မြေသိမ်းခြင်းများ နှင့် ပတ်သက်၍ အိုးအိမ်ဦးစီးဌာန အနေဖြင့် ရှေ့ထွက်ပေးရန် ဇေကမ္ဘာဦးခင်ရွှေ တောင်းဆို

February 12, 2013

Home, သတင်း

 

 

လတ်တလောအဖြစ်များ လျက်ရှိနေသော မြေသိမ်းမှုများ၌ အမှန်တကယ်သိမ်းသည့် မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အနေ ဖြင့် နောက်ကွယ်မှသာနေနေပြီး မိမိတို့သိမ်းကြောင်း ရှေ့ထွက်ပြ ခြင်းမရှိသည့်အတွက် ယင်းဌာနမှ လုပ်ပိုင်ခွင့်ပြန်ချပေးသော လုပ် ငန်းများအပေါ် ပြည်သူများမှ အထင်အမြင်လွဲမှား၍ မကျေနပ် ကြသဖြင့် အမှန်တကယ် မြေ သိမ်းသော အိုးအိမ်ဦးစီးဌာန အနေဖြင့် ရှေ့ထွက်ရပ်တည်ရန် ဇေကမ္ဘာကုမ္ပဏီ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်ရွှေက ပြည်သူ့လွှတ်တော် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် လုပ်ငန်းရှင်များ တွေ့ဆုံ ပွဲ၌ တောင်းဆိုပြောကြားခဲ့သည်။
““ခု နာမည်ထွက်တာက ဇေကမ္ဘာခင်ရွှေ မြေသိမ်းတယ်၊ ခရိုနီကြီး မြေသိမ်းတယ်၊ လွှတ် တော်အမတ်ကြီး မြေသိမ်းတယ် ဆိုပြီးပဲ  နာမည်ထွက်တယ်။ အမှန်တကယ်တော့ ဒေသခံတွေ က ကျွန်တော်တို့ပဲ သူတို့မြေကို မတရားသိမ်းတယ်၊ မတရားယူ တယ်ဆိုပြီးဖြစ်ကုန်ရော။ ကျွန် တော်တို့က အိုးအိမ်ဦးစီးဌာနက ပြန်ချပေးမှ လုပ်ငန်းလုပ်ရတာ ဒေသခံတွေက အိုးအိမ်ဦးစီးဌာန က တကယ်မြေသိမ်းတာ မသိ ဘူး။ နည်းနည်းဆို မြှောက်ပင့်နေ တဲ့သူတွေကြောင့် ကျွန်တော်တို့ပဲ မတရားမြေသိမ်းတယ်ဆိုပြီး ဖြစ် ရော…””ဟု ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေမှ သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် ပြီးခဲ့သည့်အပတ်၌ တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။
ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌမှ ဆက်လက်ပြောကြားရာ၌ ယင်း သို့ မြေကိစ်္စများနှင့်ပတ်သက်၍ မိမိတို့အား အကြောင်းမဲ့ ရည်ရွယ် တိုက်ခိုက်နေသော လယ်သမား များအား လှုံ့ဆော်နေသော ဦးနေ မျိုးဝေ၊ ဦးဝင်းချိုတို့အား သက် ဆိုင်ရာမှ  မည့်သည့်အတွက် ကြောင့် ထိန်းချုပ်အရေးယူခြင်း မရှိရကြောင်းနှင့် မိမိတို့သည် တရားဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသည်ဖြစ် ရာ ယင်းသို့ ဥပဒေနှင့်အညီ လုပ် ဆောင်နေသည့်ကြားက လှုံ့ဆော် သူအချို့ကြောင့် ပြဿနာများ ဖြစ်ပွားရသည်မှာ သက်ဆိုင်ရာ ဌာနအချို့၏ တရားဥပဒေစိုးမိုး ရေး ဆောင်ရွက်ချက်အားနည်းမှု ကြောင့် ထပ်လောင်းပြောကြား သွားခဲ့သည်။

 

   ခန့်ခန့်(ဒဿနိက)

,

No comments yet.

Leave a Reply

You must be logged in to post a comment.