
““ကျောင်းမှာ စာကောင်းကောင်း မသင်ဘူး ဆရာမတွေက ၀တ္တရားမကြေ ဘဲသင်တယ်။ အင်္ဂလိပ်စာကို ဖတ်ပြ၊ ရှင်းပြခြင်း၊ မေးခွန်းတိုထုတ်ပြီး သင်ကြား ခြင်း၊ စာလုံးပေါင်းအဓိပ္ပာယ်ရှင်းပြခြင်း လုံးဝမရှိဘူး။ ကလေးတွေစာမတတ် တော့ ကျူရှင်ပို့ရတယ်၊ သင်္ချာဆိုလည်း ရှေ့ကတွက်ပြ၊ နောက်ကကလေးတွေ လိုက်ကူးရုံပဲ၊ အဲဒါကြောင့် ပုဂ္ဂလိက ကျောင်းပြောင်းဖို့ စုံစမ်းနေတယ်””
““ကျောင်းသားတွေက ဆရာမသင် ပြ၊ ရှင်းပြတာကို အလေးမထားဘူး သူတို့ ကျောင်းလာတက်တာ စာတတ်ဖို့၊ ပညာ တတ်ဖို့လာသင်တာမှ ဟုတ်ရဲ့လားလို့၊ တစ်ခါတစ်လေ စိတ်ထဲက တွေးမိတယ်။ ကိုယ်တွေက တတ်မြောက်နားလည် အောင် ရှင်းပြသမျှ သူတို့မှာ လိုက်နာ မှတ်ယူခြင်းမရှိ တွေးတောကြံဆခြင်းမရှိ ငေးငိုင်နေတယ်။ (creative thinking) ဆိုတာဝေးရော အခုဆရာမထွက် သူတို့ လဲကြိုက်တာလုပ်တော့တာပဲ။””
““အချိန်ကျရင် ဆရာမတွေက စာမေးပွဲမှာ ကျက်ရမဲ့ဟာတွေ ပြောမှာ ပါပဲကွာ လုပ်မနေနဲ့ ဂိမ်းသွားဆော့မယ်၊ အချိန်ကျရင် ငါတို့အတန်းတက်ရမှာပဲ””
““ကလေးတွေက ကျောင်းမှန်မှန် မတက်ဘူး တစ်ချို့က မိဘလုပ်ငန်းကူ၊ တစ်ချို့က နေ့တစ်ပိုင်းအလုပ်လုပ်၊ တစ် ချို့ကလည်း ဂိမ်းဆိုင်သွားကြတယ်။ ဆရာမတွေစည်းကမ်းကိုင်လည်းမရဘူး။ အတန်းတစ်တန်းမှာ ၆၀ နှင့်အထက်ရှိ လို့ အတန်းပိုင်တွေကလည်း တစ်ဦးချင်း ဂရုစိုက်မှုကို မလုပ်နိုင်ကြဘူး။ (Indivial attention)ဆိုတာမျိုး မလုပ်ပေးနိုင်ကြ ဘူး။ ဆရာမတွေကိုယ်တိုင်ကလည်း မိသားစုတာဝန်အရ၊ လစာနဲ့ မလောက် လို့ တစ်ချို့လည်း ကျူရှင်ပြ၊ တစ်ချို့ လည်း အသေးစားပွဲစားလုပ်၊ တစ်ချို့ လည်း နည်းမျိုးစုံနဲ့ ဈေးရောင်းဝယ်လုပ် ကြနဲ့၊ သူတို့ရဲ့ ပင်မလုပ်ငန်းပေါ်မှာ စိတ် ရောကိုယ်ပါ မထမ်းဆောင်နိုင်ကြဘူး။””
ယနေ့ဖြစ်နေသော အခြေခံအ လယ်တန်းအဆင့်နှင့် အထက်တန်းအ ဆင့်တို့တွင် မိဘ၊ ဆရာ၊ ကျောင်းသား များ၏ စိတ်တွင် ထင်ဟပ်နေသော အတွေးများဖြစ်ပါသည်။ အငြိမ်းစားယူ ပြီးနောက် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း အသီးသီးမှ ကြားနေရသော အခြေခံ ပညာရေးနှင့်သက်ဆိုင်သည့် အသံများ ဖြစ်ပါသည်။
““ပညာရေးကို နိမ့်ကျတယ်လို့ ဝေဖန်နေကြတယ်။ ဘယ်လိုမြှင့်တင်ရ မလဲဆိုတာကိုတော့ အကြံဉာဏ်မပေး ကြဘူး””ဟူသော စကားကို ဂျာနယ်တစ် စောင်တွင် ပညာရေးဝန်ကြီးဌာနမှ ထိပ် ပိုင်းအရာရှိတစ်ဦး၏ ငြီးငြူသံကို ဖတ် လိုက်ရပါတယ်။ အနာသိလျှင် ဆေးရှိရ မည်။ အနာသိအောင် ဂျာနယ်အစောင် စောင်က ရေးလိုက်ကြသည့် ပညာရေး ဆောင်းပါးများ၊ ဖြစ်ခဲ့၊ ပျက်ခဲ့၊ စနစ်မှား ခဲ့၍ ပညာရေးအခြေအနေ နိမ့်ကျရ သည်ကို သိနေပြီးဖြစ်ပါလျက် ဆေးကု ဖို့ မကြိုးစားဘဲ၊ ပညာရေးနိမ့်ကျသည်ဟု ပြောသူများကိုပင် အပြစ်တင်ဝေဖန်လို ကြသည်။ အစိုးရသစ်လက်ထက် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များက ပညာရေးနှင့် သက်ဆိုင်သည့်မေးခွန်းအချို့ကို ပြန် လည် ဖြေကြားရာတွင်လည်း အားရစရာ မရှိ၊ မူလတန်းကျောင်း ဘယ်နှစ်ကျောင်း တိုးတက်ဖွင့်လှစ်ပေးပြီးပါပြီဆိုတာမျိုး တောနယ်အချို့တွင် မူလတန်းကျောင်း ဖွင့်ပြီးရုံဖြင့် ဆရာ မလုံလောက်ပါ။ အတန်း ၅ တန်း(သူငယ်တန်းမှ စတုတ္တ တန်း)ထိကို ဆရာ(၂)ယောက်ဖြင့် သင် ကြားနေရတာမျိုး၊ ကျောင်းသားမရှိလို့ အိမ်လိုက်ခေါ်ရတာမျိုး အချို့တောရွာရှိ မိဘများကလည်း စီးပွားရေးမပြေလည် ၍ အရွယ်ရောက်စပြုကလေးများ၏ အကူအညီဖြင့် ၀မ်းကျောင်းရတာမျိုး၊ ပညာ၏ တန်ဖိုးကို နက်ရှိုင်းစွာ မသိရှိ တာမျိုးကြောင့်လည်းဖြစ်နေပါသည်။ အောက်ဆုံးအဆင့်ဖြစ်သော မူလတန်း အဆင့်ကိုမျှပင် ပညာရေးမှူးများ မကိုင် တွယ်နိုင်ကြသေးသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပါသည်။
မူလတန်းကျောင်းမှ အလယ်တန်း ကျောင်းသို့လည်းကောင်း၊ အလယ်တန်း ကျောင်းမှ အထက်တန်းကျောင်းသို့ လည်းကောင်း၊ ဘယ်နှစ်ကျောင်းတိုးမြှင့် ပေးပြီးပါပြီ။ တက္ကသိုလ်ကျောင်း ဘယ် နှစ်ကျောင်းတိုးမြှင့်ပေးပြီးပါပြီ စသည်ဖြင့် ပြန်လည်ဖြေကြားသောအခါ အတိုက် အခံ အမတ်က ““ပညာရေးကို အရေ အတွက်ဖြင့် ဆုံးဖြတ်ရမှာလား အရည် အချင်းဖြင့် ဆုံးဖြတ်ရမှာလားဆိုသော မေးခွန်းမျိုး အမေးခံရသည်။””
မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်၊ ပညာရေးစနစ်ကို ပြုပြင်ရမည်။ အဆင့်လိုက် ခေတ်မီတိုး တက်သော သင်ရိုးများကို ချမှတ်ထား သော ပညာရေးရည်မှန်းချက်နှင့်လျော် ညီစွာ ပြန်လည်ပြင်ဆင်ရေးဆွဲရမည်။ အဆိုပါ သင်ရိုးသစ်များအတိုင်း ကလေး များကို တတ်မြောက်အောင် သင်ကြား ပေးနိုင်သော အရည်အချင်းပြည့်ဆရာ များကို မွေးထုတ်ပေးနိုင်ရမည်။ ပညာ ရေးရည်မှန်းချက်များကို ခေတ်စနစ်နှင့် အညီ ပြန်လည်ရေးဆွဲရမည်။ သင်ရိုးများ ပြန်လည်ပြင်ဆင်ပြီးပါက သင်ကြားနည်း စနစ်များကိုလည်း ပြောင်းလဲသွားရပါ မည်။ ကလေးများကိုယ်တိုင် စာစီစာကုံး တစ်ပုဒ် (မြန်မာ-အင်္ဂလိပ်) ရေးနိုင်သည့် အဆင့်ရောက်အောင်၊ ပြဋ္ဌာန်းကဗျာ တစ်ပုဒ်ကို စကားပြေပြန်ရေးနိုင်အောင် သင်ကြားပေးရမည်။ ဆရာကိုယ်တိုင် ရေးပေးစရာမလို ပြင်ပမှ ထုတ်သောစာ စီကုံး စာအုပ်များဖတ်ပါစေ၊ အတွေး အခေါ်ရလာလျှင် စာဖတ်ခြင်းအကျင့် ရပါလျင် မိမိဘာသာ စာစီကုံးရေးသား လာနိုင်မည်သာဖြစ်ပါသည်။ ဆရာမများ က ဘာသာရပ်အကြောင်းအရာ တစ်ခု ကို ခေါင်းစဉ်ပေးပြီး လိုအပ်သော အချက်အလက်များကို ကိုယ်တိုင် စာ ကြည့်တိုက်များ စာအုပ်အညွှန်းများတွင် ရှာဖွေရန်ဖြစ်သည်။
ယခုအခါ မြို့ပြ၊ ကျေးရွာများတွင် အမည်အမျိုးမျိုးဖြင့် စာကြည့်တိုက်များ ကို တိုးချဲ့ဖွင့်လှစ်ကြသည်မှာ ၀မ်းသာ စရာဖြစ်ပါသည်။ ကျောင်းစာကြည့်တိုက် များကိုလည်း မရှိမဖြစ် ဖွင့်လှစ်ပေးပြီး ကျောင်းသားများအသုံးပြုတတ်အောင် လေ့ကျင့်သင်ကြားပေးရမည့်စနစ်ကို ပြောင်းရမည်။ ကျောင်းများတွင် ကျောင်း စာကြည့်တိုက်တာဝန်ခံ ဆရာမများ ခန့် ထားပေးရမည်။ ဘာသာရပ်အလိုက် စာအုပ်များကို ညွှန်ပြနိုင်ရမည်။ ထိုကဲ့သို့ အရည်အချင်းပြည့်အောင် လေ့ကျင့်ပျိုး ထောင်ပေးရမည်။
တက္ကသိုလ်ဝင်တန်းအောင် ကျောင်း သားများဝင်ရောက်သင်ကြားလိုသည့် တက္ကသိုလ်များသို့ အရည်အချင်းစစ်ဆေး ပြီး ၀င်ရောက်နိုင်သည့် စနစ်ကို ကျင့်သုံး သင့်သည့်(ဤအယူအဆကို ရေးသူများ ပြီး ထပ်ဆင့်ထောက်ခံ၍ ရေးလိုက်ခြင်း ဖြစ်သည်။)
ပညာရေးပြုပြင်ပြောင်းလဲရေး လုပ် ငန်းများလုပ်လျင် ငွေကြေးပမာဏ သုံးစွဲ ခွင့်မရလျှင် ပညာရှင်နှင့် လုပ်ပိုင်ခွင့်ရှိ သူများလည်း လုပ်နိုင်မည်မဟုတ်ပါ။ စနစ်ပြောင်းခြင်းပြုလျှင် အနည်းဆုံး သုတေသနပညာရှင်အဖွဲ့ခေါ်ရမည့် စရိတ်၊ သင်ရိုးပြောင်းပါက ပြန်လည်ရိုက် ထုတ်ရမည့် ပြဋ္ဌာန်းစာအုပ်များ ကုန်ကျ မည့်စရိတ်၊ အရည်အချင်းပြည့်ဆရာများ မွေးထုတ်ရန်လိုအပ်မည့် သင်တန်းစရိတ်၊ နိုင်ငံတကာသို့ ပညာရေးတိုးတက်မှုများ များသွားရောက်လေ့လာမည့် သုတေသီ ပညာရှင်များစရိတ်၊ ကျောင်းစာကြည့် တိုက်များ အသက်ဝင်လာအောင် ဆောင်ရွက်ပေးရမည့် စရိတ်နှင့်တကွ အခြားမထင်မှတ်သော စရိတ်များစွာ လိုအပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း ပညာရေးအသုံးစရိတ်များကို လုံလောက် စွာသုံးစွဲခွင့်ပြုနိုင်ရမည်။ နိုင်ငံတကာမှ အကူအညီများကိုလည်း ရယူသုံးစွဲရန် လိုအပ်ပါမည်။ သို့မှသာ လုပ်ငန်းများကို အဆင့်လိုက်အကောင်အထည်ဖော်သွား နိုင်မည်ဖြစ်ပါသည်။ ယခု ရေတွင်းတူး သော်လည်း ရေကြည်ကိုတော့ ချက်ချင်း သောက်ရသုံးရမည်မဟုတ်သည်ကို သဘောပေါက်ပါသည်။ ယခုအချိန်မှစ ပြိုင်တူတွန်းကြပါစို့။
ဆောင်းပါးရှင်



Vol-3,No-141
Vol-3,No-140
Download
February 1, 2013
Home, ဆောင်းပါး