စာခိုးချရင်ဆိုကာဖြင့်

February 1, 2013

Home, ဆောင်းပါး

 

ရာသီကနေ့ပူပြီး ညအေးတဲ့ ရာသီ ပါ။ ဘုရားပွဲတွေတောင် အစပျိုးတတ်တဲ့ ရာသီပါ။ ဒီရာသီဟာ စာမေးပွဲရာသီလည်း   ဖြစ်ပါတယ်။ အများအားဖြင့် စာမေးပွဲ တွေဟာ တပို့တွဲ တပေါင်းဆိုတဲ့ ရာသီ ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ အင်္ဂလိပ်   လအနေနဲ့ဆိုရင် ဖေဖော်ဝါရီနဲ့ မတ်လ တွေဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/ ကျောင်းသူ  များအတွက် ရှောင်ကွင်းလို့မရသလိုအရေး  ကြီးလှတဲ့ စာမေးပွဲရာသီဖြစ်လို့နေပါ တယ်။
အထူးသဖြင့် အခြေခံပညာအထက် တန်းဖြေဆိုကြမယ့် ကျောင်းသား/ကျောင်း သူများရဲ့ အရေးကို မိဘတွေက ပိုပြီး စိတ်ဝင်စားကြသလိုပိုပြီးတော့လည်း စိုးရိမ်သောကတွေ အပူတွေ ရောက်တတ်  ကြပါတယ်။ တကယ်ဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူတွေထက်ကို ထိုကျောင်းသားကျောင်းသူတွေရဲ့ မိဘ တွေက အုပ်ထိန်းသူတွေက ပိုပြီး စိတ်လှုပ်  ရှားမှု ရှိကြတာတွေ တွေ့ရှိရပါတယ်။
တစ်နှစ်တာလုံးမိမိတို့ရဲ့သားသမီး ပညာရေးအပေါ်စိတ်ဝင်တစားဂရုတစိုက် နဲ့ စာသင်ကြားခြင်းအပေါ် ကျောင်းတက်    မှန်ခြင်းအပေါ်သင်ကြားပြီးသားစာကို ပြန်လည်လေ့ကျင့်ခြင်းအပေါ် တစိုက် မတ်မတ်နဲ့ ကြီးကြပ်စောင့်ရှောက်ပေးတဲ့ မိဘများရှိသော်လည်း အလွန်နည်းပါး လှပါတယ်။ ယင်းကဲ့သို့ ပုံမှန်ကြီးကြပ် စောင့်ရှောက်ကူညီပေးတတ်တဲ့ ပညာရေး  အပေါ်မိမိသားသမီးအပေါ်စိတ်ဝင်တစား ရှိတဲ့ မိဘအုပ်ထိန်းသူရဲ့ အောက်က ကျောင်းသားကျောင်းသူအဖို့မှာတော့ စာမေးပွဲအတွက်စိုးရိမ်စရာမရှိပါဘူး။
တစ်နှစ်လုံး မိမိရဲ့ သားသမီးကို လုံးဝ  လှည့်မကြည့်ဘဲ သူတို့သဘောနဲ့ သူတို့ လေ့လာအားထုတ်မှုကိုသာ လွှတ်ပေး ထားပြီး အနီးကပ်ကျမှ အတင်းကြပ်မတ်  တွန်းအားပေးတာမျိုးကများပါတယ်။ နောက်ပြီး စာမေးပွဲမှာ မသမာမှုလုပ်ရန်  အတွက်လည်း တွန်းအားပေးတာမျိုးတွေ၊ အောင်စေချင်ဇောနဲ့ အကူအညီပေးတာ မျိုးတွေဖြစ်လာတတ်ပါတယ်။
နည်းလမ်းမကျတဲ့ မရိုးသားသော စာဖြေကျောင်းသားဖြစ်အောင်၊ မဖြစ်ဖြစ် အောင်တွန်းပို့လိုက်သလိုပါပဲ။ မသမာ သော စာဖြေဆိုမှုပြုမယ့်ကျောင်းသားဟာ  နောက်နေ့ဖြေမယ့်ဘာသာရပ်အတွက် အချိန်ရသလောက်သင်ကြားပြီးသား သင်ခန်းစာများကို ရွေးနုတ်ပြီးစာကိုပြန် နွှေးထားရမှာဖြစ်ပေမယ့် ထိုအလုပ်ကို သူမလုပ်တော့ပါဘူး။
မသမာသောနည်းနဲ့ စာမေးပွဲကို ဘယ်လိုအောင်မြင်အောင်ဖြေကြားရမလဲ  ဆိုတဲ့ နည်းလမ်းကိုသာ ကြံစည်ပြုလုပ် ရင်းနဲ့ အချိန်ကုန်လွန်သွားစေပါတယ်။
မသမာတဲ့ နည်းလမ်းတွေကတော့ များလှပါတယ်။ မဟုတ်တဲ့နေရာမှာ ပိုပြီး တော့ အားစိုက်ပြီး ဉာဏ်နီဉာဏ်နက်ထုတ်  ပြန်ကြတာကိုး။ လွယ်လွယ်ပြောရရင်တော့ ဉာဏ်နီဉာဏ်နက်ထုတ်လေမသမာတဲ့နည်း  တွေက ထွက်လေပါပဲ။ ဉာဏ်နီဉာဏ်နက်  ထုတ်တယ်ဆိုတာ မဟုတ်တဲ့နေရာမှာ မဟုတ်ပဲ မှန်ကန်ကောင်းမြတ်တဲ့နေရာမှာ  ထုတ်ရင်ပိုကောင်းပါတယ်။ ကောင်းတဲ့ ဘက်မှာ အာရုံစိုက်ပြီးနည်းလမ်းရှာရင် ကောင်းပါတယ်။ နည်းလမ်းရှာရင် တွေ့ရ စမြဲပါ။
ဒီလို မသမာတဲ့ စာဖြေသမားတွေ အတွက် စီးပွားရေးသမားတွေကလည်း သူတို့ရဲ့ စီးပွားရေးအတွက် အထောက် အကူပြုနည်းလမ်းတွေ ကြံဆလာကြတယ်။  ဒီနေရာမှာ သင်ခန်းစာအားလုံးကို အလွန်  သေးငယ်သော စာလုံးပွိုင့်လေးတွေနဲ့ စာအုပ်သေးလေးတွေ စီစဉ်ပေးတာပါပဲ။ အချို့ကလည်း ယပ်တောင်ခေါက်သလို ခေါက်လို့၊ ၀ှက်လို၊့ လွယ်မယ့် အနေအထား  မျိုးပုံနှိပ်စီစဉ်ရောင်းချပေးတာပါပဲ။ ပြီးတော့ ကပ်စွာဆိုတာကလည်းရှိသေး တယ်။
ကပ်ခွာဆိုတာက ကော်ပါတဲ့ ပလပ် စတစ်ပါးလေးပါ။ ဒါနဲ့ ခုနက ပုံနှိပ်စာကို   ကပ်လိုက်ရင်ပုံနှိပ်စာလုံးက ကပ်ခွာပလပ် စတစ်ပါးမှာ ပါလာပါတယ်။ ဒါကို ခန္ဓာ တစ်နေရာရာမှာ ကပ်ပြီးယူသွားရင် မသိသာပါဘူး။ နောက်သိပ္ပံခေတ်မှာ နာရီစက်ထဲ အသံထည့်တာတို့ကအစ ပေါ်လာတယ်။ ဒါက သိသလောက်နည်း  တွေ ပြောတာပါ။ မသိသေးတဲ့ စာခိုး ကူးဖြေတဲ့ နည်းလမ်းတွေ ရှိဦးမှာပါ။
ငါးပွက်ရာငါးစာချတတ်တဲ့ စီးပွား ရေးသမားအချို့က စာဖြေကလေးတွေ စာရိတ္တပျက်အောင်ကိုယ့်ရဲ့ ၀င်ငွေရမှု တစ်ခုတည်းအပေါ်ကြည့်တဲ့ လုပ်ဆောင်  တဲ့ အလုပ်ဖြစ်ပါတယ်။ ခုနက ပြောခဲ့တဲ့  စာလုံးပွိုင့်သေးနဲ့ စာအုပ်တို့ ပေပုရပိုဒ် လို ယပ်တောင်လိုခေါက်လို့ရတဲ့ စာပလွေ  တို့ ကပ်ခွာတို့ကို ကိုယ့်အကျိုးစီးပွားအတွက်  ထုတ်တဲ့သူကထုတ်လုပ်လိုက်တယ်။ ဒါက  ပထမဆင့်ပါ။ ဒုတိယအဆင့်က ရောင်းချ   ဖြန့်ဖြူးသူပေါ့။ ရောင်းချ ဖြန့်ဖြူပေးတဲ့ သူမရှိခဲ့ရင် မသမာမှုဖြင့် စာဖြေဆိုမယ့်  ကျောင်းသားလက်ထဲမရောက်နိုင်တော့ ဘူး။
တစ်အဆင့်ထုတ်ပေဝေနဲ့ နှစ်အဆင့် ရောင်းချစီးပွားရှာသူတို့ကို မထုတ်ဝေဖို့ နဲ့ မရောင်းချကြဖို့ကို စည်းရုံးဆော်သြ ခြင်း ပြုသင့်ပြီး လိုအပ်ရင်ရှာဖွေသိမ်းဆည်း တာတို့ အရေးယူသင့်ရင်အရေးယူတာတို့ ပြုလုပ်မယ်ဆိုရင် ထိုကိစ္စဟာ လျော့နည်း   ပျောက်ကင်းနိုင်ပါသည်။ အကောင်းဆုံး ကတော့ သက်ဆိုင်ရာကျောင်းသားကို ကြိုးစားအားထုတ်မှုလျော့နည်းပြီး အကျင့် စာရိတ္တပျက်ပြားစေတာမို့ တို့တော့အား မပေးဘူး။ ပုံနှိပ်ခြင်း၊ ဖြန့်ဝေရောင်းချခြင်း  မပြုဘူးလို့ ဆင်ခြင်တုံတရားလေးနဲ့ စောင့်ထိန်းကြရုံနဲ့ ပြီးပါတယ်။ အခြား နည်းလမ်းတွေနဲ့ စီးပွားရှာလို့ရပါတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိတ္တ ပျက်စီးအောင်တော့ အားမပေးသင့်ကြ ဘူးလို့ထင်ပါတယ်။
စာမေးပွဲကြီးကြပ်သူရဲ့တာဝန်ဟာ စာဖြေသူများ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခွင့် အရေးညီတူညီမျှဖြင့် ဖြေဆိုရင်ရေးအတွက်  အားထုတ်ကြိုးပမ်းကြရသူများဖြစ်တာမို့  စာဖြေသူများ မသမာသောနည်းလမ်းနဲ့ စာမဖြေရအောင် စာဖြေသူများ စိတ် အနှောက်အယှက်ဖြစ်မှုမရှိရအောင်ကြီး  ကြပ်ကြရပါတယ်။ ဒီတာဝန်ကိုလည်း ပညာရေးဝန်ထမ်းထဲက သင့်လျော်တဲ့သူ ကို ရွေးချယ်တာဝန်ပေးသလို တာဝန် အပေးခံရတဲ့ သူဟာလည်း ကျန်းမာရေး  ကိစ္စမှအပငြင်းပယ်နိုင်ခွင့်မရှိပါဘူး။
မသမာမှုနဲ့ ကြိုးစားအားထုတ်ပြီးဖြေ  မယ့်စာဖြေသူလား။ ရိုးရိုးကိုယ်ဖြေလို့ရ သလောက်သာ ဖြေတတ်တဲ့စာဖြေသူလား ဆိုတာကို ခွဲခြားသိရလွယ်ပါတယ်။ မသမာ မှုနဲ့ ဖြေဖို့ကြိုးစားမယ့်သူဟာ စိတ်ကလှုပ် ရှားနေသလို လူကလည်းကဏှာမငြိမ်ပါ ဘူး။ စာမေးပွဲခန်းကြီးကြပ်သူရဲ့ အလစ်  အငိုက်ကို ကြည့်ပါတယ်။ လစ်တာနဲ့ လစ်သလိုမသမာတဲ့နည်းကို သုံးပါတယ်။  ဒါကြောင့်မို့ စောင့်ကြပ်သူဟာ ထိုဖြေဆို  သူမျိုးကို မျက်လုံးနဲ့ ထိန်းတဲ့နည်း။ အနား ကနေမပြတ်လမ်းလျှောက်ကြည့်နည်းတို့ ဖြင့်ထိန်းရပါတယ်။
စာဖြေသူက သူ့ရဲ့ကိုယ်ကျိုးအတွက်  မေးခွန်းမှာ အဖြေခဲတံနဲ့ မှတ်၍ လဲလှယ် ခြင်း အဖြေလွှာလဲလှယ်ကြည့်ခြင်းမျိုးလည်း လုပ်တတ်သလို ရှေ့မှ စာဖြေသူက အဖြေလွှာကို ထောင်ပြထားပြီး နောက်မှ စာဖြေသူက မသိမသာခိုးကြည့်ရေးတာမျိုး လည်းရှိပါတယ်။
မသမာတဲ့နည်းနဲ့ ဖြေခွင့်မရအောင် စာဖြေခန်းထဲ မ၀င်ခင်အခန်းစောင့်ဆရာ က အပိုစာရွက်ပါမပါ မှတ်စုမှတ်ရာပါမပါ။ ကြိုတင်စစ်ဆေးတာမျိုးရှိသလို စာဖြေ ခန်းထဲရောက်မှ မေးခွန်းမဝေခင်စစ်ဆေး   တာမျိုးရှိပါတယ်။ စာဖြေဌာနတစ်ခုမှာ တော့ စာဖြေခန်းစောင့်မဟုတ်သော ဂိတ် စောင့်အိမ်သာစောင့်တာဝန်ကျများက ကျောင်းသားကို အခန်းတစ်ခန်းကျောင်း သူကို အခန်းတစ်ခန်းဆေးပြီးမှ စာဖြေခန်း  ကို လွှတ်ပေးတာ တွေ့ရှိရပါတယ်။ ကျောင်းသားကို အမျိုးသားတာဝန်ကျက  စစ်ဆေးပြီး ကျောင်းသူကို အမျိုးသမီး တာဝန်ကျကစစ်ဆေးပါတယ်။
စာဖြေဌာနမှာ လာရောက်ဖြေဆို ကြမယ့် သက်ဆိုင်ရာကျောင်းအသီးသီး ကလည်း သူတို့၏တပည့်များကို မသမာ  သောနည်းလမ်းဖြင့် မဖြေဆိုရန် ကြိုတင် ပြီး စာမေးပွဲစည်းကမ်းတွေ ပြောပြထား ခဲ့ကြပါတယ်။ မှာစရာရှိတာမှာ ထားပြီး သားဖြစ်တာမို့ ထိုကျောင်းသား/သူများ မှာ စည်းကမ်းဖောက်ဖို့ကြိုးစားသူအလွန် နည်းပါးလှပါတယ်။
မည်သို့ဆိုစေ။ မိဘပိုင်၊ ဆရာပိုင် ကျောင်းသားပိုင်းတို့က အသိရှိစွာပူးပေါင်း  ပြီး အခြေခံပညာအထက်တန်းစာမေးပွဲ  မှာ စာဖြေသူများနည်းလမ်းမှားမသုံးပဲ နည်းမှန်လမ်းမှန်ဖြင့် စည်းကမ်းနဲ့အညီ ငြိမ်းချမ်းစွာကျင်းပပြီးစီးပွားဖို့လိုအပ်သလို   မလိုလားအပ်တဲ့ ဒီမိုကရေစီလမ်းကြောင်း  ကို အနှောက်အယှက်ဖြစ်စေမယ့် စာဖြေ ကျောင်းသားများကို သိမ်းသွင်းစည်းရုံးပြီး  စာမဖြေနိုင်တာကို အကြောင်းပြုလို၊ ဆူပူ  မှုမျိုးမဖြစ်ပေါ်လာစေရန်လည်း ယခုနှစ်  မှာ ကြိုတင်အသိရှိထားကြဖို့ လိုအပ်ပါ တယ်။ ဖြစ်နိုင်ပါဘူးဆိုပြီး ပေါ့လျော့ရင် မဖြစ်လာရင်အကြောင်းမဟုတ်ပေမယ့် ဖြစ်လာခဲ့ရင် ရင်သွေးတွေလည်းနစ်နာ၊ တိုင်းပြည်လည်းနစ်နာမှာကြောင့် ကြိုတင်  ပြင်ဆင်ကာကွယ်ဆုံသခြင်းက ဖြစ်လာ မှကုသခြင်းထက် ပိုလွယ်ကူအဆင်ပြေ မှာဖြစ်ကြောင်း တွေးမိသမျှရေးပြလိုက်ရ  ပါတယ်။

 

ပြည်သူ့စတား

,

No comments yet.

Leave a Reply

You must be logged in to post a comment.