ပြည်တွင်းငြိမ်းချမ်းရေးကို ၂၀၁၅ မတိုင်မီအပြီးဆောင်ရွက်မည်ဟုသိရ

February 1, 2013

Home, သတင်း

 

 

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင် ရေးစင်တာ၌ ဇန်န၀ါရီ ၂၇ ရက် နေ့ကကျင်းပသည့်အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်  မင်းက ပြည်တွင်းငြိမ်းချမ်းရေးကို ၂၀၁၅ ခုနှစ်မတိုင်မီအပြီးဆောင် ရွက်မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲတွင် ပြည်သူများ  ရွေးချယ်ပေးလိုက်သည့်ဒီမိုကရေစီ  အစိုးရတစ်ရပ်တက်လာမည်ဖြစ် ကြောင်း၊ ၎င်းအစိုးရအတွက် ပြဿနာများမထားခဲ့ချင်ကြောင်း၊  ၎င်းအစိုးရအဖွဲ့သည်တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက် လုပ်ဆောင်ရမည် မှာ အများကြီးရှိကြောင်းပြောကြား ခဲ့သည်ဟု သိရသည်။
လက်ရှိဒီမိုကရေစီအစိုးရသည်  ပထမဆုံးအစိုးရဖြစ်သဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းများအားဦးစွာဆောင်ရွက် ရမည်ဖြစ်ကြောင်း သို့မှသာ နောင်တက်လာမည့်အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ အားဆောင်ရွက်  နိုင်မည်ဖြစ် ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတိုးတက်ရောက်၍ အရပ် ဖက်လူ့အဖွဲ့အစည်း ၄၆ဖွဲ့နှင့်အပြန် အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင်လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်သည်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မည့်လုပ် ငန်းစဉ်များတွင် မကြာခင်ပါဝင်  လာမည်ဖြစ်ကြောင်းလည်း သိရ သည်။

 

အောင်ကောင်းစည်

,

No comments yet.

Leave a Reply

You must be logged in to post a comment.