တွေ့နေရတဲ့ အရန်မီးသတ်တပ်ဖွဲ့

February 1, 2013

Home, သတင်း

 

 

““ရန်သူငါးပါးထဲမှာ၊ အင်မ တန်ဆိုးဝါးလှတာ၊ အညှာတာ ဘယ်သူ့မှမထောက်ပါ။ သူခိုး၊ ဓားပြထက် ဆိုးတဲ့ရန်သူဟာ ဤ ဇဗ်္ဗူတစ်ခွင်မှာ ရန်သူမီးကို အစဉ် အမြဲ သတိပြုပါ””ဆိုတဲ့ သီချင်းသံ ကို ညပိုင်း သူငယ်အိပ်ချိန်မှာ ကြားဖူးကြမှာပါ။ အဲဒီသီချင်းကို သီဆိုတဲ့အဆိုတော်ကိုထွန်းရွှေရဲ့ သီဆိုသံမဆုံးခင်မှာဘဲ ဆိုက်ကား ပေါ်တင်ထားတဲ့ ဟွန်းနှစ်လုံးက နေပြီးတော့ ““ရပ်ကွက်နေလုပ် သားပြည်သူအပေါင်းတို့ခင်ဗျား။ ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိပြီဖြစ်ပါသောကြောင့် တည်ဆဲဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း နှိုးဆော်အပ်ပါသည်”” ဆိုတဲ့အသံကိုလည်း တစ်ဆက် တည်းကြားရမှာပါ။
ဟုတ်ကဲ့။ အခုလိုတိုက်တွန်း နှိုးဆော်တာကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ နှိုးဆော်တာရဲ့နောက်မှာ ဥပဒေအရ အရေးယူမည်ဆိုတဲ့ စကားကတော့ ခြိမ်းခြောက်နေ သလိုပါပဲ။ ဘယ်သူမှ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လောင် ကျွမ်းဆုံးရှုံးမယ့် မီးလောင်မှုကို မဖြစ်ချင်ကြပါဘူး။ မီးချိတ်၊ မီး ကတ်၊ သဲအိတ်၊ ရေအိတ်မထားလို့ အရေးယူမယ်ဆိုတော့ တကယ်လို့ မီးလောင်ခဲ့ရင်ကော လက်နှစ်ဆုပ် လောက်ရှိ သဲအိတ်နဲ့ ပိုးလောက် လန်းတွေပေါက်ဖွားရှင်သန်နေတဲ့ ရေအိတ်တွေက မီးလောင်တာကို ငြိမ်းသတ်နိုင်ပါ့မလား။ ဒါ့အပြင် တဲအိမ်မရှိသလောက်ဖြစ်နေတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ သွပ်မိုး အိမ်တွေကို ဘယ်လိုမီးချိတ်တွေနဲ့ ဆွဲချကြမှာလဲ။ တကယ်လို့ အဲဒီ ပစ္စည်းတွေ လာစစ်ဆေးလို့မတွေ့ ရင်တော့ အရေးယူမယ်တဲ့။ နောက်ပြီး မီးသုံးစွဲခွင့်ကိုလည်း အချိန်ကန့်သတ်ချက်အတွင်းမှာပဲ သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ ဟို တစ်ချိန်တုန်းကတော့ စစ်ဆေးတဲ့ သူတွေဟာ မီးသုံးစွဲထားခြင်းရှိ၊ မရှိကို မီးဖိုထဲ ကြက်မွေးထည့်ပြီး စမ်းသပ်တယ်လို့တော့ ကြားဖူး ကြမှာပါ။
အဲဒီလို မီးသုံးစွဲချိန် ကန့် သတ်ထားတော့ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါး ဆိုင်၊ ပဲပြုတ်သည်စတဲ့ ဈေးသည် တိုင်း၊ဈေးသည်တိုင်း အချိန်ကျော် လွန်မီးသုံးစွဲလို့ ဒုက္ခရောက်ပြီလို့ မထင်လိုက်ကြပါနဲ့ သူတို့မှာ နည်း လမ်းရှိပါတယ်။ အဲဒါကတော့ ရပ်ကွက်ထဲက ဒေသအရန်မီး သတ်တပ်ဖွဲ့ရုံးကိုသွားပြီး မီးအချိန် ကျော်လွန်သုံးစွဲခွင့်လက်မှတ် (မီး ဖောင်)ကို ပိုက်ဆံပေးပြီးလုပ်လိုက် ရင် မီးသုံးစွဲခွင့်အတွက် ပြဿနာ မရှိတော့ပါဘူး။ တကယ်လို့ မီး ဖောင်လုပ်ဖို့ မေ့နေရင်လည်း စိတ်ပူစရာမလိုပါဘူး။ အရန်မီး သတ်တွေက အိမ်အထိ၊ ဆိုင် အထိလာရောက်ဝန်ဆောင်မှုပေး ပါလိမ့်မယ်။ အခုလို ဒေသအရန် မီးသတ်တပ်ဖွဲ့က မီးအချိန်ကျော် သုံးစွဲရင် အရေးယူမယ်လို့ ကြေ ညာထားသလို မီးဖောင်လုပ်ထား ရင်လည်း မီးသုံးစွဲခွင့်ကို ခွင့်ပြု ထားပါတယ်။ တကယ်လို့ ငွေ ကြေးယူပြီး မီးဖောင်လုပ်ထားတဲ့ အိမ်က မီးလောင်ခဲ့ရင် မီးသုံးစွဲ သူကို အရေးယူမှာလား၊ မီးသုံးစွဲ ခွင့်ပြုတဲ့ ဒေသအရန်မီးသတ်တပ် ဖွဲ့ကို အရေးယူမှာလားဆိုတာ မေးစရာပါ။
အခုလို မီးဖောင်ကနေ ငွေ ကြေးရမှန်းသိတော့ မီးသတ်တပ် ဖွဲ့ဝင်မဟုတ်တဲ့သူက စာရွက်တု၊ တံဆိပ်တုံးတုလုပ်ပြီး သူကိုယ်တိုင် လက်မှတ်ထိုးပြီး မီးဖောင်ရောင်း တာရှိခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့  ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာန၊ ဦးစီးဌာနတွေကို တိုင်ကြား တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ် ခဲ့ပါတယ်။ ခိုင်လုံတဲ့ သက်သေခံ စာရွက်တွေတင်ပြခဲ့ပေမဲ့ အဖြေ ကတော့ ဘာမှအရေးယူဆောင် ရွက်ခြင်းမရှိဘဲ ပိုနေမြဲ၊ ကျားနေ မြဲပါပဲ။ ဒါ့အပြင် အရန်မီးသတ် တပ်ဖွဲ့ဝင်တွေကို ခါးမှာ လမ်း လျှောက်စကားပြောစက်ချိတ်ပြီး ဆိုင်ကယ်နဲ့မြင်ရတော့ ဒီလမ်း လျှောက်စကားပြောစက်တွေဟာ လိုင်စင်နဲ့ ကိုင်ရတာလား၊ လိုင် စင်မရှိဘဲကိုင်လို့ရလားဆိုတာကို လည်း သိချင်မိပါတယ်။ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးက တော့ ၃၀-၉-၂၀၀၂ ရက်က စာအမှတ် ၁၁၄၈/၆/၆ ထောက် ၂ နဲ့ ခွင့်ပြုချက်မရှိဘဲ မကိုင်ဖို့ စာထုတ်ခဲ့ပါတယ်။ ဆိုင် ကယ်ကတော့ လိုင်စင်ရှိတာ တောင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း စီးလို့မရပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရန်မီး သတ်တပ်ဖွဲ့ဝင်တစ်ဦးကို မေး ကြည့်တော့ စကားပြောစက်က (၄)သောင်းပေးရတယ်တဲ့။ စက် ရှိတော့ ဘယ်နေရာဘာဖြစ်တယ် ဆိုတာ ဖမ်းပြီးနားထောင်လို့ရတဲ့  ရဲလိုင်းတွေ၊ ထွေ/အုတ်လိုင်းတွေ၊ မီးသတ်လိုင်းတွေဖမ်းပြီး နား ထောင်ရင် အချိန်နဲ့တစ်ပြေးညီ သိရတယ်တဲ့။ နောက်ပြီး စက်ဖိုး ကြေအောင် အောက်ကနက်ပြာ ဘောင်းဘီဝတ်တယ်။ အပေါ်က နက်ပြာမိုးကာအင်္ကျီဝတ်လိုက် တော့ ရဲနဲ့တူသွားပြီး လှုပ်ရှား တယ်တဲ့။ ဘာတွေလှုပ်ရှားလည်း ဆိုတာတော့ မပြောပါဘူး။
မြို့နယ်တစ်ခုမှာတော့ ထူး ထူးခြားခြားလုပ်တာတစ်ခုရှိပါ သေးတယ်။ အဲဒါကတော့ မီး အန္တရာယ်ကင်းရှင်းအောင် မီး သတ်ကားထဲမှာ ပရိတ်ရေထည့် ပြီး တစ်မြို့နယ်လုံးလိုက် ဖျန်း တာပါ။ မီးသတ်ဦးစီးဌာနက တော့ မီးသတ်ကားတွေကို မီး လောင်ပြင်ကလွဲပြီး အခြားကိစ္စ ရပ်တွေမှာ အသုံးမပြုဖို့ ၁-၄-၂၀၀၅ ရက်စွဲပါ စာအမှတ် ၁/၁၀၀/၂၀ ဦး ၃ နဲ့ ထုတ်ပြန် ထားရှိခဲ့ဖူးတော့ အခုလို မီးသတ် ကားနဲ့ လိုက်ဖျန်းတာ ညွှန်ကြား ချက်နဲ့ အကြုံးဝင်လား၊ မ၀င် လားတော့မသိပါဘူး။ ဘယ်လိုပဲ ဘုရားလောင်းငုံးမင်းရဲ့ ၀ဋ္ဋသုတ် ရွတ်ပြီးဖျန်းဖျန်း မီးဆိုတာ ပေါ့ဆ ရင် လောင်မှာပါပဲ။ ငုံးမင်းက သူ့ရဲ့ကတိသစ္စာကိုပြုလို့ မီးကွင်း တာပါ။ ငုံးမင်းရဲ့ သစ်္စာကို ကိုယ့် သစ္စာလိုလုပ်ပြီးရွတ်လို့ကတော့ မီးကတော့ မနေပါဘူး။
အခုလိုရေးလိုက်လို့ အရန် မီးသတ်တပ်ဖွဲ့ဝင်အားလုံးကို ဆို လိုတာတော့မဟုတ်ပါဘူး။ တကယ်လည်း မီးသတ်အား (၁၀)ပါးနဲ့အညီ အလုပ်လုပ်နေ ကြတယ့်သူတွေလည်း ရှိပါတယ်။ ရပ်ကွက်ထဲမှာတွေ့နေရတဲ့ အရန် မီးသတ်တွေ လက်ကမ်းစာရွက်၊ မီးဖောင်၊ မီးသတ်ဆေးထုတ် စသည်ဖြင့် လိုက်ရောင်းတာတွေ၊ ကထိန်ကြေးလိုက်အလှူခံတာတွေ တွေ့ရလို့ အပြုသဘောနဲ့ ရေး လိုက်ရတာပါ။

 

ဘုန်းစစ်

,

No comments yet.

Leave a Reply

You must be logged in to post a comment.