ကလေးဒေသရေနံဝယ်ယူရေးကုမ္ပဏီများ နှင့် ရေနံတူးသူတို့အကြားဖြစ်ပေါ်နေသည်ပြဿနာများကိုတိုင်းဒေသ၀န်ကြီးဖြေရှင်း

January 8, 2013

Home, သတင်း

 

 

ကလေးဒေသတစ်ပိုင်တစ်နိုင်  မြေအောက်လက်ယက်တွင်းများမှ  ပုံမှန်ရေနံထွက်နေသော ရေနံမှော်    ပေါင်း(၂၀)၀န်းကျင်ရှိရာ၊ထိုရေနံ  မှော်များမှထွက်ရှိသောရေနံစိမ်း များကို ၂၀၀၈ခုနှစ်များမှအစပြု၍ ရေနံကုမ္ပဏီရေနံဝယ်ယူရေးများ မှဒေသတွင်းထွက်သမျှရေနံစိမ်း များကို ဈေးနှိမ်ဝယ်ယူခဲ့ကြောင်း သိရပြီးဒေသတွင်းအာဏာပိုင် အဖွဲ့အစည်းများဖြင့်သုံးပွင့်ဆိုင်   ဖြေရှင်းလာခဲ့သည်မှာ ၅ကြိမ် မြောက်ရှိပြီဖြစ်ရာ ပြေလည်မှုရ  သည့်အတွက် စစ်ကိုင်းတိုင်းဒေသ  ကြီးအစိုးရသစ်တောနှင့်စွမ်းအင်  ၀န်ကြီးဌာန၀န်ကြီးဦးသန်းထိုက်မှ  တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
““အခုညှိနှိုင်းပွဲမှာ ကလေးမြို့    ခရိုင်အဆင့်မြို့နယ်အဆင့်အကြီး အကဲတွေပါတယ်။ ကလေးဒေသ  ရေနံမှော်တွေက ရေနံတူးတဲ့သူ   တွေပါတယ်။ရေနံကုမ်္ပဏီပိုင်ဆို တဲ့သူတွေပါတယ်။တိုင်းဒေသ၀န် ကြီးကတော့ သုံးဦးသုံးဖလှယ်ပြေ လည်ဖို့ပြောပါတယ်။ရေနံကုမ်္ပဏီ     တွေအနေနှင့်လည်း ရေနံဈေးနှုန်း    ကိုအများဈေးအတိုင်းပေးဖို့ ရေနံ ထွက်နှုန်းကိုလည်း သက်ဆိုင်ရာ  ကိုမှန်မှန်ကန်ကန်တင်ပြအခွန် ဆောင်ဖို့ သဘောဝတောတောင်  တွေကိုလည်း မပျက်စီးစေဖို့၊ရေနံ  တူးသူများအနေနှင့်လည်းရေနံ ကုမ်္ပဏီဆိုတာစီးပွားဖက်တွေဖြစ်  တဲ့အတွက် တစ်ဦးနှင့်တစ်ဦးနား လည်မှုရှိပေးကြဖို့၊ခွက်မှန်၊ဂါလံမှန်၊   ပီပါမှန်ဖြစ်ဖို့ညှိနှိုင်းပေးပါတယ်””ဟု   သုခမြိုင်ရေနံမှော်မှဦးကံထွန်းက  ပြောသည်။
ကလေးဒေသတွင် ၂၀၀၈ ခုနှစ်မှစတင်၍ရေနံကုမ္ပဏီများလာ ရောက်အခြေချရေနံဝယ်ယူကြရာ၊   အချို့ရေနံဝယ်ယူရေးကုမ္ပဏီတို့ သည် သက်ဆိုင်ရာသို့ပေးသွင်း ရန်ရှိသည်အခွန်များကို ပေးသွင်းမှု  မရှိခြင်း၊ဒေသတွင်းရေနံတူးသူများ၊  ရေနံသယ်သူတို့ကိုအုပ်စုဖွဲ့ရိုက်နှက် အနိုင်ကျင့်ခြင်း၊ရေနံစိမ်းဝယ်ယူ ရာတွင် ဒေသတွင်းအပြင်ပေါက် ဈေးထက်နှိမ်ဝယ်နေခြင်း၊ခွက်၊ဂါ လံ၊ပီပါအချိန်အတွယ်မှန်ကန်မှုမရှိ ခြင်းကြောင့် ရေနံတူးသူများ ရေနံ သယ်ပို့သူများနှင့်လက်ရှိရေနံဝယ်  ယူရေးကုမ္ပဏီတို့အကြားပြီးခဲ့သည့်  နှစ်မှစ၍ ပြဿနာဖြစ်နေကြောင်း   သိရသည်။

 

ကောင်းမြတ်သူ(ကလေး)

,

No comments yet.

Leave a Reply

You must be logged in to post a comment.