ယခုတစ်လော ရန်ကုန်မြို့ပေါ်တွင် လူအများ သာဓုခေါ်စရာမြင်ကွင်းတစ်ခု ကို မြင်မိ၊ သတိထားမိကြပေလိမ့်မည်။ မြင်ကွင်းကတော့ ကားလမ်းပေါ်နှင့် မီးပွိုင့်များတွင် ကားကျပ်မှုများ အထိုက် အလျောက် အဆင်ပြေသွားသည့် မြင် ကွင်းဖြစ်သည်။ လိုင်းကားစီးပြည်သူများ စိတ်ချမ်းမြေ့သည့်မြင်ကွင်းဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက် နေ့မှစ၍ ကမာရွတ်မြို့နယ်၊ လှည်းတန်း ဈေးအရှေ့ရှိ လှည်းတန်းလမ်းမကြီးပေါ် တွင် ညဈေးရောင်းချခြင်းကို စည်ပင် သာယာမှ တားဆီးပိတ်ပင်ခဲ့သည်။ ထို ဈေးသည် ကျွန်တော့်တိုက်ခန်းမှ ကြည့် ပါက ကျွန်တော်၏ ညစဉ်မြင်ကွင်း၊ ညစဉ်ရနံ့၊ ညစဉ်ကုန်ကြမ်း၊ ညစဉ်အ တွေးများဖြစ်ခဲ့သည်။ နေ့စဉ် ညနေ (၅) နာရီကျော်စပြုပြီဆိုကတည်းက တွန်း လှည်းမျိုးစုံတို့ ဈေးဖွင့်ရန်ရောက်လာကြ တော့သည်။ ရောက်ရောက်ချင်း ဆိုင် တော့ဖွင့်ခွင့်မရကြသေး။ ဈေးသည်များ ရောက်နေသလို စည်ပင်ဝန်ထမ်းများက လည်း ယူနီဖောင်းများဖြင့် (၂)ယောက် တစ်တွဲ၊ (၃)ယောက်တစ်တွဲဆိုသလို ရောက်နေလေ့ရှိသည်။ ညနေ (၆)နာရီ ကျော်မှ ဆိုင်များစတင်ဖွင့်ခွင့်ရကြသည်။ ထိုသို့ ဖွင့်ခွင့်ရသည်နှင့် တစ်ပြိုင်တည်း ရောင်စုံထီးများ၊ အသင့်သုံးယာယီအမိုး များက ရောင်စုံပန်းများပွင့်သကဲ့သို့ အပြိုင်အဆိုင် ပေါ်လာခဲ့ကြသည်။ ခေါက်စားပွဲ၊ ခေါက်ကုလားထိုင်များ ခင်း ခြင်း၊ မီးဖိုများပြင်ဆင်ခြင်းများ ပြုကြ သည်။ အမျိုးသမီးအ၀တ်အထည်ဆိုင် များက အမျိုးသမီးအပေါ် ရှေ့ပိုင်းပုံ (ပလပ်စတစ်မို)များ ချိတ်ဆွဲကြ၊ ငါးကင် ဆိုင်များက ငါးကင်အနံ့များ စတင်ပျံ့နှံ့ စပြုစ၊ မကြာမီ အသင့်ချက်လာသော မုန့်ဟင်းခါးဆိုင်မှာ လူစတင်စည်ကားနေ ပေပြီ။
ကုလားပဲဟင်းအရည်နှင့် ကြက် သားသုတ်၊ ပဲသုတ်၊ စမူဆာသုတ်ရောင်း သော မုတ်ဆိတ်မွေးဖြူဖြူနှင့် ကုလား ကြီးသည် သူ၏ ဆိုင်ကို ရှေ့သို့နည်းနည်း တိုး (ခိုး၍ခင်း၏။ ရွှေ့၏။ သူခင်းသဖြင့် ရွှေကြည်ဆနွင်းမကင်း၊ ရွှေကြည်ဟာလ ၀ါ၊ ကျောက်ကျော၊ ကောက်ညှင်းရွှေ ကြည်၊ ထမင်းနဲ၊ ငှက်ပျောသီးဆနွင်း မကင်းရောင်းသောဆိုင်သည်လည်း ကုလားကြီးဆိုင်နှင့်အတူ ညာညှိ၍ တိုး လာခဲ့၏။ ဖိနပ်ဆိုင်နှင့် အဟောင်းထည် ဆိုင်များလည်း ထို့အတူပင်။
ကျွန်တော်တို့လူမျိုးများက အခွင့် အရေးနည်းနည်းရလျှင် များများလိုချင် သည်။ ရှေ့သို့နည်းနည်းတိုးခွင့်ရပါက များများတိုးလိုက်ချင်သည်။ ထိုသို့တိုးခွင့် ရရေးအတွက်လည်း သက်ဆိုင်ရာ ဌာန ဆိုင်ရာများကို ငွေဖြင့် ၀ယ်တတ်ခဲ့ကြ သည်။ ယခုလည်း ၀ယ်နေဆဲဖြစ်သည်။ ပြည်လမ်း၊ အင်းစိန်လမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းဘက်မှ လှည်းတန်းလမ်းပေါ် သို့ ၀င်ရောက်လာသောကားများ ၀င်ယူ စရာနေရာမရှိသဖြင့် မီးပွိုင့်လမ်းဆုံပေါ် တွင် စုပြုံတိုးနေရတော့သည်။ ထိုရော အခါ အချိန်ကြာမြင့်မှုကြောင့် ညည်း တွားမှု၊ အလိုမကျမှု၊ မစောင့်စည်းနိုင်မှု၊ တောက်ခေါက်မှုများပေါ်လာ၏။ ကား များကလည်း ဟွန်းသံဖြင့် တောက် ခေါက်၏။ ထိုသို့ ဒီမိုကရေစီကာတွန်းသံ များ၊ ဆူညံလာတော့မှ လှည်းတန်းမီးပွိုင့် ယာဉ်ထိန်းရဲရုံးအတွင်းသို့ တာဝန်ရှိယာဉ် ထန်းက ကြားဟန်တူ၏။ နှုတ်ဆွဲတော် ခရာကို ခရာကြိုးဖြင့် အင်္ကျီဒေါက်အ တွင်း တပ်ဆင်၍ အိနြေ္ဒကြီးတစ်တင်း သားဖြင့် ခရာကိုစူးစူးရှရှ တွတ်လေတော့ သည်။
ထိုသို့ ခရာအဆက်မပြတ်တွတ် သော်လည်း ငတွတ်ပင်၊ ကားများက ရှေ့သို့တိုး၍မရ၊ မရရေးချမရ၊ လှည်း တန်းဈေးညာဘက်အပေါက်ဝတွင် အဓိပတိ(အ၀ါ)လိုင်းကားကြီးနှင့် မှော်ဘီ သွား ဟိုင်းလတ်ယာဉ်ငယ်တို့က သူရပ် လို့ငါရပ်တယ်။ ခရီးသည်စောင့်လို့ရပ် တယ်။ လူမပြည့်လို့ရပ်တယ်။ နောက် ကားမလာသေးလို့ရပ်တယ်ဆိုသော ရပ် ခြင်းအမျိုးမျိုးတို့ဖြင့် စက်သပ်ပြီး ကျောက်ချ(ဘီးချကာ)မျဉ်းပြိုင်ရပ်ထား သောကြောင့် မည်သည့်ကားမျှ ကျော် တက်ခွင့်မရှိတော့ချေ။ (ဒါက စီမံချက် မတိုင်မီ မောင်တင့်အမြင်များဖြစ်သည်။)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၂)ရက်၊ အင်္ဂါနေ့ နံနက် (၇)နာရီမှစ၍ ယာဉ် ထိန်းရဲ(၂)ယောက် ဒုရဲအုပ်တစ်ဦး၊ ဒုတိယတပ်ကြပ်တစ်ဦးနှင့် (၉)နာရီခန့် တွင် အမျိုးသမီးယာဉ်ထိန်းရဲမေ (တပ် ကြပ်-၂)ဦး ထပ်မံအားဖြည့်ပြီး လမ်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်း ကို တွေ့မြင်ရ၏။
၎င်းယာဉ်ထိန်းရဲများ၏ ဆောင်ရွက် ပုံဆောင်ရွက်နည်းမှာ-
(က) လှည်းတန်းဈေးဘက် ဈေး အုတ်နံရံအနီး ယခင်က ကားများရပ် နားခွင့်ပြုကာ၊ ငွေကြေးကောက်ခံနေ သော နေရာတွင် မည်သည့်ကားမျှ ရပ် နားခွင့်မပြုတော့ဘဲ အကယ်၍ ရပ်လိုပါ က စိန်ဂေဟာရှေ့သို့ နေရာညွှန်ပြခြင်း။
(ခ) လိုင်းကားကြီးငယ်များ ဈေး အပေါက်ဝတည့်တည့်တွင် ရပ်ခွင့်မပြု တော့ဘဲ ရှေ့တိုး၍ သတ်မှတ်ယာဉ်ရပ် နားရန်နေရာတွင်သာ ရပ်ခွင့်ပြုခြင်းနှင့် အတူ အချိန်ဆွဲ လူစောင့်ရပ်ခွင့်မပြု တော့ဘဲ ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကို ကျင့်သုံးလာခြင်း။
(ဂ) စည်းကမ်းတကျ လူတင်/ ချပြုလုပ်ခြင်းမရှိသော T axi ယာဉ်ငယ် များအားလည်း ရပ်ရမည့်နေရာသို့ ညွှန် ပြ၍ ပညာပေးမှုပြုလုပ်ပြီး ရပ်၊ တင်၊ ချ၊ ထွက် စနစ်ကျင့်သုံးစေခြင်း။
(ဃ) လှည်းတန်းဈေးရှေ့အုတ်ခြံ စည်းရိုးဘက်တွင် ““ယာဉ်မရပ်ရနယ်မြေ”” ဟု အဖြူပေါ်တွင် အနီရောင်စာလုံး အထူဖြင့် ရေးသားမျှားပြ၍ ထပ်မံသတိ ပေးထားခြင်း။
(င) လမ်းဖြတ်ကူးသူ လူအများစု အား လှည်းတန်းစိန်ဂေဟာအရှေ့ရှိ လူကူးမျဉ်းကျားမှကူးရန် ကူညီစီမံပေး ခြင်း၊ လက်ကိုင်အသံချဲ့စက်ငယ်တွင် အသင့်အသံသွင်း၍ ““လုပ်သားပြည်သူ အပေါင်းတို့ရှင့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် လူကူးမျဉ်းကြားမှ ကူးပါရန် မေတ္တာရပ်ခံအပ်ပါသည်””ဟု အကြိမ်ကြိမ် နှိုးဆော်သတိပေးနေခြင်း။
(စ) လှည်းတန်းစိန်ဂေဟာရှေ့ရှိ ယာဉ်ရပ်စခန်းတွင် ၀င်/ထွက်လိုသော ယာဉ်များအတွက် အကူအညီများပေး နေခြင်းတို့ကို ဆောင်ရွက်နေကြောင်း များကို မောင်တင့်မျက်မြင် မြင်နေရ ကြောင်း တင်ပြလိုပေသည်။
တာဝန်ကျ ဒုရဲအုပ်ယာဉ်ထိန်းကို မေးကြည့်တော့
(က) ယခုလ ဇန်န၀ါရီလ (၂၂) ရက် မှစတင်၍ ရက်သတ်္တတစ်ပတ်အထိ ပညာပေးကာလဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူမှုများ စတင်လုပ်ဆောင်သွား မှာဖြစ်ကြောင်း။
(ခ) မရမ်းကုန်း၊ ကမာရွတ်၊ စမ်း ချောင်းမြို့နယ်များမှ နေရာ(၇)နေရာ တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်လည်း ပါဝင်ကြောင်း။
(ဂ) ယာဉ်ထိန်းများမှာ အလှည့် ကျ(၂)ရက်လျင် (တစ်ရက်နား)စနစ်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ၎င်းမှ တာဝန်ထမ်းဆောင်နေရင်း အကြမ်းဖျင်းပြောသွားပါတယ်။
ဈေးဝန်ထမ်းတွေက ဒီလိုဆို-
(က) လှည်းတန်းဈေးရှေ့တည့် တည့်တွင် ယခင်ညဈေးဆိုင် (၁၅)ဆိုင် ခန့်ရှိကြောင်း၊
(ခ) ထိုဆိုင်များကို နောက်နောင် လည်း ဖွင့်ခွင့်ပြုတော့မှာမဟုတ်ကြောင်း။
(ဂ) ညဈေးတစ်ဈေးလုံး ဆိုင် အမျိုးအစားနှင့် ဆိုင်အရေအတွက် အတိအကျကိုတော့ ၎င်းမသိသဖြင့် မြို့ နယ်သို့ သွားရောက်မေးမြန်းစေလို ကြောင်း။
(ဃ) ညဈေးတွင် ငါးကင်ဆိုင် (၈/၉)ဆိုင်ခန့်ရှိကြောင်း၊ လမ်းမပေါ်သို့ မည်သည့်ဆိုင်မှ မတက်ရေးဆောင်ရွက် သွားမှာဖြစ်ကြောင်း နွေးထွေးပြေပြစ်စွာ ပြန်လည်ပြောကြားခဲ့ပါတယ်။
မောင်တင့်တွေးမိတာက-
(က) ရဲတပ်ဖွဲ့ဝင်အင်အားမည်မျှ တိုးချဲ့ပြီး၊ ပညာပေးကာလ မည်မျှကြာ မြင့်စေကာမူ ပြည်သူမပါရင်၊ ပြည်သူ မကူညီရင်၊ ပြည်သူမသိတတ်ရင် ဘယ် လိုမှ အောင်မြင်မယ်လို့ မထင်ပါဘူး။
(ခ) အဲသလို ဘာဖြစ်လို့ဆိုရ သလဲဆိုတော့ ဇန်န၀ါရီ (၂၂၊ ၂၃၊ ၂၄) (၃)ရက်တိတိ မောင်တင့်စောင့်ကြည့်တဲ့ အခါ လိုင်းကားယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ၊ Taxi ယာဉ်မောင်းများ၊ လိုင်းကားစီးခရီးသည်များအနေနဲ့ ယာဉ် ထိန်းရဲရှိရင်တစ်မျိုး၊ မရှိရင်တစ်မျိုး၊ ညအချိန်ယာဉ်ထိန်းရဲများ၊ တာဝန်မှ အနားယူရန် ပြန်သွားတဲ့အချိန်မျိုးမှာ ဟွန်းသံတညံညံနဲ့ ဖောက်ဖျက်ကျူးလွန် မြဲ စည်းကမ်းများကို ကျူးလွန်လျက်ပါပဲ။
(ဂ) ပညာပေးကာလပြီးဆုံးလို့ အရေးယူကာလများတွင် လမ်းပြောင်း ပြန်မောင်းသော(၂)ထပ် (၃)ထပ် ပိတ် ရပ်သော၊ ရပ်နားခွင့်မပြုသည့်နေရာတွင် ရပ်သော ယာဉ်အားလုံးအား ထိထိ ရောက်ရောက် ချလံဖြတ်အရေးယူဖို့ လိုပါလိမ့်မယ်။ (အပေါ်ကကြတ်မတ် သမျှ အောက်ခြေက ငွေတွင်းကြီးမဖြစ် ဖို့ပါပဲ။)
(ဃ) ထိုသို့ လမ်းကြောင်းရှင်းလင်း သည့်လုပ်ငန်းအပြင် လမ်းကြောင်း အတိုင်း အပြည့်အ၀ မမောင်းဘဲ ဖြတ် လမ်းများမှမောင်းသော လိုင်းကားများ လည်းရှိလေတော့ အရေးယူသင့်ပါ တယ်။
(င) နံပတ်မပါ၊ သတ်မှတ်ယူနီ ဖောင်းဖြင့်မစီး၊ ဆိုင်ကယ်စီးဦးထုတ် မဆောင်း၊ လူအပိုတင်သော ဆိုင်ကယ် များသည် ယခုအထူးစီမံချက်ဖြင့် လမ်း ရှင်းလင်းရေးဆောင်ရွက်နေသော ယာဉ် ထိန်းရဲများရှေ့တွင် ပြောင်ပြောင်တင်း တင်း စီးနင်းနေသဖြင့် တစ်ပြိုင်တည်း အရေးယူသင့်ပါကြောင်း။
စည်ပင်အနေဖြင့်လည်း-
(က) ကားရပ်နားရန်နေရာမရှိ သော ဈေးဝယ်စင်တာကြီးများကိုလည်း ကားရပ်နားခွင့်သီးခြားပြုလုပ်စေခြင်း၊ ကုန်တင်/ကုန်ချ ၀င်းပြုလုပ်၍ ကုန်တင် ချရန်နေရာသတ်မှတ်ထားခြင်းများ ပြု လုပ်စေခြင်း၊ အများပြည်သူသုံးလမ်းမ များပေါ်တွင် ကုန်တင်/ကုန်ချပြုလုပ် ခြင်းများကို စစ်ဆေးကြပ်မတ်ပြုပြင်သင့် ပါကြောင်း။
(ခ) လမ်းနှင့် ပလက်ဖောင်းပေါ် တွင် စည်းပျက်ကမ်းပျက် ကျူးကျော် ရောင်းချနေသော ဆိုင်းများဖယ်ရှားခြင်း။
(ဂ) လမ်းပေါ်တွင်ဆောင်ရွက် နေသော ကားအလှပြင်လုပ်ငန်းများ၊ ကားရေဆေးလုပ်ငန်းများ၊ ကားအထွေ ထွေပြင်လုပ်ငန်းများရှင်းလင်းခြင်း။
(ဃ) လမ်းပေါ်တွင် ကျောက်ချ ရပ်နားရောင်းချနေသော ထီကားများ အား ပညာပေးခြင်း။
မောင်တင့် ယခုတင်ပြတဲ့အချက် တွေက လှည်းတန်းလမ်းမ၊ လှည်းတန်း ဂိတ်၊ လှည်းတန်းဈေး၊ လှည်းတန်းပြည် သူများနဲ့သာ သက်ဆိုင်မှာမဟုတ်ပါဘူး။ ရန်ကုန်မြို့၊ နယ်မြို့ ကားကျပ်တဲ့နေရာ အတော်များများနဲ့ သက်ဆိုင်ပါလိမ့် မယ်။ ယာဉ်တိန်းရဲ၊ စည်ပင်၊ ဒေသအာ ဏာပိုင်၊ နယ်မြေခံရဲ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ပြည်သူများပါမှ သာ၊ ““ပြည်သူကိုပိုင်(ပါ)မှ စစ်နိုင်မည်”” လို့ အဆိုရှိသလို တိုင်းပြည်ကောင်း အောင်၊ ပြည်သူလူထုအကျိုးမျှော်ကိုးပြီး လုပ်တဲ့ စီမံချက်မှန်သမျှ ပြည်သူပါဝင် ဖို့၊ ပြည်သူများသိတတ်နားလည်ဖို့ လိုပါ ကြောင်း။
လှတင့်ဆွေ(ပိန်းဇလုပ်)



Vol-3,No-141
Vol-3,No-140
Download
January 31, 2013
Home, ဆောင်းပါး