ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန(ငြိမ်း)၀န်ထမ်းများစုပေါင်းကာ ၁၂.၂.၂၀၁၃ ရက်နေ့တွင် နှစ်ကြိမ်မြောက် တွေ့ဆုံပွဲအား ရန်ကုန်မြို့သခင်မြပန်းခြံအနီး Western Park Restaurant စာသောက်ဆိုင်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်.အဆိုပါတွေ့ဆုံပွဲတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဒုညွှန်ကြားရေးမှုး(ငြိမ်း) ကြေးတိုင်နှင့်မြေစာရင်းမိသားစုလူမှုရေးအသင်း၏ ဥက္ကဌဖြစ်သူ ဦးဝင်းထွန်းရီ အား ၄င်းတွေ့ဆုံပွဲနှင့်ပတ်သက်၍မေးမြန်းရာတွင် “၁၉၅၈ ခုနှစ်ကတည်းက လုပ်လာတဲ့ ဆရာတွေလည်းပါတယ်… ယနေ့ထက်ထိ အငြိမ်းစားဝန်ထမ်းတွေ အကုန်လုံး ဒီမှာဆုံကြတယ်ဗျာ… တစ်ချို့ဆိုရင်လည်း တစ်ခြားဌာနတွေရောက်ပြီး..ဒီမှာဆုံကြတယ်ဒါကြောင့်ဒီပွဲလေးဟာ ပေါင်းစည်းတဲ့ပွဲလေးပါပဲ ပြီးခဲ့တဲ့နှစ်ကလည်း ပြည်ထောင်စုနေ့မှာပဲလုပ်ပါတယ်..ဒီပွဲလေးကိုအ ဓိက ဖြစ်မြောက်အောင်လုပ်တာကတော့ ဦးမန်းစိုးဟန်ကနေပြီးတော့ founder လုပ်ပေးလို့ဖြစ်လာတာပါဒီပွဲလေးဖြစ်လာတာက ၂၀၁၁ မေလမှာ တိုက်ကြီးဗဟိုမြေစာရင်း ဖွံဖြိုးမှု လေ့ကျင့်ပညာပေးသင်တန်းကျောင်း မှာ ဦးမန်းစိုးဟန် ညွှန်ကြားရေးမှုးတာဝန်ယူတဲ့အချိန် အဲ့ဒီအချိန်ကစပြီးတော့ သူက စုဆောင်းပြီး ရံပုံငွေကို ထည့်လာတာပါ…ရံပုံငွေနဲ့ပတ်သက်ပြီးအလှုခံလို့ရတဲ့အခါကြမှ ကြေးတိုင်နှင့်မြေစာရင်းလူမှုရေး အသင်းကိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စလုပ်တာပါ…ဒီအသင်းကို ၂၀၁၁ နိုဝင်ဘာလ ၉ ရက်မှာစဖွဲ့တယ် အခု၂၀၁၃ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ တရားဝင်မှတ်ပုံတင် ၂၀၅၁/၂၀၁၃ နဲ့ တရားဝင်ကျလာတယ်..လာမဲ့နှစ်တွေလည်း လုပ်ဖို့ရန်အတွက်ရည်ရွယ်ထားပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သက်ကြီးပူဇော်ပွဲ လုပ်တယ် အသက် ၇၅ နှစ်အထက်လူကြီးတွေနဲ့ပြုလုပ်မယ် လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့ အရာရှိအဆင့်တွေသာမကပဲ တခြားအဆင့် ပုဂ္ဂိုလ်တွေလည်းပါပါတယ် အဓိကရည်ရွယ်ချက်ကတော့…ကျွန်တော်တို့ကြေးတိုင်နဲ့မြေစာရင်းဆိုတာကို မြန်မာနိုင်ငံမှာ ထင်ထင်ပေါ်ပေါ် ခေတ်အဆက်ဆက် ဘယ်တုန်းကမှ မရှိခဲ့ဘူး ကျွန်တော်တို့လည်း နိုင်ငံ့တာဝန်ထမ်းဆောင် တယ်ယနေ့ ပြဿနာတက်နေတဲ့ အိုးအိမ်လယ်ယာမြေ တွေအတွက် တစ်စုံတစ်ရာ ဖြေရှင်းနိုင်သလို ကြေးတိုင်နှင့်မြေစာရင်း ဌာန ဆိုတာ ပြည်သူတွေ အနေနဲ့ ရှိပါသေးလားဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတာပေါ့”..ဟုရည်ရွယ်ချက်အားပြောပြပါသည်။အစည်းအဝေးသို့ …ဖိတ်ကြားထားသည့် ပုဂ္ဂိုလ် ၂၀၀ နီးပါးခန့် တက်ရောက်ကြောင်း သိရှိရပါသည် ။
စိုးဝင်းနိုင်



Vol-3,No-140
Vol-3,No-139
Download
February 12, 2013
Home, သတင်း