ထိန်းသိမ်းရန်လိုအပ်နေသည့် စစ်ကိုင်းရွှေမင်းဝံရပ်ကွက် ရှေးဟောင်းပေါ်တော်မူဘုရားများ

February 10, 2013

Home, သတင်း

 

 

စစ်ကိုင်းမြို့ရွှေမင်းဝံရပ်ကွက်၊ သုခ၀ဟပေါ်တော်မူဘုရားတွင် တည်ရှိနေသည့်ရှေးဟောင်းယဉ် ကျေးမှုအနုပညာနံရံဆေးရေးပန်း ဆီလက်ရာများနှင့် ရှေးဟောင်း စေတီတော်များအား ခေတ်မီနည်း စနစ်ဖြင့် စနစ်တကျထိန်းသိမ်းပေး ရန် လိုအပ်နေကြောင်း သိရသည်။
ရွှေမင်းဝံရပ်ကွက်သုခ၀ဟ  ပေါ်တော်မူဘုရားစုရှိရှေးဟောင်း  ဗောဇန၀ိဟာရဘုရားနှင့် ခြေတော်  ရာပါဒစေတီတော်တို့၏ အတွင်း   လိုဏ်ဂူများတွင် ညောင်ရမ်းခေတ် နှင့် ကုန်းဘောင်ခေတ်ဦးလက်ရာ  ဟု ယူဆရသော နံရံဆေးရေးပန်း ချီလက်ရာမွန်များ တည်ရှိနေသည်။  ထိုအပြင်ဗောဇန၀ိဟာရဘုရား လိုဏ်အတွင်းတွင် ရှားပါး၍ ဖူးမြင်ခဲလှသည့် သပိတ်ပိုက်ပတ္တ မုဒြာဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရဟန္တာ-၄ဆူ၏ ပုံတော်တို့ကို ဖူးတွေ့ရပေသည်။ ယခင်က ထိုရှေးဟောင်းစေတီတော်များမှာ လူသူအရောက်အပေါက်နည်းပါး သဖြင့် သစ်ပင်ချုံနွယ်များ ဖုံးလွှမ်း ကာ တိမ်မြှုပ်နေခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် မြို့ပြကွက်သစ်များနေ ရာချထားပေးခဲ့ရာမှ သစ်ပင်ချုံ နွယ်များ ဖုံးလွှမ်းနေသည့် ရှေး ဟောင်းဘုရားများကို တွေ့ရှိခဲ့ကြ ပြီး ပြန်လည်ရှင်းလင်းပြုပြင်ခဲ့ကြ ခြင်းဖြစ်သည်။ ထိုရှေးဟောင်းစေ တီတော်များသည် ညောင်ရမ်း ခေတ်၊ သာလွန်မင်းတရားကြီး လက်ထက်သက္ကရာဇ်-၁၀၀၀ ၀န်းကျင်ခန့်တွင် ထင်ရှားတော်မူ ခဲ့သည့် တိပိဋကပုဂ်္ဂိုလ်ကျော် တောင်ဖီလာဆရာတော်ကြီးနှင့် ဆက်စပ်သည့်စေတီဘုရားများဟု  ယူဆကြသည်။ ရှေးဟောင်းပေါ် တော်မူဘုရားများ၏ အရှေ့ဘက်  မနီးမဝေးတွင် ကုန်းဘောင်ခေတ် ဦးဆင်ဖြူရှင်မြေဒူးမင်းကိုးကွယ် တော်မူသည့် ကြက်သွန်ခင်းဆရာ တော်ကြီးတောရဆောက်တည်သီ တင်းသုံးတော်မူခဲ့ရာတောရဇေတ ၀န်ရွှေကျောင်းတော်ရာတည်ရှိ သည်။ ဗောဇန၀ိဟာရဘုရားလိုဏ် ဂူအတွင်းမှ နံရံဆေးရေးပန်းချီ လက်ရာမွန်များကို ညောင်ရမ်း ခေတ်လက်ရာဟုလည်းကောင်း၊ ခြေတော်ရာပါဒစေတီတော်လိုဏ် ဂူအတွင်းရှိ နံရံဆေးရေးပန်းချီလက်  ရာများကို ကုန်းဘောင်ခေတ်ဦး လက်ရာများဟုလည်းကောင်းယူ ဆကြသည်။ အဆိုပါ နံရံဆေးရေး ပန်းချီလက်ရာမွန်များသည် စစ်ကိုင်း  တောင်ရိုးရှိနာမည်ကျော်တိလော ကဂရုလိုဏ်ဂူနှင့် လောကမှန်ကင်း  လိုဏ်ဂူတော်တို့မှ ရှေးဟောင်းနံရံ  ဆေးရေးပန်းချီလက်ရာများနှင့် နှိုင်းယှဉ်လေ့လာနိုင်ပေသည်။ လောကမှန်ကင်းလိုဏ်ဂူတော်ရှိ လက်ရာများထက်အခြေအနေ  ပိုမိုကောင်းမွန်နေသည်ကို တွေ့ရ သည်။ ဗောဇန၀ိဟာရလိုက်ဂူအတွင်း  မှ နံရံဆေးရေးပန်းချီများမှာ ဂေါတမဘုရားရှင်၏ မဟာဗုဒ္ဓ၀င် နိပါတ်တော်များကို ရေးဆွဲသရုပ် ဖော်ထားသည်။ ခြေတော်ရာ ပါဒစေတီတော်အတွင်းတွင် လူ၊ နတ်၊ ဗြဟ္မာများက ပန်းပွင့်ပန်းခိုင်၊ တံခွန်၊ ကုက္ကား၊ မုလေးပွားတို့ဖြင့်  ပူဇော်နေကြဟန်နှင့် အထက်ဘက် တွင် နှစ်ကျိပ်ရှစ်ဆူသော ဘုရား ရှင်တို့အား ပွင့်တော်မူရာဗောဓိ  ပင်များနှင့်တကွ ရေးဆွဲပူဖော်ထား  သည်ကို တွေ့ရှိလေ့လာနိုင်ပေ သည်။
ရွှေမင်းဝံရပ်ကွက်ရှေးဟောင်း  ပေါ်တော်မူဘုရားများသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် ရဟန္တာသိမ်တော်ကြီးအနည်းငယ်  ပျက်စီးခြင်း၊ စေတီတော်အတွင်း ရှိရှေးဟောင်းနံရံဆေးရေးပန်းချီ အချို့အက်ကွဲခြင်းဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။
အခြေအနေများစွာကောင်း မွန်နေသေးသည့်ရှေးဟောင်းအနု ပညာလက်ရာမွန်နံရံဆေးရေးပန်း ချီများအား ပိုမိုပျက်စီးယိုယွင်းများ  မရှိစေရန် ခေတ်မီနည်းစနစ်များ ဖြင့် ထိန်းသိမ်းပေးရန်လိုအပ်နေ ကြောင်း ခြေတော်ရာပါဒ စေတီ တော်မှာလည်း မြေကျွံမှုကြောင့် အနည်းငယ်တိမ်းစောင်းမှုဖြစ်နေ သည်ကို ထိန်းသိမ်းသင့်ကြောင်း  ရှေးဟောင်းစေတီများနှင့် ယဉ်ကျေး  မှုလက်ရာမွန်များတည်ရှိရာနေရာ ၀န်းကျင်တွင် အခြားသော အဆောက်အဦးသစ်များ တိုးချဲ့  ဆောက်လုပ်ခြင်းမပြုလုပ်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီတားမြစ်သင့်ကြောင်း ပြော ဆိုလျက်ရှိကြသည်။

 

နန္ဒာမင်းလွင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.