
မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊မြို့သစ်မြို့နယ်၊လယ်ပြင်သာ ရပ်ကွက်၊ကြယ်န်ီဆေးလိပ်ခုံဟောင်း ဦးခင်မောင်လေး၏ နေအိမ်သို့ (၈၈)မျိုးဆက်သစ် ကျောင်းသား များ ၁၄ဦးပါအဖွဲ့သည် (၇.၂. ၂၀၁၃)ရက် နံနက်(၇း၃၀)အချိန် ရောက်ရှိလာပြီး နံနက်(၈း၄၀) အချိန်ဆွေးနွေးဟောပြောပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ ၎င်းအခမ်းအနားတွင် ကိုဂျင်မီမှာ မိတ်ဆက်စကားပြောကြားပြီး မမာ လာသိန်း၊မမီးမီး၊မမာယာတို့ သုံး ဦးက အမျိုးသမီးရေးရာ ကိစ္စရပ် များဆွေးနွေးခဲ့သည်။ထို့နောက် ကိုဂျင်မီမှဥပဒေအကြောင်း ရှင်း လင်းဆွေးနွေးခဲ့ပြီး ကိုကိုကြီးမှ ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မမီးမီးမှပွင့်လင်းလူ့အဖွဲ့အစည်း များဖြစ်ပေါ်လာပုံအား ရှင်းလင်း ပြောကြားပြီး ပြည်သူ့အသံ၊လွှတ် တော်အသံ၊နားထောင်ရန်တိုက် တွန်းပြောဆိုခဲ့ပြီး သမ္မတကြီး၏ မိန့်ခွန်းအားလိုက်နာဆောင်ရွက် ရန် ပြောကြားခဲ့သည်။၎င်းနောက် မြို့ခံပြည်သူများဖြစ်သော ကိုသောင်း မြင့်မှ မြို့နယ်အတွင်းရှိ ဆယ် မြောင်းများပျက်စီးနေခြင်းကိစ္စ အား တင်ပြ၊မေးမြန်း၊ဆွေးနွေးခဲ့ ပြီး သန်းကုန်းကျေးရွာ ကိုကျော် ကျော်က ဆယ်မြောင်းမှ လယ် ယာမြေရေပေးစနစ်တကျမရှိ ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ရေကြီပင်ကျေးရွာမှ ကိုညွှန့်ဝင်း က ဆည်ရေသောက်ဖြစ်ပြီး ရေ မသောက်ရကိစ္စများ တင်ပြဆွေး နွေးခဲ့သည်။ ထို့နောက် မြို့သစ် မြို့မှ တောင်တွင်းကြီးမြို့ မောင်း တိုင်(၂)ရပ်ကွက်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ နံနက် (၁၁)နာရီတွင်ရောက်ရှိပြီး ဒေသခံ ပြည်သူများဖြင့် ဆွေးနွေးဟော ပြောပွဲပြုလုပ်ခဲ့ရာ အခမ်းအနား သို့ပြည်သူ (၅၀၀)ဦးခန့်တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုကိုကြီး၊ မမီးမီးတို့မှပွင့်လင်းလူ့အဖွဲ့အစည်း များအကြောင်း ဟောပြောကြောင်း သိရှိရသည်။ ထိုမှတဆင့် နေ့လယ် (၁း၃၀)အချိန်တွင် တောင်တွင်း မကွေး လမ်းမကြီးဘေးရှိ ဖောင် တော်ဦးဘုရားသို့ ရောက်ရှိဘုရား ဖူးပြီး တောင်တွင်းကြီးမြို့သွေးလှူ ရှင်များအဖွဲ့နှင့်ကျန်ခဲ့ပြီး ကိုမင်းကို နိုင်ပါ (၁၂)ဦးသည် နေ့လယ်(၂) နာရီတွင် ရှေးဟောင်းဗိဿနိုးမြို့ ဟောင်းသို့ရောက်ရှိပြီးထိုမှတဆင့် ကိုမင်းကိုနိုင်၊ကိုကိုကြီး(စမ်းချောင်း) နှင့်အမျိုးသမီး(၄)ဦးပါ (၆)ဦးတို့ သည် တောင်တွင်းကြီးမြို့မှ သစ် ရာကောက်ဘက်သို့ဆက်လက်ထွက် ခွာသွားကြောင်း သိရှိရသည်။ ဖောင်တော်ဦးဘုရားတွင် ကျန်နေ ခဲ့သော ကိုဂျင်မီနှင့် ကိုကိုကြီး (၈၈)တို့သည် မြို့ပေါ်ရှိစိတ္တသုခ လူမှုကူညီရေးအသင်း၊ဇီဝိတဆေး ခန်း ကြီးကြပ်ရေးအဖွဲ့၊မြတ်သုခ သွေးလှူရှင်အဖွဲ့၊ရှေ့နေဦးခင် သောင်းနှင့်ဒေသခံပြည်သူ(၅၀)ဦးခန့် တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။၎င်းဆွေးနွေးပွဲတွင် ရှေ့နေဦးခင်သောင်းမှ ကြံစိုက် တောင်သူများ တွေ့ကြုံနေရသည့် အခက်အခဲများအားတင်ပြဆွေးနွေး ပြောဆိုရာ ကိုကိုကြီးမှ၎င်းကိစ္စနှင့် ပတ်သက်၍သက်ဆိုင်သည့် ဌာန ဆိုင်ရာအကြီးအကဲများနှင့်သာ ပြေလည်သည်အထိ ညှိနှိုင်းဆောင် ရွက်ရန် ယင်းမှတစ်ဆင့်ဒုတိယ ပိုင်းအနေဖြင့်တရားဥပဒေအကြောင်း အရဖြေရှင်းခြင်း၊၎င်းမှတစ်ဆင့် မပြေလည်လျှင် မီဒီယာအပိုင်းမှ ဆက်လက်လှုပ်ရှားရန် အကြံပြု ဆွေးနွေးခဲ့ပြီး စိတ္တသုခလူမှုကူညီ ရေးအသင်း၊ဇီဝိတဆေးခန်းအဖွဲ့၊ မြတ်သုခသွေးလှူရှင်များအဖွဲ့တို့ ၏ ဆွေးနွေးချက်များအပေါ်တွင် လိုအပ်ချက်များရှိပါက ရန်ကုန်မြို့ ရှိ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဆက်သွယ်မေးမြန်း ဆောင်ရွက်ရန်ဆက်လက်ထွက်ခွာ ခဲ့ရာ ရှေးဟောင်းဗိဿနိုးမြို့ဟောင်း သို့ရောက်ရှိပြီး ရှေးဟောင်းဗိဿ နိုးမြို့ဟောင်းတွင် ကိုမင်းကိုနိုင် အဖွဲ့မှ ကျန်ရှိနေခဲ့သော အဖွဲ့ ၀င်(၆)ဦးနှင့်အတူ သစ်ရာကောက် ဘက်သို့ဆက်လက်ထွက်ခွာသွား ကြောင်း သတင်းရရှိသည်။
ဟင်္သာ(တောင်တွင်းကြီး)



Vol-3,No-144
Vol-3,No-143
Download
February 10, 2013
Home, သတင်း