
နိုင်ငံတော်သမ္မတရုံးက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရ သော နိုင်ငံရေးအကျဉ်းသားများ ကို ပြန်လည်လွှတ်ပေးနိုင်ရေး အတွက် စိစစ်ဆောင်ရွက်ရန် လက်ကျန်နိုင်ငံရေးအကျဉ်းသား များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ဦး စိုးသိန်းကို ဆောင်ရွက်စေပြီး အစိုးရ၀န်ကြီးဌာနများမှ ကိုယ် စားလှယ်များ၊ အရပ်ဘက်လူမှု ရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် နိုင်ငံရေးပါတီအချို့ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ရန် ယခုလ (၆)ရက် က ညွှန်ကြားခဲ့ကြောင်း သိရ သည်။
ယခင်က နိုင်ငံရေးအကျဉ်း သားများ (Political Prisoners) ဟု ခေါ်ဝေါ်ခဲ့ပြီးနောက်ပိုင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (Prisoners of Conscience)ဟု ပြောင်းလဲခေါ် ဝေါ်ခဲ့ရာ ထိုစကားရပ်အပေါ် အမြင်မတူမှုများလည်း ရှိခဲ့ကြ သည်။ အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်း ဆိုခဲ့ပြီးနောက် (၁၄-၁-၂၀၁၃) ရက် ပြည်ထဲရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထဲရေးပြည်ထောင်စု ၀န်ကြီးက “ယုံကြည်ချက်ကြောင့် လုပ်တယ်ဆိုတဲ့နေရာမှာ ယုံ ကြည်ချက်ကြောင့် လူသတ်တယ် ဆိုရင်၊ ကိုယ်ယုံကြည်တိုင်းသာ လျှောက်ပြီးလုပ်နေမယ်ဆိုရင် ရာဇ၀တ်မှုတွေအများကြီးဖြစ်ကုန် မှာပါ။ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုပြစ်မှုကျူးလွန်သူတွေကို အရေးယူတဲ့နေရာမှာ တည်ဆဲ ဥပဒေကို ချိုးဖောက်လို့ အရေး ယူရတာပါ”ဟု ပြောကြားခဲ့ဖူး သည်။
လက်ကျန်နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီ အနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့် ပြုခြင်းဆိုင်ရာ သတ်မှတ်ချက် များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေးအကျဉ်းသားများကို စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ် တွေ့ရှိချက်များကို နိုင်ငံတော် သမ္မတထံ တင်ပြရမည်ဖြစ်သော ကြောင့် အစိုးရအနေဖြင့် နိုင်ငံ ရေးအကျဉ်းသားများရှိကြောင်း ကို လက်ခံလိုက်သကဲ့သို့ ဖြစ်သွား ပြီဖြစ်ကြောင်း သိရသည်။
အောင်ထွန်း



Vol-3,No-144
Vol-3,No-143
Download
February 10, 2013
Home, သတင်း