
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်NLD နိုင်ငံရေးအကျဉ်း သား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာပြည်) AAPP ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့FPPS တို့ ပူးပေါင်းစီစဉ်မှု ဖြင့် နိုင်ငံရေးအကျဉ်းသားများ (လက်ရှိ)နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းများ၏ ရင်သွေးသား၊ သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ NLD နာယက ကြီးများဖြစ်ကြသော ဦးဝင်းတင်၊ ဦးတင်ဦး၊ AAPP ခေါင်းဆောင် များ ဖြစ်ကြသော ကိုတိတ်နိုင်၊ ကိုဘိုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းဇေယျ၊ နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ နိုင်ငံရေးအ ကျဉ်းသားဟောင်းများနှင့် ၎င်းတို့ ၏ မိသားစုများ၊ သားသမီးများ စုံညီစွာ တက်ရောက်ခဲ့ကြပါ သည်။
ထို့နောက် အခမ်းအနား အစီအစဉ်အရ AAPP အတွင်း ရေးမှူး ကိုတိတ်နိုင်၊ NLD နာယ ကကြီးဦးတင်ဦး၊NLD နာယက ကြီး ဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းဇေယျတို့က ပရိတ်သတ်ကို စကားပြောကြား ခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသား (ထောင်တွင်း/လွတ်) များ၏ သားသမီး ၁၂၉ ဦးတို့အား ပညာ သင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၁၂၉ သိန်းကို ခွဲဝေ လှူဒါန်းပေးခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက် ရေးအသင်း(မြန်မာပြည်)သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံ ရေးအကျဉ်းသားများ၏ ထောင် အတွင်း စားဝတ်နေရေးဒုက္ခများ ကို နှစ်ပေါင်းများစွာကပင် အကူ အညီပေး ဆောင်ရွက်လျက်ရှိ သည်။ AAPP ၏ အဓိကဆောင် ရွက်မှုများတွင် နိုင်ငံရေးအကျဉ်း သားမိသားစုများကို ထောင်ဝင် စာသွားတွေ့နိုင်ရန် ကူညီဆောင် ရွက်ပေးခြင်း၊ လိုအပ်သော ဆေး ၀ါးအစားအစာ ကူညီပံ့ပိုးပေး ခြင်း၊ အကျဉ်းထောင်များ၏ အခြေအနေများကို မျက်ချည် မပြတ်စောင့်ကြည့်စစ်ဆေးနေခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အစဉ် တစိုက် ဆက်သွယ်ဆောင်ရွက် နေခြင်း၊ နိုင်ငံရေးအကျဉ်းဟောင်း များ၏ ဘ၀ပြန်လည်ထူထောင် ရန် ဖေးမကူညီခြင်းများကို ဆောင်ရွက်နေသော ပြည်ပ အခြေစိုက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဥယျာဉ်မှူး



Vol-3,No-141
Vol-3,No-140
Download
February 10, 2013
Home, သတင်း