တဒင်္ဂစိတ်ကြောင့် မိခင်ကတရားလို ဖခင်ကတရားခံ နစ်နာသူကသမီးဖြစ်တဲ့ ဝမ်းနည်းဖွယ်ရာမိသားစုရဲ့ ဖြစ်ရပ်ကဒီလိုပါ

February 8, 2013

Home, သတင်း

 

 

မကွေးတိုင်းဒေသကြီး၊ မကွေး  ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပတုန်းမြောင်တဲတိုက်တွင် ဖခင် ဖြစ်သူက သမီးဖြစ်သူကို ဓားဖြင့်  ခုတ်မှုဖြစ်ပွားကြောင်း သတင်းရ ရှိသည်။ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃းဝဝ နာရီအချိန်ခန့်က တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း  အုပ်စုညောင်မှော်ကျေးရွာနေ ဒေါ်အေးကြည် (၅၅) နှစ်၊ (တောင်သူ)သည် နေအိမ်၌ရှိနေ စဉ်ပတုန်းမြောင်တဲတိုက်သို့ အလုပ်  လုပ်ရန်သွားသော သမီးဖြစ်သူ မခင်အေးမြင့် (၁၈) နှစ် (တောင်သူ) မှာ ဦးခေါင်းထိပ်တွင်  (၄) လက်မခန့်ပြတ်ရှဒဏ်ရာတစ် ချက်ဖြင့် အိမ်သို့ရောက်ရှိလာသဖြင့်  သမီးဖြစ်သူအားဖြစ်စဉ် မေး မြန်းရာဖခင်ဖြစ်သူဦးသိန်းမြင့် (၅၅) နှစ်က စိတ်ဆိုးပြီး တဲပေါ် ၌ အသင့်ရှိနေသော ဓားမဖြင့်  ဦးခေါင်းကိုခုတ်သဖြင့် ဒဏ်ရာ  ရရှိခဲ့သဖြင့် ညီမဖြစ်သူမစုလှိုင်နှင်း  (၁ဝ) နှစ်ကိုခေါ်၍ပြန်လာခဲ့ ကြောင်း ပြောပြသိရှိရသည်ဆို၏။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဓားဖြင့်ခုတ်သော ခင်ပွန်းဦးသိန်းမြင့် (၅၅) နှစ်၊ ညောင်မှော်ကျေးရွာ  နေသူကို ဥပဒေအရအရေးယူပေး ပါ ရန် သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းခဲ့သည်ဆို၏။ ၄င်း ဖြစ်စဉ်နှင့် ပတ်သက်၍ကုက္ကိုကုန်း ရဲစခန်းက  (ပ) ၁၂/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ထား ကြောင်း သတင်းရရှိသည်။

 

ဟင်္သာ(တောင်တွင်းကြီး)

,

No comments yet.

Leave a Reply

You must be logged in to post a comment.