ခြစားသောတရားရေးဝန်ထမ်းများက မီဒီယာများမှ ပူးပေါင်းဖော်ထုတ်ရန် လွှတ်တော်တရားစီရင်ရေးကော်မတီတိုက်တွန်း

February 12, 2013

Home, သတင်း

 

 

ခြစားသော တရားရေး ၀န်ထမ်းများကြောင့် မိဘပြည်သူ များ နစ်နာမှုမရှိစေရန်၊ အဂတိ မကင်းသော တရားစီရင်မှုများ ကြောင့် မှန်ကန်သူဘက်မှ နစ်နာ ၍ ငွေပေးနိုင်သူများဘက်မှ အသာစီးအနိုင်ရခြင်းမျိုး မပျောက် ရန်အတွက် သတင်းမီဒီယာများမှ ဖော်ထုတ်ပေးရန်နှင့် ယင်းသို့ ဖော်ထုတ်ပေးမှသာ အဂတိကင်း ၍ သတင်းမီဒီယာများမှ ဖော် ထုတ်ပေးရန်နှင့် ယင်းသို့ ဖော် ထုတ်ပေးမှသာ အဂတိကင်း၍ သန့်ရှင်းသော တရားစီရင်ရေး ဖြစ်လာမည်ဖြစ်ပြီး လက်ရှိ တရားရေးမဏ္ဍိုင်အပေါ် လူထု၏ မယုံကြည်မှုများ ပပျောက်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်တရားစီရင်နှင့် ဥပဒေရေးရာ ကော်မတီကိုယ်စား ဥက္ကဋ္ဌသူရ ဦးအောင်ကိုက ပြောကြားလိုက် သည်။
““လက်ရှိမှာ ပြည်သူတွေက သူတို့ရဲ့ မတရားခံရမှုတွေကို ကျွန် တော်တို့ ကော်မတီကို လာတိုင် တယ်။ တင်ပြတယ်။ ဒါပေမဲ့ ဒါ တွေဟာ ထိရောက်တယ်လို့ သူ တို့တွေခမျာ ခံစားရရှာတယ်။ ဘာလို့ဆိုတော့ နစ်နာတဲ့ပြည်သူ တွေအတွက် တကယ်အကျိုးရှိ လာဖို့နဲ့ သန့်ရှင်းပြီး တရားမျှတတဲ့ တရားစီရင်ရေးဖြစ်လာဖို့ သတင်း မီဒီယာတွေကို အားကိုးရမှာပဲ။ မီဒီယာတွေက အကျင့်ပျက် လာဘ်စားတဲ့ တရားသူကြီးတွေ၊ တရားရေးဝန်ထမ်းတွေကို Hight Lightလုပ်ရမယ်။ ပြီးတော့ အဂတိနဲ့ပတ်သက်ပြီး နာမည်ကြီး တဲ့ တရားရုံးတွေကို အားလုံးသိ အောင် တင်ပြရမယ်။ အဲသလို ပြည်သူအတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဖော်ထုတ်ကူညီတဲ့အခါ မှာလည်း အဟန့်အတားမရှိလုပ် နိုင်အောင် ဥပဒေမှာ ထည့်သွင်း ဖို့လည်း စီစဉ်နေပါတယ်””ဟု ပြည် သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌက ပြောကြား သွားသည်။
လက်ရှိအနေအထားအရ လွှတ်တော်တရားစီရင်ရေး ကော် မတီသို့ ပြည်သူအများစု တင်ပြ တိုင်ကြားသော တိုင်စာများမှာ တရားမမှုများအများဆုံးဖြစ်ပြီး အချို့သော မတရားမှုများမှာ မှန် ကန်သူဘက်မှ ငွေကြေးအင်အား နည်းပါးခြင်း၊ အမှုပွဲစားများ၏ ကိုယ်ကျိုးရှာကြားဖြတ် အမြတ် ထုတ်ခြင်း၊ အဂတိမကင်းသော တရားရုံးအချို့၏ ဘက်လိုက် သောစီရင်မှုများကြောင့် မတရား သဖြင့် ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။

 

ခန့်ခန့်(ဒဿနိက)

,

No comments yet.

Leave a Reply

You must be logged in to post a comment.