
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင်းမှ စေတနာ ရှင်များ ပူးပေါင်းရန် “မြင့်မြတ် ပါရမီ” မျိုးဆက်သစ်စွမ်းရည် မြှင့် တင်ရေး ဖောင်ဒေးရှင်းထူထောင် ဖြစ်ခဲ့ကြောင်း သိရသည်။
ထိုဖောင်ဒေးရှင်း၏ လုပ်ငန်း ရည်ရွယ်ချက်မှာ အနာဂတ်မျိုး ဆက်သစ်များ ယဉ်ကျေးလိမ္မာ ထူးချွန်ထက်မြက်သော လူ ကောင်းလူတော်များ ပေါ်ထွန်း လာစေပြီး ပရဟိတစိတ်ဓာတ် ခိုင်မာရန် လောကအကျိုးဆောင် ရွက်ကာ အမျိုးဘာသာ သာသနာ ကို ထိန်းသိမ်းစောင့်ရှောက်တတ် စေရန် အသိပညာ၊ အတတ်ပညာ တတ်မြောက်ပြီး ကိုယ်စွမ်းရည်၊ ဉာဏ်စွမ်းရည် ဖွံ့ဖြိုးစေရန် မိမိ ကိုယ်ကို တာဝန်ယူတတ်သော စိတ်ဓာတ်ဖြင့် ဗြဟ္မာစိုရ်တရား ထွန်းကားသော လူ့ဘောင်လောက အဖြစ် အလှဆင်ရှင်သန်နေထိုင် နိုင်ရန် ရည်ရွယ်ပါကြောင်း သိရ သည်။
မြင့်မြတ်ပါရမီမှ ယဉ်ကျေး လိမ္မာသင်တန်းများ၊ ကလေး အထူးတရားပွဲများ၊ စိတ်ဓာတ် ပြုပြင်မြှင့်တင်ရေး ဆွေးနွေးဟော ပြောပွဲများ၊ နိုင်ငံအကျိုးပြုလုပ် ငန်းများကို အဓိကဆောင်ရွက် သွားမှာဖြစ်ပြီး ပညာဒါန ကူညီ ထောက်ပံ့ခြင်းများလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
““ကျွန်တော်တို့အဖွဲ့က အပတ်စဉ် တွံတေးမြို့ကိုသွားပြီး တွံတေးမင်္ဂလာကျောင်းမှာ ၉ တန်းနဲ့ ၁၀ တန်းကလေးတွေကို အခမဲ့ပညာသင်ပေးပါတယ်။ ပညာသင်ထောက်ပံ့ကြေးအနေနဲ့ မကွေးဆေးတက္ကသိုလ်မှ ပညာ သင်ကြားနေသူတစ်ဦးနဲ့ ရန်ကုန် ဆေးတက္ကသိုလ်(၂)မှာ ပညာ သင်ကြားနေသူတစ်ဦးတို့ကို လောလောဆယ် ပညာဒါနပြု နေပါတယ်။ နောက်ထပ် အလှူ ရှင်တွေ ပိုများလာရင် ပရဟိတ လုပ်ငန်းတွေ ဒီထက်ပိုလုပ်လာနိုင် မှာပါ””ဟု မြင့်မြတ်ပါရမီရှင် ဖောင်ဒေးရှင်းက ဦးအောင်နန္ဒထွန်းက ပြောသည်။
မြင့်မြတ်ပါရမီဖောင်ဒေးရှင်း ၌ လူအားငွေအား နည်းပညာ အားများဖြင့် ပူးပေါင်းနိုင်ပြီး အသင်းဝင်လိုလျှင် တစ်လ(၁၀၀၀) ကျပ်နှုန်းဖြင့် ပါရမီဖြည့် ကုသိုလ် ပြုနိုင်ကြောင်း သိရသည်။
အလှူရှင်များ ဆက်သွယ် လှူဒါန်းလိုပါလျှင် အင်းစိန်မြို့ နယ်လုံးဆိုင်ရာ ပူးပေါင်းဆွမ်း လောင်းအသင်း(မိုဘိုင်းလ်)ရုံး အောက်မင်္ဂလာဒုံလမ်းမကြီး ရွာမ အရှေ့အင်းစိန်ဖြစ်ပြီး ဖုန်းဖြင့် ဆက်သွယ်လှူဒါန်းလိုပါက ရှင် စန္ဒာသီရိ ၀၉-၄၄၈၀၁၀၂၈၅၊ ဦးသူရိန်ထွန်း ၀၉-၄၃၀၃၃၄၂၃၊ ဦးကျော်မျိုးထွန်း ၀၉-၇၃၀၉၄၅၄၄ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒေါင်းအ၀ါ



Vol-3,No-141
Vol-3,No-140
Download
February 10, 2013
Home, သတင်း