က လှူဒါန်းသော ငွေစုစုပေါင်း ၉၉၃၆၅၀၀ ကျပ်ကို ““ဖားကန့်ဆို ဆိုက်တီမှ ကိုခင်မောင်ဝင်းထံသို့ လွှဲပြောင်း အပ်နှံလိုက်ပြီဖြစ် ကြောင်း”” ပြောပြခဲ့သည်။
မန္တလေးမြို့အ၀င်တွင် မန္တလေးရောက် ကချင်လူမျိုးများ ကလည်း ခမ်းခမ်းနားနား ကြိုဆို ခဲ့သည်။ မန္တလးမြို့တွင် ၂ရက် ရပ်နားပြီး စေတနာရှင်အသင်း အဖွဲများဖြစ်ကြသော ဗြဟ္မစိုရ် အသင်း၊ ဖြူစင်အသင်းများမှ ဆေးကုသမှုများ၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို လိုအပ် သလို ကူညီဆောင်ရွက်ပေး ခဲ့ကြောင်းကိုလည်း သိရသည်။ ငြိမ်းချမ်းရေးခရီးစဉ်တွင် ပါဝင် ဆင်နွှဲကြသူများကို လမ်း ကြောင်းတစ်လျှောက် မြို့နယ် တိုင်းမှ စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြခြင်း၊ နံနက်စာ ညစာ ကျွေးမွေးကြခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးကြခြင်း၊ သောက်ရေနှင့်ဖျော်ရည်များ လိုအပ်သလို တိုက်ကျွေးပေးကြ ခြင်းများရှိကြသည်။ အ၀တ် အစားအတွက် အဆင်ပြေစေရန် အတွက် လူမှုရေးအဖွဲ့အစည်း မျိုးစုံကလည်း တီရှပ်နှင့်ဘောင်းဘီ တူညီဝတ်စုံများ၊ လမ်းလျှောက် ဖိနပ်များကို အကြိမ်ကြိမ် ကူညီ ထောက်ပံ့ပေးခဲ့ကြသည်။ ခရီးစဉ် တွင် ပါဝင်သူများကလည်း ““ကျွန်တော်တို့ ရန်ကုန်ကနေ လိုင်ဇာကို လမ်းလျှောက်ရုံမျှနဲ့ ကျွန်တော် တို့ဟာ သူရဲကောင်းတွေဖြစ်သွား ချင်စိတ်မပေါက်သွားပါဘူး၊ ကျွန် တော်တို့ဟာ အားကိုးရလောက် တဲ့ သူရဲကောင်းတွေလည်း ဖြစ် မသွားဘူး၊ ကျွန်တော်တို့ဟာ သူတော်စင်တွေဖြစ်သွားဖို့လည်း မမျှော်လင့်စေချင်ဘူး၊ ကျိန်းသေ တာက ကျွန်တော်တို့ဟာ စက်ရုပ် တွေလည်း ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ခြေထောက် တွေနာကျင်ပေါက်ပြဲနေပါတယ်။ ကျွန်တော်တို့မျက်လုံးတွေ နီရဲ ကျိန်းစပ်နေပါတယ်။ ကျွန်တော် တို့ခန္ဓာကိုယ်ဟာလည်း ရာသီ ဥတုဒဏ်ကြောင့် ချမ်းတတ်ပါ တယ်။ ကျွန်တော်တို့မှာ အသွေး အသားတွေရှိနေတာပဲလေ။ ကျွန် တော်တို့ ခြေထောက်တွေဖူး ရောင်ပေါက်ပြဲပါစေ၊ ကျွန်တော် တို့မျက်လုံးတွေ နီရဲကျိန်းစပ်နေ စမ်းပါစေ၊ ကျွန်တော်တို့ ခန္ဓာ ကိုယ် တဆတ်ဆတ်တုန်နေစမ်း ပါစေ၊ ကျွန်တော်တို့ ရင်းနိုင်တာ ဒါပဲရှိတာကိုးဟု ဆိုခဲ့ကြသလို ဤခရီးစဉ်ကို စတင်သည့်နေ့မှ စ၍ ထဲထဲဝင်ဝင် အားစိုက်ကူညီ ပေးနေသော ဦးဝင်းချိုကလည်း ဒီလို ““သူတို့လိုင်ဇာကို လမ်း လျှောက်နေတယ်။ သူတို့ရဲ့ ကျန်း မာရေးအတွက်မဟုတ်ဘူး။ ကျန်း မာရေးအတွက်ဆိုရင် ကန်တော် ကြီးကိုပဲ တစ်ပတ်ပြီးတစ်ပတ် လျှောက်နေမှာပေါ့တဲ့။ သူတို့ ပညာရေးအတွက်မဟုတ်ဘူး။ ပညာတတ်ကြီးဖြစ်ချင်ရင် မြို့ပြ က မခွာဘဲ စာထဲစိတ်နှစ်ထား မှာပေါ့တဲ့။ လယ်သမား တွေရဲ့ အရေးအတွက်မဟုတ်ဘူး။ လယ်သမားတွေရဲ့အရေးဆိုရင် စပါးနှံကိုကိုင်ပြီး လမ်းလျှောက်မှာ ပေါ့။  အလုပ်သမား တွေရဲ့အရေးအတွက် မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ အရေးအတွက် ဆိုရင် သက်ဆိုင်ရာကိုပဲ အရေး ဆိုတော့မပေါ့…တဲ့။  နိုင်ငံရေးအကျဉ်းသားတွေအတွက် အရေးဆိုဖို့မဟုတ်ဘူး။ နိုင်ငံ ရေးအကျဉ်း သားတွေအတွက်ဆို ရင်တော့ သံခြေကျင်းခတ် လမ်း လျှောက်ကြမှာပေါ့တဲ့။  တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် သူတို့လိုင်ဇာကို လမ်း လျှောက်နေတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သူတို့လိုင်ဇာကို လမ်းလျှောက်နေ တယ်။ နိုင်ငံသားအားလုံး နိုင်ငံ သားအခွင့်အရေးရဖို့အတွက် သူတို့ဟာ ကျွန်တော့်သားသမီး တွေထက် ငယ်တယ်။ သူတို့ဟာ (၆၂)ကို မဖြတ်သန်းနိုင်ခဲ့ဘူး။ သူတို့ဟာ(၇၄)ကိုလည်း မမီခဲ့ဘူး။ သူတို့ဟာ (၈၈)တုန်းကမွေးကင်း စတွေ သူတို့ကို အားပေးမလား၊ ကန့်ကွက်မလား၊ ဆန့်ကျင်တိုက် ခိုက်မလား၊ နှောင့်ယှက်မလား၊ ထိန်းသိမ်းစောင့်ရှောက်ပေးမလား ဟု ရင်တွင်းဖြစ် စကားလုံးများ ပဲ့တင်ထပ်လျက် ပါ။

 

 

ဥယျာဉ်မှူး

,

No comments yet.

Leave a Reply

You must be logged in to post a comment.