(၁)
ငြိမ်းချမ်းကိုရေ… သမ္မတကြီးက သူ့လူတွေကို လာဘ်စားတာတွေ (Corruption)နဲ့ပတ်သက်ပြီး ပြောတာတွေကို (BBC)မှာ နားထောင်ရပါတယ်။ ဒါကိုပဲ တို့““ဧရာဝတီ””စာစောင်က ကိုအောင်ဇော် (ဇော်ကြီး)ကလည်း (BBC)မှာပဲ သူ့ရဲ့ အယူအဆတွေ ပြောတာကို ထပ်ကြားရ ပြန်ပါတယ်။ ကိုအောင်ဇော် ပြောတာ ကတော့ကွယ်၊ ဒီ(ဃသမမကစအငသည)ကိစ်္စမှာ သမ်္မတကြီးက အောက်ကိုသာပြောပြီး အပေါ်ပိုင်းကိုတော့ မပြောဘူးပေါ့။ သူ က အပေါ်ရော၊ အောက်ရော ပြောစေ ချင်တဲ့ သဘောပါပဲ။
ငြိမ်းချမ်းကိုရေ… ဒီအကြောင်း ကိုပြောရရင် နည်းနည်းရှည်ပါရစေကွယ်။ တရုတ်ပြည်ချုံကင်း(Chonging Party Chief) ပါတီ အကြီးအကဲ ဘိုဇီလိုင်း (Bo xilai)ရဲ့(Corruption)နဲ့ ပတ်သက်ပြီး တိုင်းမ်(Time)မဂ္ဂဇင်းကြီးက ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့က တစ်ကြိမ်၊ မေလ ၁၄ ရက်နေ့ က ဒုတိယအကြိမ် ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြရာမှာ လူသတ်မှု၊ လိမ်လည်မှု၊ အာဏာအလွဲသုံးစားမှု ပြုမှုတွေလည်း ပါတယ်။
ငြိမ်းချမ်းကိုရေ… ကိုယ်ပြောချင် တာက ဒီကိစ္စတွေရဲ့အလွန်မှာ ကွန်မြူနစ် နိုင်ငံကြီးတစ်နိုင်ငံရဲ့ အစဉ်အလာခေါင်း ဆောင်ကြီးတွေရဲ့ သားသမီး၊ မြေးတွေရဲ့ အကြောင်းပါကွယ်။ အဲဒီ ကွန်မြူနစ်ကြီး တွေရဲ့ သားသမီး၊ မြေးမြစ်တွေ အမွေ ရယူကြပုံတွေကတော့ ရာဟုလာ အမွေ ရတာနဲ့တော့ ကွာပါတယ်ကွယ်။
(၂)
မေလ ၁၄ ရက် တိုင်းမ်မဂ္ဂဇင်းမှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီးများရဲ့ မြေးများရရှိထားတဲ့ အခွင့်အလမ်းနဲ့ အဆင့်အတန်းတွေကတော့ ပညာရေး မှာလည်း ဟားဗတ်(Harvard)တို့၊ ဗြိတိန် က စတန်းဖို့ဒ်တို့၊ ပြင်သစ်တို့ကပါကွယ်။ သူတို့ရရှိထားတဲ့ အခွင့်အလမ်းတွေက လည်း မီလီယံကိုကျော်ပြီး ဘီလီယံ တန်းဝင်လေတော့ တစ်သက်စာသာ ဆယ်သက်စာ စားမကုန်သောက်တော့ ပါဘူးကွယ်။
လောလောဆယ် တရုတ်ကွန်မြူနစ် ပါတီရဲ့ အတွင်းရေးမှူးကြီးဖြစ်လာတဲ့ ဇီဂျင်မင်း(Xi Jimping))ရဲ့သမီး ဇီမင်ဇေ (Xi Mingze)က ဟားဗတ်တက္ကသိုလ် ဘွဲ့ရကွဲ့။ အဘိုးက တရုတ်ဒုတိယ၀န်ကြီး ချုပ်ဟောင်း ဇီဇောင်ဇမ် ဖြစ်တယ်လေ။ နောက်ထပ် ဟားဗတ်တက္ကသိုလ်ဘွဲ့ရက ချင်ဇောင်တန်(Chen Xiaodan)ပါ။ သူ့ အဘိုးကလည်း ဒုတိယ၀န်ကြီးချုပ်ဟောင်း ချင်ယွမ်(Chen Yen)ပေါ့။ အင်းပေါ့လေ။ နောက်ထပ် ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ကတော့ ဘိုဂေါင်ဂွမ်(Bo Guagua)ပါ။ သူ့အဘိုးကလည်း ဒုတိယ၀န်ကြီးချုပ် ဟောင်း ဘိုရီဘို(Bo Yibo)ပါ။ သူ့အဖေ နဲ့ အမေတွေကတော့ ဘိုဇီကိုင်(ဟား ဗတ်တက္ကသိုလ်ဘွဲ့ရ)နှင့် ချုံကင်းကွန်မြူ နစ်ပါတီ အတွင်းရေးမှူး(လက်ရှိအပြစ် ဒဏ်ကို စောင့်ဆိုင်းနေရသူ)နှင့် မိခင်က ဂူကိုင်လိုင်(Gu Kailai) (ဟားဗတ် တက်္ကသိုလ်ဘွဲ့ရ)နှင့် ဗြိတိသျှစီးပွားရေး လုပ်ငန်းရှင် သတ်ဖြတ်သေဆုံးမှုမှာ (ထောင်ဒဏ်၁၄နှစ်)ကျခံနေရသူတို့ပါပဲ။
ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်းရဲ့ မွေးစားမြေးဖြစ်သူ လီဇောင်လင်း (Li Xiaolin)ကတော့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ အမှုဆောင်အရာရှိချုပ် တစ်ဦး ပါ။ ဒုတိယ၀န်ကြီးချုပ်ဟောင်း ၀မ်လီ (Wan LI)ရဲ့မြေးက ၀မ်ဘော်ဘော်(Wan Baobao)ဖြစ်ပြီး အမေရိကန်နှင့် ပြင်သစ် တို့မှာ ကျောက်သံပတ္တမြား ဒီဇိုင်း အတတ်ကို သင်ကြားခဲ့ရပါတယ်။ လက်ရှိ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်(မြန်မာနိုင်ငံလာဖူး သူ) ဂျီယာကျင်ကလင်(Jia Qinglin)ရဲ့ မြေးတော်သူ ဂျက်စမင်လီ(Jasmine Li) ကတော့ စတန်းဖို့ဒ်တက္ကသိုလ်က ဘွဲ့ရ သူပါ။ တရုတ်တပ်မတော်ရဲ့ မာရှယ် ဟောင်း(ဗိုလ်ချုပ်ကြီး) ယီဂျင်ယာရင် (Ye Jianying)ရဲ့မြေးမတော်သူ ယီမင်ဇီ(့Ye Ming Zi)ကတော့ ဖက်ရှင်ကို ဗြိတိန်နှင့် ဟောင်ကောင်မှာ သင်ကြားနေပါတယ်။ အင်းပေါ့ဗျာ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဇင်ရှင်(Zeng Shan) ရဲ့ မြေးတော်သူ ဇင်ဝေ(Zeng Wei)ကတော့ သြစတြေး လျားနိုင်ငံ ဆစ်ဒနီသင်္ဘောဆိပ်ကမ်းမှာ ရှိတဲ့ (၃၂.၄)သန်းတန်တဲ့ အိမ်ကြီးရခိုင် ကို ၀ယ်ယူပြီးတော့နေရှာပါတော့တယ်။ ဒါတွေကတော့ တရုတ်ပြည်ရဲ့ ဧရာမ ခေါင်းဆောင်ကြီးတချို့ရဲ့ ထင်ရှားတဲ့ အခြေအနေတွေပေါ့။
(၃)
မြန်မာခေါင်းဆောင်ကြီး သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုကို ပြောသလို မကြာခင်ကပဲ ဟားဗတ် တက်္ကသိုလ်ဘွဲ့ရ ““ဇီမင်ဇီ””ရဲ့ဖခင် အသစ် စက်စက်တက်လာတဲ့ တရုတ်ခေါင်း ဆောင်ကြီး ““ဇီဂျင်မင်း””ကလည်း တရုတ် ခေါင်းဆောင်တွေ လာဘ်ပေးလာဘ်ယူ မလုပ်ကြဖို့ကို ပြောရှာပါတယ်။ ဒီ (Corruption) ကိစ္စကို ပြောတဲ့အခါမှာ တရုတ်ခေါင်းဆောင်တွေရော မြန်မာ ခေါင်းဆောင်တွေရော ပတ္တမြားအုတ်ဂူ အနီးမှာနေကြတဲ့ သူရဲကောင်းတွေဟာ နဂါးကြီးကို သတ်နိုင်သော်ငြားလည်း သတ်ပြီးရင် တစ်ခါတည်း နဂါးကြီး ပြန် ဖြစ်သွားတဲ့ ရုရှားကာတွန်းဇာတ်လမ်းကို တော့ ကြည့်ဖူးကြမယ် ထင်ပါရဲ့ကွယ်။
ဒီနေရာမှာ စီးပွားရေးဖြစ်စဉ်အရ အတိတ်တစ်ချိန်က အနောက်ဘက်က အတက်၊ အရှေ့ဘက်က အကျဖြစ်ပြီး အခု (၂၁)ရာစုအရောက်မှာတော့ အရှေ့ ဘက်ကအတက်၊ အနောက်ဘက်က အကျ ဖြစ်နေပါတယ်။ စာနယ်ဇင်းတွေ မှာ ဖော်ပြချက်အရ တရုတ်ပြည်မှာ ကြွယ်ဝသူ မီလျံနာတွေထက် ဘီလျံနာ တွေက ရှေ့တန်းကို ရောက်လာပြီလို့ ဆိုပါတယ်။ သြစတြေးလျမှာ လမ်းဘေး ဆိုင်တွေကို တရုတ်တွေက ၀ယ်ယူပြီးတဲ့ နောက် စာပို့တဲ့ စာတိုက်လုပ်ငန်းကို တောင် ၀ယ်ယူနေကြပါပြီ။ အင်္ဂလိပ်စာ ကိုတော့ ဘေဂျင်းလောက်မှာပဲ အရေး ပေါ်သင်ခဲ့လေတော့ မြန်မာကိုလည်း မသိ၊ ဘားမားကိုလည်း မသိလေတော့ အလုပ်ဖြစ်အောင်သဘောနဲ့ ““မြန်တင့်၊ မြန်တင့်””ဆိုပြီး တတ်သမျှ ပြောရပါတော့ တယ်။
ငြိမ်းချမ်းကိုရေ… ကိုယ့်နောက် မှာမှ ရန်ကုန်က ပြန်လာတဲ့ မိတ်ဆွေ ရခိုင်အမျိုးသားကြီးက ပြောပါတယ်။
““ဦးစင်ကြယ်၊ အကောက်ခွန်က ဦးလာဘ်စားနဲ့ ကိုလာဘ်စားတို့တော့ ကရင်ပြည်နယ်ဘက်က ဖဒိုအောင်ဆန်း နဲ့ (DKBA)ဘက်ကို ရှောင်တိမ်းပြေး ကုန်ကြပြီ””တဲ့။
ကိုယ်ပြန်ပြောဖြစ်တာက ““ရန်ကုန် မှာ “ကျောက်”တစ်ယောက်တည်း မြင်ခဲ့ တွေ့ခဲ့ပါတယ်။ ခုတော့ သမ္မတကိုယ်တိုင် က “မနော”နဲ့တောင် ပြောကုန်ပါပြီလေ။ ဒါမျိုးက ပြောတိုင်းလည်း မလွယ်ဘူး၊ ပြောတိုင်းလည်း သိတာမှမဟုတ်တာပဲ လေ””
““ဒါနဲ့အန်ကယ်၊ စောစောက သမ္မတ ကိုယ်တိုင် “မနော”နဲ့ပြောကုန်ပြီဆိုတာကို သိပါရစေအန်ကယ်””
““သမ္မတကြီးက အောက်ကလူတွေ ကိုတော့ လာဘ်စားတဲ့ကိစ္စကို စကားနဲ့ ပြောပြီးဖြစ်တယ်။ အပေါ်ကလူတွေကို တော့စကားနဲ့ပြောရင် ထိန်းမရ၊ ထိန်းမရ ဖြစ်ပြီး တိုင်းပြည်မျက်နှာကိုပါ ထောက် ထားပြီး “မနော”အာရုံနဲ့ ပြောသပေါ့ ရခိုင် ကြီးရယ်””
““အဲဒီ မနောတွေ အာရုံတွေနဲ့ပြော တာကို မရှင်းလို့ ဒီထက်ရှင်းတဲ့ စကား လုံးနဲ့ ပြောပါဦးအန်ကယ်””
““ဒါဆိုလည်း ဖြစ်ပါတယ်။ သခင်ဖေ ဌေးတို့၊ လေထီးဦးအုန်းမောင်တို့ဆိုတာ လူတွေကသာ မစွမ်းသန်ကြတာ။ ဖဆပလ ခေတ်မှာတော့ ထောင်သက်အကြာဆုံးနဲ့ အရှည်ဆုံးတွေပဲ။ ဒီတုန်းက ရန်ကုန် ထောင်မှာ သခင်ဖေဌေး ရှိနေစဉ် ထောင် သက်က ကြာလာတော့ ထောင်ထဲမှာရှိ နေတဲ့ ပိုးမွှားနဲ့ တိရစ္ဆာန်တွေက သူ့အစား အစာတွေကိုလည်း ဒုက္ခပေး၊ သူ့အ၀တ် အထည်တွေကိုလည်း ဒုက္ခပေးတာကိုးဗျ။ ဒီတော့ ဒီတိရစ္ဆာန်နဲ့ ပိုးမွှားတွေကို သခင် ဖေဌေးက စိတ်ထဲမှာရှိသမျှနဲ့ ပါးစပ်ထဲ ရှိသမျှ ပြောလိုက်ဆဲလိုက်ချင်ပါတယ်။ ဒါပေမဲ့ သူက တစ်ခုသိထားပါတယ်။ ဒီ ကောင်တွေ၊ ဒီတိရစ္ဆာန်တွေ၊ မိမိဆဲတာ ကို သိသွားရင် သူ့ကို ပိုပြီး ဒုက္ခပေးဦး မယ်ဆိုတာကို သိလေတော့ ပြောင် ပြောင်နဲ့ တဲ့တိုးမဆဲမိအောင် စောင်း မြောင်းပဲ ဆဲရတယ်လေ””
““ဟုတ်ကဲ့အန်ကယ်၊ ဟုတ်ကဲ့””
““သူ့အစားအစာတွေကိုလည်း ခိုး စား၊ သူ့အ၀တ်အထည်တွေကိုလည်း ကိုက်ဖြတ်တဲ့ ကြွက်တွေကို သခင်ဖေဌေး ပြောပုံဆဲပုံကတော့ဗျာ””
““ဆဲပါ ပြောပါ အန်ကယ်””
““မင်းတို့ကို ငါမဆဲချင် မပြောချင်လို့ ကြည့်နေတာ၊ ဟိုအမြီးရှည်ရှည်၊ မျက်လုံး ပြူးပြူးနဲ့အကောင်၊ မင်းကြပ်ကြပ်သတိ ထားနော်၊ ငါလုပ်မိရင် မင်းတို့ မသက် သာဘူး””တဲ့ကွယ်။ ဒါပေါ့ ရခိုင်ကြီးရယ်၊ အပေါ်က (Corruption)တွေကို မနော နဲ့ပြောတယ်ဆိုတာ ဒါပဲပေါ့။
မောင်စင်ကြယ်



Vol-3,No-145
Vol-3,No-144
Download
January 8, 2013
Home, ဆောင်းပါး