မြတ်လယ်တီတက်နေလင်းသည်မို့

January 31, 2013

Home, ဆောင်းပါး

 

 

- လယ်တီဆရာတော်သာ မပေါ်ထွန်း  ခဲ့လျှင် ဗုဒ္ဓပိဋကတ်တော်တို့သည် လူသာ  မာန်တို့လေ့လာရန်မြန်မာစကားပြေဖြင့်   များစွာနောက်ကြနေဦးမည်။
- လယ်တီဆရာတော်မပေါ်ထွန်းမီက ဗုဒ္ဓ   ၏သတိပဋ္ဌာန်တရားတော်သည် လူသာ မာန်များနှင့်မဆိုထားနှင့် ရဟန်းတော်များ နှင့်ပင် လားလားမျှမထိုက်တန်ဟုဆိုခဲ့ကြ ဖူးသည်။
- လယ်တီဆရာတော်ပေါ်ထွန်းလာပြီး နောက် သတိပဋ္ဌာန်တရားတော်သည် ရဟန်းတော်များနှင့်သာမက လူသားအား လုံးနှင့်ပါထိုက်တန်သည်ဟု သာသနာ့ စည်ကြီးကိုကျယ်လောင်စွာမြည်ဟီးစေခဲ့ သည်။
-  လယ်တီဆရာတော်ကြီးသည် ဘုရား ရှင်၏ ပိဋကတ်တော်တို့ကို လူသာမာန်   တို့ လေ့လာနိုင်စေရန်သာမက ကျင့်ကြံ ပွားများအားထုတ်နိုင်စေရန်ပါ ရှင်းကနဲ၊ လင်းကနဲ၊၀င်းကနဲ၊ကွင်းကနဲဖြစ်အောင်   ရေးသားလမ်းညွှန်ခဲ့သော ကျမ်းဒီပနီပေါင်း   ၇၀ခန့်ရှိသည်။
- ဗုဒ္ဓဘာသာကို ကမ္ဘာသို့ဖြန့်ချိသော အထင်ရှားဆုံး အဦးဆုံးသာသနာ့ အာဇာနီ ကြီးဖြစ်သည်။
- ညှိုးနွမ်းနေသော သူ့ကျွန်ဘ၀သာသနာ   ကို တက်နေ၀န်းလိုထွန်းလင်းတောက်ပ အောင်လုံ့လကြိုးကုတ်အားထုတ်တော်မူ ခဲ့သူဖြစ်သည်။
- ဆရာတော်၏များမြောင်လှသော သာ သနာ့ရေးရာနှင့်လောကဓမ်္မရေးရာဆောင် ရွက်ချက်များကြောင့် ဘာသာခြားအင်္ဂလိပ်  အစိုးရကပင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်  တော်နှင့်ရန်ကုန်တက္ကသိုလ်၏ပထမဦးဆုံး ဂုဏ်ထူးဆောင်ပိဋတ္ထရပါရဂူ ဒေါက်တာ ဘွဲ့ချီးမြှင့်ဆပ်ကပ်ခြင်းခံခဲ့ရသူ သာသနာ့   နေမင်းကြီးဖြစ်သည်။
- အလွန်ကျော်ကြားသော အနာဂတ်  ဆရာတော်ကြီး ဦးဘခင်နှင့်ကမ္ဘာအနှံ့ သာသနာပြုနေသော ကမ္ဘာ့ဝိပဿနာ  ဆရာကြီး ဦးဂိုအင်ကာတို့သည် လယ်တီ အမွေခံသာသနာ့ အကျိုးတော်ဆောင် ကြီးများဖြစ်သည်။
ငယ်ငယ်တုန်းက မောင်တက်ခေါင်
ဗုဒ္ဓသာသနာတော်သမိုင်းတွင် နေလို လလိုထင်ရှားလာမည့် လယ်တီဆရာတော်   လောင်းလျာလေးကို ရွှေဘိုခရိုင်၊ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ရွာကြီး၌ အဖဦးထွန်းသာ၊  အမိဒေါ်ကြုံးတို့မှ ၁၂၀၈နတ်တော်လဆန်း  ၁၃ရက်၊အင်္ဂါနေ့တွင် ထူးခြားသော အတိတ်၊   နိမိတ်များဖြင့် ဖွားမြင်ခဲ့သည်ဟု ကျမ်းဂန်   များက မှတ်တမ်းတင်ခဲ့ကြသည်။ မွေးချင်း  ငါးယောက်အနက်၊ဒုတိမြောက်သားရတနာ ဖြစ်သည်။ငယ်နာမည် ““မောင်တက်ခေါင်””    ဖြစ်သည်။ ၁၀နှစ်သားအရွယ်တွင် စိုင်ပြင်  ရွာ ကျောင်းမတိုက်ဆရာတော်ဦးနန္ဒထံ တွင် စာပေစတင်သင်ကြားခဲ့သည်။
ကိုရင်ငယ်ဘ၀ထဲကပညာဂုဏ်ပြတဲ့ ဆရာတော်
အသက်၁၅နှစ်အရွယ်တွင် စာပေ စတင်သင်ကြားရာ ဦးနန္ဒထွံတွင်ပင် ရှင် သာမဏေပြုခဲ့သည်။ လူအမည် မောင် တက်ခေါင်မှသည် ကိုရင်ဥာဏစကဖြစ် သည်။ ကိုရင်ဘ၀ဖြင့် ကစ္စည်း၊သဒ္ဒါကြီး၊   အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၀ီထိလက်ရိုး၊မာတိ ကာ၊ဓာတုကထာ၊ယမက၊ပဋ္ဌါနဟူသော   ကျမ်းများကိုသင်ကြားတတ်မြောက်ခဲ့သည်။
အသက် ၁၈နှစ်တွင်ဆရာတော်   ဦးဂန္ဓမာထံတွင် ဗေဒင်ပညာကိုလေ့လာ သင်ကြားခဲ့သည်။ ဗေဒင်ပညာတတ်မြောက် ပြီး၊ဗေဒင်နှင့်ပတ်သက်သော ဇာတာဖွဲ့ များ လက်ရိုးလင်္ကာများကိုရေးသားခဲ့ သည်။ ကိုရင်ဘ၀ဖြင့်ပင် သဒ္ဒါဆိုင်ရာ ကျမ်းများကိုသင်ကြားစဉ် ၀စ္စ၀ါစက ကောက်လည်းရေးခဲ့သည်။ မဟော်ကျေး စေခန်းရတုသည်လည်း ကိုရင်ဥာဏဓဇ  ၏ လက်ရာပင်ဖြစ်သည်။
မြင့်မြတ်သောရဟန်းဘ၀သို့
အသက်၂၀ပြည့်သောအခါ စိုင်ပြင် ရွာ မြင်တင်တိုက်ခဏ္ဍသိမ်၌ ဆရာတော်   ဦးနန္ဒကိုဥပဇ္ဈပြု၍မြင့်မြတ်သသောရဟန်း   ဘ၀သို့ ရောက်ရှိတော်မူခဲ့သည်။ လယ်တီ ဆရာတော်၏ရဟန်းဘွဲ့မှာ ““ဥာဏဓဇ””   ပင်ဖြစ်သည်။ရဟန်းသုံးဝါအရတွင် မန္တ လေးမြို့မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်  ဆရာတော်ကြီး ဦးသုဒဿနထံ၌ စာပေ သင်ကြားတော်မူခဲ့သည်။
မင်းတုန်းမင်းကိုကူညီ
ရှင်ဥာဏဓဇ မင်္ဂလာစံကျောင်းတိုက်   ၌ ပညာသင်ကြားနေစဉ် ၁၂၂၅မှ၁၂၃၀  ပြည့်နှစ်အတွင်း မင်းတုန်းမင်းတရားကြီး၏  ပဉ္စမသံဃရတနာတင် ပဋိကတ်သုံးပင်  ကျောက်ထက်အက္ခရာတင်စဉ် ““အဘိ ဓမ္မာကထာဝတ္ထု””ပါဠိတော်ကိုပြန်ဆိုတော်   မူသည်။
လယ်တီဆရာတော်၏ဆရာတော်ကြီးများ
ရှင်ဥာဏဓဇ၏ ဆရာတော်ကြီးများ မှာ စံကျောင်းဆရာတော်ဦးသုဒဿန၊ မကုဋါရာမကျောင်းဆရာတော်ဦးခေမိန္ဒ၊  စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ဖြစ်ပြီး၊ဆရာ တော်ကြီးများထံတွင် ပါဠိပိဋကကျမ်းဂန် များကို အဋ္ဌမထာနှင့်တကွသင်ယူခဲ့သည်။    ရဟန်းရှစ်ဝါတွင် စံကျောင်းတိုက်၌ ပထမ    စာချဆရာတော်အဖြစ် တပည့်များကို ပါဠိတော်များကိုသင်ကြားပေးသည်။ စာချ ဖြစ်လာပြီးနောက် ဆရာတော်ကြီးသုံးပါး   အပြင်၊အခြားဆရာတော်ကြီးများထံတွင်   စာပေများဆက်လက်ဆည်းပူးခဲ့သည်။ ၁၅၀ါ၊၁၆၀ါတိုင် အောင်စာပလေမချပဲ နည်းခံသင်ယူတော်မူသည်။ဆရာတော် သည် ရဟန်းပုဂ်္ဂိုလ်ကျော်များထံတွင် သာမက မြန်မာပညာရှိယောမင်းကြီးဦး ဖိုးလှိုင်နှင့်ဦးဖားတို့ထံတွင် လောကီ၊လော ကုတ်္တရာ နှစ်ဖြာသော ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။အခြားသော စာတတ်၊ ပေတတ်၊ဗေဒင်တတ်၊ဆေးကျမ်းတတ် ပုဂ်္ဂိုလ်များထံသို့သွားရောက်၍လည်း ပညာဗဟုသုတတို့ကို ၀ိရိယကြီးစွာဖြင့်   ရှာမီးခဲ့သည်။
လယ်တီဆရာတော်နှင့်နွားမေတ္တာစာ
ရှင်ဥာဏဓဇသည် ၁၂၄၄တွင် မုံရွာ မြို့၊ရွှေစည်းခုံကျောင်းတိုက် ဆရာတော် ၏ ပင့်ဖိတ်လျှောက်ထားချက်အရ ထို ကျောင်းတိုက်သို့ကြွရောက်သတင်းသုံး တော်မူပြီး စာပေပို့ချတော်မူသည်။ ၁၂၄၇ တွင် မြန်မာဘုရင်သီပေါမင်းကို အင်္ဂလိပ်    တို့အကျယ်ချပြီးနောက် သူ့ကျွန်ဘ၀တွင်   နွားသတ္တစာအမြောက်အများ သေကျေ ပျက်စီးမည်ကို မလိုလား၍ နွားသားစား ခြင်းကိုရှောင်ကျဉ်ကာ၊အခြားသူများကို လည်း နွားသားမစားရန် မေတ္တာရပ်ခံပြီး နွားမေတ္တာစာကိုရေးသားဖြန့်ဝေခဲ့သည်။
လယ်တီဆရာတော်ဟုခေါ်တွင်တော်မူလာပုံ
ရှင်ဥာဏဓဇ ရွှေစည်းခုံကျောင်းတိုက် ၌ သီတင်းသုံးစာဝါပို့ချတော်မူနေစဉ် ၁၂၄၈ တပို့တွဲလအတွင်း မုံရွာမြို့ မြောက် အရပ်ရှိ လယ်တီတောထဲသို့ တစ်ပါးတည်း  ဒေသစာရီကြွချီတော်မူ၍ ရွှေစည်းခုံ ကျောင်းသို့မပြန်တော့ဘဲ တရားအား   ထုတ်တော်မူသည်။တပည့်ရဟန်းများလိုက် လာရာ လယ်တီတော၌ပင်စာဝါများပို့ချ ပေးတော်မူရင်း ဂန္ဓဓူရ၊၀ိပဿနာဓူရနှစ် မျိုးလုံးကိုမဆုတ်မနစ်အားထုတ်တော်မူ   ရင်း ထိုနေရာ၌ ဆရာတော်ဘုန်းကံမြင့်  ကျောင်းတိုက်ကြီးများဖြစ်လာတော်မူ သည်။လယ်တီတောထဲတွင် တည်သော    ကျောင်းတိုက်ဖြစ်၍ လယ်တီကျောင်းတိုက် ဟုခေါ်ဝေါ်တော်မူခဲ့ပြီး စတင်တည် ထောင်သော ရှင်ဥာဏဓဇကိုလည်း လယ် တီဆရာတော်ဟုခေါ်ဝေါ်ကြလေသည်။
ပိဋကတော်ကိုခြောက်ခြားနိုင်သည့် ဆရာတော်
၁၂၅၉တန်ဆောင်းမုန်းလတွင် ပရိ ယတ်္တိသာသနာတော်ကိုတုန်လှုပ်ခြောက် ချားသွားသည့်  ““ပရမတ္ထဒီပနီ””ဆိုသော  ကျမ်းမြတ်ကိုပြုစုတော်မူခဲ့သည်။ ထိုကျမ်း သည် ဗုဒ္ဓပိဋကတ်စာပေသင်ကြားရေး ဆိုင်ရာကျမ်းမြတ်တစ်ဆူဖြစ်သည်။ပါဋ္ဌိ  လိုရေးသားသော ထိုကျမ်းမြတ်တွင် အဘိ ဓမ္မတ္ထသင်္ဂဟကျမ်းစင်အဖွင့်ဖြစ်သော ၀ိ ဘာဝနီမည်သော ဋီကာကျော်၏ ချွတ် ယွင်းချက်များကိပြတ်ပြတ်ထင်းထင်းထုတ် ဖော်ဝေဖန်မှုပြုပြီး မိမိ၏အတွေးအမြင် အယူအဆတို့ကို ရဲဝံ့ပြတ်သားမှုအပြည့် ဖြင့် ယုံကြည်ချက်ခိုင်မာစွာနှင့်ရေးသား ဖော်ပြခဲ့သည်။ထို့ကြောင့် ““ပရမတ္ထဒီပနီ””  ကြောင့် လယ်တီဆရာတော်၏ ပညာရနံ့  သည်လည်းပို၍သင်းပျံ့ကျော်ကြားခဲ့ရ တော့သည်။ပါရမီမြောက်ပညာကြီးတဲ့   လယ်တီဆရာတော်ရဲ့ ပညာရေးပွဲဦးထွက်  ကောင်းပါတယ်။
တပည့်ရဟန်းတွေကိုသောက်သုံးရေ ကိုယ် တိုင်လှူသည့်ဆရာတော်
လယ်တီဆရာတော်သည်၊အဘိဓမ္မာ  သက်ဆိုင်ရာ ဋီကာကိုသာမက၊သဒ္ဒါဘက်  ဆိုင်ရာ ““နိရုတ္တဒီပနီ””ကျမ်းကိုလည်း ၁၂၆၅တွင် ပြုစုတော်မူခဲ့သည်။လယ်တီ  ဆရာတော်သည် ပါဠိတော်တွင်သာကျွမ်း ကျင်သည်မဟုတ် မြန်မာစကားပြေအရေး   အသားလည်း အံ့မခန်းကျွမ်းကျင်တော်မူ သည်၊၁၂၅၇တွင် အိန္ဒယပြည်မဟာဗောဓိ  သို့ ဘုရားဖူးကြွရန်အလာ ရန်ကုန်-မန္တ လေးမီးရထားပေါ်တွင် ခက်ခဲနက်နဲသော ပဋိစ္စသမပ္ပါဒ်လင်္ကာ ၁၃ပုဒ်ကို ရှင်းလင်း စွာရေးဖွဲ့သီကုံးခဲ့သည်။ ရန်ကုန်အရောက်    ကျမ်းအပြီးဖြစ်ခဲ့သည်။
လယ်တီဆရာတော်သည် တပည့် ရဟန်းတော်တို့အား စာပေပို့ချပြီး ကျမ်း ဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဋ္ဌာန်း  တရားအားထုတ်ခြင်း၊တရားဟောခြင်း၊   သာသနာပြုခြင်းစသည့် ဗုဒ္ဓကိစ္စများဖြင့်    မအားမလပ်သည့်ကြားမှ လယ်တီကျောင်း  တိုက်ရှိ စာသင်သားရဟန်းသံဃာတော် များအား သောက်သုံးရေကို ကိုယ်တိုင်  ခပ်၍လှူဒါန်းတော်မူသည်။
လယ်တီဆရာတော်ဘုရားကြီး၏အမူ အကျင့်များ
လယ်တီဆရာတော်ကြီးသည် မြန်မာ ပြည်အရပ်ရပ်သို့ မကြွရောက်သောအချိန်  များတွင် မိမိသီတင်းသုံးရာ လယ်တီကျောင်း  တိုက်ကြီးရှိ စာသင်သားတပည့်ရဟန်း တော်များကို စာပေများကိုယ်တိုင်ပို့ချ တော်မူသည်။ ထိုကိစ္စပြီးလျှင် ကျမ်းစာ များကို ပြုစုတော်မူသည်။
ရဟန်းရှင်လူတို့တောင်းပန်လျက်ထား  သည့်အခါလည်း ကျမ်းဂန်များရေးလေ့ ရှိသည်။ ကျမ်းစာရေးချိန်ကိုသီးသန့်ထားလေ့ မရှိပဲ၊ အချိန်ရလျှင်ရသလိုရေးသားတော်   မူခြင်းဖြစ်သည်။ စာရေးသည့်အခါ ခဲတံ   ကိုသာ အသုံးပြုလေ့ရှိသဖြင့် တပည့်ရဟန်း   တစ်ပါးက ခဲတံချောင်းရေ၁၀၀ကျော် ၂၀၀ခန့်ကို အသင့်ချွန်ပေးထားရသည်။
လယ်တီဆရာတော်၏စာအရေး  သားသည် မြန်မာဘာသာဖြင့်လွယ်လွယ် ရှင်းရှင်းအနက်ထင်အောင်ရေးသားသော ရေးနည်းဖြစ်သည်။ပါဠိဘာသာမသင်ရ သော မသင်ဘူးသောသူများ ဆရာတော် ၏ အရေးအသားနှင့်အလွန်ပင်ဆီလျော် လှသည်။ မြန်မာစကားပြေသန့်သန့်အရေး အသားကြောင့် ဘုရားဟောအဘိဓမ္မာ   ကျမ်းများသည် ဖတ်ရှုသည် လျှောကနဲ လျှာတွေ၊ဒကာတွေက၊မျက်တွေ့၊လက် တွေ့ဖြစ်စေသည်မှာ လယ်တီဆရာတော်  ကြီး၏ သာသနာပြုပါရမီမြောက်ဂုဏ် ရည်ကြောင့်ဖြစ်သည်။
လယ်တီဆရာတော်၏ ပိဋကတ်  ဘာသာပြန်ရှင်းလင်းချက်များကို ဖတ်ရှု    ကျင့်ကြံသူရော အတွင်းဝန်ဦးဖိုးလှိုင်က    ““ဒီအရေးအသားရှင်းလင်းချက်တွေကို ဘ၀ရှင်မင်းတရားကြီးသာဖတ်ခွင့်ရမည် ဆိုလျှင် ဘယ်လောက်ကောင်းလိုက်လေ  မလဲ””ဟု  မင်းတုန်းမင်းတရားကြီးကို ရော်ရမ်းတမ်းတမျက်ရည်ကျခဲ့ဖူးသည်ဆို ၏။
ကျမ်းဂန်ရေးသားခြင်းဆိုင်ရာ လယ်တီ ဆရာတော်ကြီးအဆို
ကျမ်းဂန်များအရေးအသားနှင့်ပတ် သက်၍ ““လယ်တီဆရာတော်မဟာ ထေ  ရုပ္ပတ်္တိကထာ””တွင် ဆရာတော်ကြီးက ““ပါဠိအကိုးအကားများ၍ လူသာမာန်တို့ မဖတ်နိုင်၊ခက်ခဲ၊နက်နဲမှသာ ကျမ်းပြု ဆရာဂုဏ်ထင်ပေါ်ကြသဖြင့် ပါဠိအကိုး အကားများစွာနှင့်ထုတ်ဆောင်ကြရသော    မြန်မာလူမျိုးများမှာ ဓမ္မရသ တရားအရ သာများကို မခံစားကြရဘဲ ကုသိုလ်ရရုံ လောက်နှင့်သာ တစ်ဘ၀ပြီးဆုံးသွားကြ ရလေသည်။””
““ငါတို့သဘောက၊ကျမ်းပြုဆရာတော်  ဂုဏ်မထင်မပေါ်ချင်နေပါစေ၊ကျမ်းစာ ကြည့်ရှုကြတဲ့စာကြည့်ပရိသတ်တွေ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ၊၀င်းကနဲ၊   အသိအလိမ်္မာဥာဏ်ရှင်းမှုကိုသာ ပဓာန  ထား၍ရေးသားသော ကျမ်းစာတွေသာ များသည် ပါဠိအကိုးအကားများမှာ မထည့်လျှင် မဖြစ်မှသာထည့်သည်။ ပါဠိ   ပါဋ္ဌ်သား နည်းနိုင်သမျှနည်းအောင် ဂရု စိုက်၍ရေးသည်။ သို့သော် ပါဠိတော်  စည်းမျဉ်းဓမ္မစည်းမျဉ်းအလွတ်ရေးသည် မဟုတ်၊စည်းမျဉ်းကိုက်ညီအောင်ရေးသည်”” ဟု ဖော်ပြထားသည်။
လယ်တီဆရာတော်သည် ခက်ခဲ နက်နဲသောကျန်းဂန်များကိုသာလက်စွမ်း ပြရေးနိုင်သည်မဟုတ် စာနု၊စာလှ၊စာအ  ဟာရများကို ကဗျာလင်္ကာများကိုလည်း   ကျွန်းကျင်စွာဖွဲ့ဆိုနိုင်သည်။ဆရာတော်  ပြုစုရေးသားတော်မူသော ဂန်္ဘီရကဗျာ  ကျမ်းမြတ်သည် ဆရာတော်၏ပြောဆို ဆုံးမမူသြ၀ါဒများကို အနုပညာမြောက် ရေးဖွဲ့သီကုံးထားသော လယ်တီလက်ရာ  မွန်ကဗျာကျမ်းဖြစ်သည်။
ပြည်တွင်းပြည်ပသာသနာပြုပုဂ်္ဂိုလ်ကျော်
လယ်တီဆရာတော်ဘုရားကြီးသည်   ၁၂၇၅တွင် နိုင်ငံခြားသာသနာပြုအသင်း   ကို ကိုယ်တိုင်ဦးစီးတည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများမှ ပညာရှင်ပါမောက်္ခ များမေးသမျှ အဘိဓမ္မာမေးခွန်းများကို ဗုဒ္ဓနည်းကျဖြေဆိုသဖြင့် ဆရာတော်၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြားတိုင်းပြည်    များထိကျော်ကြားတော်မူသည်။အနောက် နိုင်ငံပါဠိပါမောက္ခများ၏တိုက်တွန်းလျှောက်   ထားချက်အရ ပါဠိအဘိဓာတ်ကျမ်းကြီး  ပေါ်ထွက်အောင် မစိုးရိမ်ဆရာတော် ဦးသောမ၊ဦးသူရိယ၊ဦးဥာဏ၊ဦးရာခိန္ဒတို့ နှင့်အတူ စီမံဆောင်ရွက်တော်မူခဲ့သည်။
ရွှေတောင်ကြီးပြိုပြီ
ဆရာတော်ကြီးသည် တစ်ဘ၀၊တစ်  သာသနာအတွင်း၊စာပေပို့ချခြင်း၊ကျမ်း ဂန်ရေးသားခြင်းကမ္မဋ္ဌာန်းအားထုတ်ခြင်း၊   တရားဟောခြင်း၊သာသနာပြန့်ပွားအောင်   ဆောင်ရွက်ခြင်း၊ကပ်ရောဂါကြုံနေရသော     သူများကိုကယ်တင်ခြင်း၊မိုးခေါင်သည်ကို   သီလဖြင့်ရွာသွန်းစေခြင်းတို့ကို  မနားမနေ    ဆောင်ရွက်ရင်း သက်တော် ၇၈နှစ် ၀ါ တော် ၅၈၀ါအရောက် ၁၂၈၅၊ပထမ၀ါဆို   လပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ ပျံလွန်တော်မူခဲ့သည် မှာ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုး မဖြတ်နိုင်သော ရွှေတောင်ကြီးပြိုခဲ့ခြင်း ဖြစ်ပါကြောင်း။

 

  အောင်ရဲထွန်း(ဓာတု)

,

No comments yet.

Leave a Reply

You must be logged in to post a comment.