
ဇန်န၀ါရီလ ၄ ရက်နေ့တွင် အဖွဲ့ဝင် ၆ ဦးဖြင့် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ဖြစ်ပေါ်လာရေး ကိုအားထုတ်ခဲ့ပြီးနောက်ဖေဖော် ၀ါရီ ၆ ရက်နေ့တွင် အထက်ပါ ဖြစ်မြောက်ရေးကော်မတီတွင် ကိုယ်စားလှယ် ၂၅ ဦးရွေးချယ် သတ်မှတ်ရန်နှင့် တိကျသော တာဝန်များခွဲဝေလုပ်ဆောင်ရန် မန္တလေးမြို့တွင် ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်ဟုဆိုသည်။
သို့သော်တစ်နိုင်ငံလုံးအတိုင်း အတာအရ စုစည်းနိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်း/ပြည်ပ မှ ရဲဘော်ဟောင်းများအားလုံးပါ ၀င်နိုင်ရေးအတွက်လည်းကောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြ၀တီမင်ကြီး ကျောင်းတိုက် (မန္တလေး) ၌ ဆွေးနွေးတိုင်ပင် ညှိနှိုင်းဖွဲ့စည်းမည်ဖြစ်သည်။ဇန်န၀ါရီ ၄ ရက်နေ့က ဖွဲ့စည်း ထားသော ABSDF ရဲဘော်ဟောင်း များအစည်းအရုံးကို ဖျက်သိမ်း ကြောင်းနှင့် တပ်မံဖွဲ့စည်း မည့်ပိုမို ပြည့်စုံကျယ်ပြန့်သောကော်မတီက သင့်တော်သောအချိန်တွင်သတင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီယာယီ မှ ကိုရဲလင်းကရှင်းလင်းပြော ပြခဲ့ပါသည်။
ဖွဲ့စည်းရခြင်း၏ ရည်ရွယ် ချက်များကို ကိုရဲလင်းက ပြောပြခဲ့ ရာတွင် အချို့ရဲဘော်ဟောင်းများ နှင့် မိသားစုများဘ၀များမှာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပျက်စီး ခဲ့ရမူများ၊ ၎င်းတို့ရဲ့လူမှုဘ၀များ ပြန်လည်မြှင့်တင်ပေးပြီး နိုင်ငံတော် အစိုးရအပါအ၀င်ဒီမိုကရေစီအင်အား စုများနှင့် လက်တွဲပြီးတိုင်းပြည် အကျိုးစီးပွားတည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက် ရန်ဖြစ်ကြောင်း သိရသည်။
ဥယျာဉ်မှူး



Vol-3,No-140
Vol-3,No-139
Download
February 10, 2013
Home, သတင်း