
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုး ရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ် အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီ တွင် ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့်ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ လက်ဖက်ရည်ဆိုင်၌ပင် လက် ထိပ်ခတ်၍ ကန်ကျောက်ခဲ့ ကြောင်း စုံစမ်းသိရှိရသည်။
““ကျွန်တော်က ဘာလို့ ဖမ်း တာလဲ၊ ဘာကြောင့် လက်ထိပ် ခတ်တာလဲဆိုတော့ ရဲတပ်သား ဇော်ခင်က မင်းကို တိုင်ထားတဲ့သူရှိလို့ ဖမ်းတာဆိုပြီး ကျွန်တော့်ညာခြေထောက်ကိုတစ် ချက် ကန်တယ်။ ပြီးတော့ ကျွန် တော်နေတဲ့ ရပ်ကွက်မဟုတ်တဲ့ ကြီးပွားရေးရပ်ကွက်ရုံးကို ခေါ် သွားတယ်။ ပြီးတော့ ကျွန်တော့် ကို သူတို့က မင်းတို့ရပ်ကွက်ထဲမှာ နှစ်လုံး၊ သုံးလုံး ရောင်းစားသူတွေ၊ ခါးပိုက်နှိုက်၊ သူခိုးပြစ်မှု ကျူးလွန် သူများကို သတင်းပေးရမယ်။ ငါတို့ ငွေကြေးထောက်ပံ့ပေးမယ် လို့ ပြောတယ်””ဟု မောင်သက္ကက ပြောသည်။
ယခုကဲ့သို့ ပြုလုပ်ခဲ့သူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့ကို ဖမ်းဆီးထားပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ ““အဓိကက တော့ တရားဥပဒေစိုးမိုးမှုမရှိတာ ပဲ။ ဒီလိုမျိုးပြဿနာတွေက မရှိ သင့်တော့ပါဘူး။ အဲဒါကို လူမြင် ကွင်းမှာ လက်ထိပ်ခတ်ပြီး ဖမ်း တယ်။ ရဲသတင်းပေး လုပ်ခိုင်း တယ်။ ဒါမျိုးတွေက တရားဥပဒေ စိုးမိုးရေးမရှိလို့ ဖြစ်ရတာပါ””ဟု အဆိုပါဖြစ်စဉ်အား လိုက်ပါ ကူညီဆောင်ရွက်ပေးသူ ကိုမင်း မင်းကပြောသည်။
ဘိုဘိုမင်း



Vol-3,No-141
Vol-3,No-140
Download
February 10, 2013
Home, သတင်း