ဇန်န၀ါရီလ (၉)ရက်နေ့ ညဘက်ရသော သတင်းများအရ လိုင်ဇာမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေကြောင်း သိရသည်။
(၈)ရက်နေ့ မနက်တိုက်ပွဲ များသည် မုံးလိုင်းချောင်း အရှေ့ ဖက်ခြမ်းတွင် ဖြစ်ပွားခဲ့သည်။ အဓိက အားဖြင့် ဖုန်းယန်ရှင့် လွယ်မောက်ယန်းကြား တောင် ကြောတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဆိုသည်။
လက်နက်ကြီးများဖြင့် ဖုန်း ယန်၊ ဖုန်းပြင်တောင်ပေါ်မှ ပစ် ခတ်ကြောင်း၊ ဘုမ်ဆွမ်ဘက်က နေလည်း ပစ်ကြောင်း၊ မဲန်မော် မဲန်တေးကနေလည်း ပစ်ကြောင်း ဗီအိုအေ သတင်းတစ်ရပ်တွင် ဆိုသည်။
မုံးလိုင်ချောင်း အရှေ့ခြမ်း၊ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း နံဘေး တစ်လျှောက်၌ ရှိသော တောင်ကြောများကို အဓိကထိုး စစ်ဆင်နေသည်ဟုယူဆရသဖြင့် လိုင်ဇာကိုအပေါ်စီးမှခြိမ်းခြောက် နိုင်အောင် ကြိုးစားနေသည်ဟု ထင်မြင်ယူဆရကြောင်း ဒေသခံ တစ်ဦး၏ ခန့်မှန်းချက်ကို ဗီအို အေက ဖော်ပြခဲ့သည်။
ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း အစီအစဉ်၌လည်း ဇန်န၀ါရီလ (၈)ရက်နေ့ တစ်နေ့ လုံး လိုင်ဇာမြို့ အနီးရှိ (KIA) စခန်းများဆီသို့ တပ်မတော်စစ် ကြောင်းများကို ထိုးစစ်ဆင်နေ သည်ဟု ဖော်ပြသည်။
(KIA) ဘက်မှပြောခွင့်ရသူ လနန်းက ဧရာဝတီသတင်းဌာန ကို““သူတို့က မနက်၎နာရီလောက် မှာ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဆီ ကို ၁၀၅ မမ အမြောက်တွေနဲ့ ၆ ကြိမ်ပစ်ခဲ့ပါတယ်””ဟု ပြောခဲ့ သည်။ ၎င်းနေ့ မနက် ၈နာရီခန့် တွင် KIA နှင့် မြန်မာတပ်မတော် အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု လည်းဆိုသည်။ လဂျားယန်နှင့် တစ်ကီလိုမီတာအကွာတွင် ထိ တွေ့မှုများ ဖြစ်ခဲ့သည်ဟုလည်း သိရသည်။
ဗီအိုအေက ဆက်သွယ်မေး မြန်းထားသော သတင်း တစ်ရပ် တွင် ““ဒီမနက် အစောပိုင်း ကတည်းကစလို့ အစိုးရတပ်တွေ ဘက်ကနေ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဝေဟင်ကနေ KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာဒေသ တ၀ိုက်က စိုးမိုးတောင်ကုန်းတွေ ကို တောက်လျှောက် ပစ်ခတ်ခဲ့ တာဖြစ်တယ်””ဟု KIA နှင့် တွဲ၍ ခံစစ်ကြောင်းဆင်နေသည့် KIA အဖွဲ့က ဆိုသည်ဟု ဖော်ပြသည်။
အဆိုပါအဖွဲ့မှ နိုင်ငံရေးနဲ့ စည်းရုံးရေးဌာနတာဝန်ခံကိုကျော် ကျော်က““ မနက် ၄ နာရီကနေ စပြီး လက်နက်ကြီးနဲ့ပစ်တယ်။ လိုင်ဇာအနီးက ဖုံးပြန်ပွန်တောင် လို့ခေါ်တဲ့နေရာကို အဓိကစပစ် တယ်။ ပြီးတော့ ခြေလျှင်တပ် တွေ ထိုးတယ်။ ဖုံးပြန်ပွန်တောင် မှာ နှစ်ဖက်ထိတွေ့မှုတွေ စဖြစ် တယ်။ နောက်ဆုံး ညနေ ၃ နာရီ ကျမှ တိုက်ပွဲက ရပ်သွားတယ်””ဟု ဗီအိုအေကို ဆိုသည်။
၎င်းအပြင် လဂျားယန်ရွာ အတွင်းသို့ လက်နက်ကြီးနှစ်ခု ကျခဲ့ကြောင်း၊ ဈေးဆိုင်တစ်ခု ပျက်စီးသွားကြောင်း ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရ ကြောင်း၊အသေအပျောက်စာရင်း အား အတိအကျ မသိရသေး ကြောင်း သူကဆိုသည်။
နောက်ထပ် သတင်းတစ်ခု အရ မနက် ၉ နာရီလောက်မှ စတင်၍ အစိုးရဘက်က လဂျား ယန်နှင့် တစ်မိုင်မျှဝေးသော ဖွန် ပျဉ်ဘွမ်းစခန်းကို လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီးနောက် စကခ ၂၁ လက်အောက်ခံ ခလရ ၃၈၂ နှင့်ခလရ ၄၀မှ တပ်များကှုဗ တပ်ရင်း ၂၄ စခန်းထိုင်သော စခန်းကို ထိုးစစ်ဆင်ခဲ့သည်ဟု ဆို သည်။ အဆိုပါစခန်းကို လက် နက်ကြီးအပြင် လေယာဉ်ပျံများ ဖြင့် ဗုံးကြဲခဲ့သည်ဟုဆိုသည်။
နှစ်ဖက်အကျအဆုံးကို မသိ ရသေးကြောင်း၊ ၇၇၁ တောင် ကုန်းဝန်းကျင်တွင် နှစ်ဖက်တပ်ဖွဲ့ များဖြင့် ရှုပ်ထွေးမှုရှိနေကြောင်း၊ အစိုးရတပ်များနှင့် KIA တပ်များ သည် မဒီးယန်၊ နမ့်ဆန်ယန်နှင့် တပ်မဟာ ၄ ဒေသတို့တွင် မကြာ ခဏတိုက်ပွဲများဖြစ်နေကြောင်း။
ABSDF နှင့် KIA တို့ ပူး ပေါင်းပြီး တပ်မတော်၏ထိုးစစ်ကို ခုခံနေကြောင်း၊ သူတို့၏ ဟန့်စစ် ကို တုန်းဟုန်းရွာအနီးတွင်ဖြစ်ပွား နေကြောင်းအင်တာနက်သတင်း များအရသိရသည်။
မောင်ယဿ



Vol-3,No-145
Vol-3,No-144
Download
January 8, 2013
Home, သတင်း