
မှိုင်းပြာရီမှောင်သော မြူနှင်းများက ရှမ်းပြည်နယ်၏အလှကို လုံအောင်ကာ မထားနိုင်ခဲ့ပါ။ ထိုအတူ မင်းမဟုတ်သော် လည်း စွန့်စားခဲ့သူကြိုးပမ်းခဲ့သူ ထိုက်ထိုက် တန်တန်ချီးမြှင့်ခြင်းကိုခံခဲ့ရသူ၊ သစ္စာတရား ကိုအလေးထားခဲ့သူများကြောင့် ရှမ်းပြည် နယ်သည်ယနေ့တိုင်လုံခြုံအေးချမ်းလျက် ရှိနေပါသေးသည်။ ရှိနေအောင်လည်း ကြိုးစားကြရဦးမည်သာဖြစ်ပါ၏။ ပထ၀ီ အနေအထားအရ မြန်မာနိုင်ငံ၏အရှေ့ အလယ်ပိုင်းတွင်တည်ရှိသည့် မိုးဗြဲနယ်၏ တောင်ဖက်ဆုံးပိုင်းသည်မြောက်လတ္တီတွဒ် ၁၉ံ၂၈’ မှာရှိ၍ မြောက်ဖက်ရှိမိုးမိတ်နယ်၊ သိန်္နီနယ်နှင့် ကိုးကန့်နယ်တို့သည် မြောက် လတီ်္တတွဒ် ၂၄ံ၉ တွင်ရှိသည်၊ အရှေ့ လောင်ဂျီတွဒ် ၉၆၁၅’ မှ ၁၀၁ံ ၁၃’ ကြား တွင်ရှိထားသည်။ ထိစပ်ပြည်နယ်များ လည်းရှိနေပါ၏။ ရှမ်းပြည်နယ်သည် အရှေ့ဖက်ဆုံးပြည်နယ်ဖြစ်ကာ၎င်း၏ မြောက်ဖက်မှာ ကချင်ပြည်နယ်ရှိ၏။ ထိုကြောင့် ကချင်ပြည်နယ်မှ ငိုသံများကို မသက်မသာကြားနေခဲ့ရပါတော့သည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၆၁၀၉၀ ရှိသော ကျွန်မတို့၏ ပြည်နယ်မှာ အေးချမ်းသာ ယာလှပါသည်။ မြန်မာနိုင်ငံရှိပြည်နယ် အသီးသီးအနက်အကြီးမားဆုံးပြည်နယ် တစ်ခုဖြစ်ခဲ့ရပေသိ၊ လောဘ၊ ဒေါသ၊ မာန်၊ မာနမရှိသော မိခင်အိုကြီးနှင့် တူလှ ပါပေသည်။ ၀င်လာလိုက်ထွက်သွားလိုက် ရှိကြသော သားသမီးများကို မေတ္တာဖြင့် ထွေးပွေ့ထားလျက်ရှိခဲ့ပါ၏။
တောင်ကုန်းတောင်တန်းကြီးများထူ ထပ်နေသော်လည်း ရှမ်းပြည်တွင်မြေနိမ့် လွင်ပြင်များကိုလည်း တွေ့ရဆဲဖြစ်ပါသည်။ ကျောက်မဲလွင်ပြင်၊ သီပေါလွင်ပြင်၊ သိန်္ဒီ လွင်ပြင်၊ ဟဲဟိုးလွင်ပြင်နှင့်ကျိုင်းတုံလွင် ပြင်တို့ဖြစ်ရာ ကျွန်မနေထိုင်ရာကျောက်မဲ မြို့နယ်သည်လွင်ပြင်ကြီးမှာ တည်ရှိနေ ခြင်းပင်ဖြစ်ရပါတော့သည်။
ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်း အရှေ့နယ် ၃ ရပ်မှာ သဘာဝအနေအထား ခြင်းက မတူကွဲပြားသည်။ သို့ပေသိ ရှမ်း တို့၏ စိတ်ဓာတ်မှာ တစ်စိတ်ထဲတစ်ဝမ်းထဲ အဖြစ်မြင်တွေခဲ့ရပါ၏။ ပအိုဝ်၊ ပလောင်၊ ၀၊ ကော်၊ လားတူမုဆိုး၊ အင်းသား၊ ဓနု နှင့် တောင်ရိုး၊ လီဆူတို့အပြင် ကချင်လူ မျိုးတို့လည်းနေထိုင်ခဲ့ကြသည်။ ရှေးယခင် ကတည်းက ကချင်တို့လည်းနေထိုင်ခဲ့ကြ ပါသည်။ ထို့ကြောင့်ကချင် စစ်ပြေးဒုက္ခသည်များ မှာဝင်ရောက်လာခဲ့ကြခြင်းဖြစ် သည်။ ၂၀၀၀ ခုနှစ် ၀န်းကျင်ကထဲက ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်း သို့ကချင်အတော်များများဝင်ရောက်လာခဲ့ ကြသည်။ ရှမ်းပြည်သူတို့ကကြည်ဖြူစွာ လက်ခံခဲ့ကြပါ၏။ နောင်ချိုမြို့နယ်တွင် ၀နှင့် ကိုးကန့်တို့လည်း ရွာတည်လျက်ရှိ နေထိုင်ခဲ့ကြသည်။ ဓနုတိုင်းရင်းသားများ ၏မြင့်မြတ်သော စိတ်ဓာတ်က ဆွေရင်း ပမာလက်ခံပြုစုစောင့်ရှောက်ခဲ့ကြခြင်း ကြောင့် နောင်ချိုမြို့နယ်တွင် စစ်ပြေးတို့ ခိုလှုံခွင့်ရခဲ့ကြသည်။
စိတ်သဘောထားမြင့်မြတ်သည့် ဒေသခံတို့မှာ ၀င်လာသူအပေါင်းတို့ကို လည်း တစ်မြေထဲနေတစ်ရေထဲသောက် တစ်အူတုံဆင်းမောင်နှမရင်းပမာချစ်ခင် စွာဆက်ဆံခဲ့ကြသည်ကိုလည်းမြင်တွေ့ နေရပါ၏။
မြန်မာနိုင်ငံ၏ပထမဦးဆုံးသမ္မတကြီး ဖြစ်ခဲ့သူစပ် ရွှေသိုက်၏ဆုံးမသြ၀ါဒကို ယနေ့ထိမှတ်သားနာယူဆဲဖြစ်ကြောင်းပင် ဖြစ်ရသည်။ ဖခင်ဘက်မှ ညောင်ရွှေစော် ဘွား၊ ဘွားတော်ဘက်မှ အလောင်းမင်း တရားမှဆင်းသက်လာခဲ့သော သမ္မတကြီး စပ်ရွှေသိုက်မှာ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အလေးထားခဲ့သူဖြစ် သည်။ စပ်ရွှေသိုက်မှာ ပေးဆပ်ရသည်ကို လက်ခံကျေနပ်လေ့ရှိ၏။ “၄ နှစ်ကြာသမ္မတ လုပ်ပြီး စာရင်းရှင်းလိုက်တော့ တစ်ပြား မှ မစုဆောင်းမိတဲ့ပြင် ရှမ်းပြည်ကယူလာ တဲ့ ၅ သောင်းလောက်ပါကုန်ခန်းတာကို တွေ့ရတယ်”ဟု ဖြေဆိုခဲ့ဖူးသည်။ မတ်လ ၂ ရက်နေ့ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေ၀င်းကအာဏာသိမ်းစဉ်စပ်ရွှေသိုက် ဖက်မှ ပြန်လည်ခုခံရာမှာ စပ်ရွှေသိုက်၏ သား စပ်မိမိသိုက်ကျဆုံးခဲ့ဖူးသည်။ စပ်ရွှေသိုက်၏ ဇနီး၊ မဟာဒေ၀ီ စပ်ဟိန် ခမ်းမှာ ၁၉၅၆ ခု ရွေးကောက်ပွဲတွင် သိန်္နိ မြောက်ပိုင်းပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခဲ့ရဖူးပါ၏။ နိုင်ငံ ရေးသမိုင်းတွင် စစ်မှုရေးရာ၊ ကျွမ်းကျင် သော စပ်ရွှေသိုက်သည်တိုင်းရင်းသားချစ် ကြည့်ရေးကိုလည်း ဦးစားပေးဆောင်ရွက် ခဲ့သူဖြစ်ရကား စပ်ရွှေသိုက်စိတ်ဓာတ်သည် ယနေ့ရှမ်းမောမြေမှာ ပြန့်နှံ့လျက်ကျန်ရှိ နေဆဲဖြစ်ပါသည်။ စပ်ရွှေသိုက်နှင့် ပတ်သက်၍လှပသော ပုံပြင်များပြော မှတ်ပြုနေဆဲဖြစ်ရာအထောက်အထား ပြည့်ပြည့်စုံစုံနှင့် ပြောမကုန်ခဲ့ခြင်းများကို ကျွန်မတို့ကလည်းလက်ခံထားကြဆဲရသည် သာ ရှမ်းပြည်သည်တည်ငြိမ်မှုအပြည့် နှင့် ရပ်တည်နိုင်အောင်ကြိုးစားလျက်ရှိ သည်မှာခပ်ရွှေသိုက်ပေးခဲ့သော “အမွေ” ဟုသာဆိုရမည်ဖြစ်ပါ၏။ စပ်ရွှေသိုက်တွင် သား ၇ ဦး၊ သမီး ၄ ဦးရှိရာမှာ စပ်ဆို လန်ဖဆိုသူ (Eugene Thike) ယူဂျင်း သိုက်မှာ ၁၉၆၃ ခုနှစ်တွင် တောခိုသွား ခဲ့သည်။ ထိုကဲ့သို့ အရေးပါသော ဖြစ်ရပ် များမှ သင်ခန်းစာများကို ရှမ်းပြည်သူတို့ ယနေ့တိုင် မမေ့နိုင်ခဲ့ကြသေးသည့် အထောက်အထားလည်းရှိခဲ့ပါ၏။ ရှမ်း ပြည်နယ်သူတို့သည်ပြည်မနှင့် အခြားခြား သော တိုင်းရင်းသားများကို မေတ္တာတရား မပျက်ဘဲသိပ်သည်းကျစ်လစ်စွာနေထိုင်ခဲ့ကြ သည့်သူများဖြစ်ကြသည်။ ပထ၀ီအနေ အထားအရနီးစပ်လျက်ရှိသော အရှေ့ မြောက်ဘက်မှ တရုတ်နိုင်ငံအရှေ့တောင် ဘက်မှ လောနှင့် ထိုင်းနိုင်ငံတို့ကိုလည်း အ၀င်အထွက်ရှိသော ရှမ်းပြည်သူတို့ သည် နားပွင့်မျက်စေ့ဖွင့်ထားသူများဖြစ် ကြပါ၏။ ဇာတိပုညဂုဏ်မာနာကြီးသူများ ဖြစ်သော ရှမ်းပြည်သူတို့မှာ ၎င်းတို့ချစ် မြတ်နှိုးလှသော မောရှမ်းမြေမှာပေးဆပ် ခြင်းများစွာနှင့် ရပ်တည်နေကြသည်။ ယခင်လကပင် ကချင်စစ်ပြေးလူ ၅၀၀ ခန့် ၀င်လာကြသည်ကို ကြည်ဖြူစွာလက် ခံခဲ့သည့်ရှမ်းမြေမှာ ဇာတ်ခုံကြီးတစ်ခုံနှင့် တူလာပြန်တော့သည်။ ဇာတ်ခုံနောက် ကွယ်မှ ကြိုးကိုင်လာမည့်အရေးကိုတော့ သတိချပ်ရမည်သာ ရှမ်းခေါင်းဆောင်တို့ ဘ၀ဇာတ်ကြောင်းများကို အခြေတည်၍ တိုးတက်အောင် ဖွံ့ဖြိုးအောင်ကြံဆောင် ရမည်ကို အစဉ်ရှေ့ရှုကာလုပ်ဆောင်သွား ရင်းမှလည်း “ကချင်မြေ”ကဲ့သို့ဖြစ်မသွား စေရန်ကိုတော့ အသိအပ်၍ သတိချပ် သင့်ပါသည်ဟုသာနှိုးဆော်တင်ပြလိုက်ရ ကြောင်းပါ။
ဒေါက်တာစိန်စိန်သိန်း



Vol-3,No-141
Vol-3,No-140
Download
February 1, 2013
Home, ဆောင်းပါး