
မိုဘိုင်းဖုန်းနှုန်းထားများကို အတိအကျမပြောသော်လည်း ပြည်သူအများမျှော်လင့်ထားသည့် ဈေးနှုန်းနှင့်ကိုက်ညီစေရန် အဆ များစွာ ဈေးလျော့သွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့်အချက်အလက် ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦး ၀င်းသန်းက ဇန်န၀ါရီလ ၂၈ရက် က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားသွား သည်ဟုသိရသည်။
နိုင်ငံတော် လုံခြုံရေးနှင့်မ ဆိုင်သဖြင့် မိုဘိုင်းဖုန်းဈေးနှုန်းများ ကို မည်မျှအထိ လျော့ချပေးမည် ကို သိလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဒေါက်တာမြတ်ဥာဏစိုးက မေးမြန်းရာတွင် ““ပြည်သူတွေ မျှော်လင့်ထားတဲ့ဈေးနှုန်းအထိ လျော့ချဖို့ အစီအစဉ်ရှိတဲ့အတွက် ပြည်သူတွေအံ့သြလက်ခံမယ်လို့ ထင်ပါတယ်””ဟု ဦးဝင်းသန်းက ပြောကြောင်း မိုဘိုင်းဖုန်းများ ဈေးနှုန်းအဆမတန်လျော့ချပြီး လျှင် ကျေးလက်တွင် အရစ်ကျ ၀ယ်ယူထားသော ပြည်သူများ သွင်းထားသည့် ပိုငွေများကိုပြန် ပေးရန် စီစဉ်ထားကြောင်း ဆက် လက်ပြောကြားသည်ဟုသိရသည်။
မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများမျှော်လင့်ထားသည့် ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်း များရရှိရန် ဈေးလျော့ချရေးအပြင် ဈေးနှုန်းချိုသာစွာ လုပ်ကိုင်လို သည့် မိုဘိုင်းဖုန်းလုပ်ကိုင်ခွင့်များ ကိုလည်း ပေးအပ်သင့်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက အကြံပြု ခဲ့သည်ဟုသိရသည်။
ကျားမာန်



Vol-3,No-141
Vol-3,No-140
Download
February 1, 2013
Home, သတင်း