
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်နှစ်ကျပ် ခွဲကျေးရွာတွင် လျှပ်မီးလင်းရေး အတွက် လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်သွယ်တန်းရာတွင် ယခင် က ကိုယ်ထူကိုယ်ထငွေအကုန်ခံ ပြီး ပြုလုပ်ထားသည့်လျှပ်စစ်ဓာတ် ကြိုးများ ကျေးရွာသားတို့၏ခွင်ပြု ချက်မယူပဲအတင်းအဓမ္မ၀င်ရောက် သွယ်တန်းရာမှ နှစ်ကျပ်ခွဲကျေးရွာ မှ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ပန်း တောင်းမြို့နယ်ရဲများ လျှပ်စစ်ဝန် ကြီးဌာနမှတာဝန်ရှိသူများမှာ ပဋိ ပက္ခအသွင်ဆောင်သည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့ကြောင်း MJN ရုံး ခန်းတွင်ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါသတင်းစာရှင်းလင်း ပွဲတွင် ကိုယ်ထူကိုယ်ထလျှပ်စစ် မီးလင်းအောင်ပြုလုပ်ထားပြီးမှ ယခုအစိုးရသစ်လက်ထက်တွင် ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက်ရာ၌ ယခင်က မိမိတို့ အကုန်ကျခံသွယ်တန်းထားသည့် လျှပ်စစ်မီးများကို မိမိတို့အား မညှိနှိုင်းပဲ အတင်းအဓမ္မသွယ်တန်း ကြကြောင်း သတင်းစာရှင်းလင်း ပွဲသို့ကြွရောက်လာသည်ဆရာ တော်တစ်ပါးကမိန့်ကြားသည်။
“၂၉.၁.၂၀၁၃ ရက်နေ့ နံနက် (၁၀း၄၅) မှာ မန္တလေး တိုင်းဒေသကြီး (စက်မှုနှင့် လျှပ်စစ်) ၀န်ကြီးဒေါက်တာမြင့်ကြူနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်း၊ တိုင်းသာသနာ ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်သာသနာ ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်သာသနာရေးမှူးအပါအ၀င် ကျောက်ပန်းတောင်းမြို့နယ်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဦးတိုင်း အေး (ကြံ့ခိုင်ရေး) တို့နှင့် အတူ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀၀) ကျော်၊ လျှပ်စစ်ဝန်ထမ်း (၃၀) ကျော်က အတင်းအဓမ္မ၀င်ရောက်ပြီးတော့ ဘုန်းဘုန်းတို့ကိုယ်ထူကိုယ်ထလုပ် ဆောင်ထားတဲ့ လျှပ်စစ်မီးတွေကို ၀င်ရောက်လုယူကြပါတယ်”ဟု ကျောက်ပန်းတောင်းမြို့နယ်နှစ်ကျ ခွဲကျေးရွာကိုယ်ထူကိုယ်ထမီးလင်း ရေးကော်မတီစာနယ်ဇင်ရှင်းလင်း ပွဲသို့တက်ရောက်လာသည် နှစ်ကျပ်ခွဲရွာဘုန်တော်ကြီးကျောင်း မှဆရာတော်တစ်ပါးက မိန့်ကြား ခဲ့သည်။
အဆိုပါလျှပ်စစ်မီလင်းရေး နှင့် ပတ်သက်ပြီး အစိုးရအာဏာ ပိုင်များနှင့် ဒေသခံပြည်သူတို့ ပြဿသနာဖြစ်ပွားခဲ့ရခြင်းမှာ အစိုးရဘက်မှ မီးလင်းရေးစီမံချက် ဖြင့်လုပ်ဆောင်ခြင်းဖြစ်သော်လည်း ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် ဓာတ်တိုင်များမှာ အလွယ်တကူး သွယ်တန်းရာတွင် ပြည်သူများ အား ညှိနှိုင်းမှုမပြုလုပ်ပဲ အင်အား သုံးပြီးလုပ်ဆောင်ခြင်းကြောင့် အသေးစားပြဿနာအဆင့်မှ ပဋိပက္ခအသွင်အထိပြောင်းလဲ သွားခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
မျိုးမြင့်



Vol-3,No-141
Vol-3,No-140
Download
February 10, 2013
Home, သတင်း