ကလေးဒေသရေနံဝယ်ယူရေးကုမ္ပဏီအချို့အခွန်မဆောင်

January 8, 2013

Home, သတင်း

 

 

Untitled-1 copy copy

ကလေးဒေသရေနံဝယ်ယူရေး   ကုမ္ပဏီများသည်၊သက်ဆိုင်ရာဝန် ကြီးဌာန၏ခွင့်ပြုချက်ရယူရန်လို အပ်လျက်ရှိပြီး၊ပုဂ္ဂလိကရေနံတူး ဖော်ရေးနှင့်ရေနံဝယ်ယူရေးကုမ္ပ ဏီတို့သည် ဒေသတွင်းသစ်တော    ကြိုးဝိုင်းများလွတ်ကင်းရန်နှင့်သ ဘာဝသစ်တောများပျက်စီးပြုံးတီး   မှုမရှိစေရန် လိုအပ်ကြောင်း စစ် ကိုင်းတိုင်းဒေသကြီးအစိုးရသစ် တောနှင့်စွမ်းအင်ဝန်ကြီးဦးသန်း ထိုက်မှကလေးမြို့ဌာနဆိုင်ရာများ နှင့်ဒေသခံများ တွေ့ဆုံပွဲတွင်ပြော  သည်။
““ဒေသတွင်းရေနံမှော်တွေဆို တာ အထူးသဖြင့် ဒေသခံတွေစား  ၀တ်နေရေးအဆင်ပြေစေဖို့ပြီးခဲ့ တဲ့ လက်ထက်ကစပြီး စီစဉ်ခဲ့တာ ဖြစ်တယ်။ရေနံဝယ်ယူရေးကုမ်္ပဏီ    တွေအနေနှင့်ဒေသတွင်းရေနံတူး  နေကြတဲ့လက်လုပ်လက်စားတွေကို  ကိုယ်ချင်းစာတရားလက်ကိုင်ထား

ဆက်ဆံဖို့လိုတယ်၊ရေနံတူးသူတွေ ကလည်း ကိုယ့်အလုပ်ရှင်ကို သ ဘောထားမယ်။စီးပွားဖက်လိုသ ဘောထားမယ်ဆိုရင် ဘာပြဿ နာမှဖြစ်စရာမရှိဘူး။ခင်ဗျားတို့လုပ်  ကိုင်တဲ့အလုပ်တွေဟာ မူအရဆို ရင် ၀န်ကြီးဌာနရဲ့တရားဝင်ခွင့်ပြု မိန့်ရှိရမယ်နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ရမယ်။ရေနံဝယ်ယူ ရေးစာရင်းဇယားမှန်မှန်ကန်ကန် ရှိရမယ် ဘေးကိုခိုးထုတ်ရောင်းစား    တဲ့စာရင်းမပါဘူးဆိုတာမျိုးမဖြစ်  ရဘူး၊နောက်ရေနံတူးသူနှင့်ရေနံ  ၀ယ်သူစာချုပ်ရှိရမယ်၊အခုကလေး  ရေနံဝယ်ယူရေးကုမ်္ပဏီတွေက ရေနံဝယ်ယူခွင့်တင်ထားတုံးဟုတ်  လားမကျသေးဘူး၊မကျသေးရင်  တရားမ၀င်ဘူး၊ဒေသတွင်းဖွံ့ဖြိုး ရေးအတွက်ဆိုရင်ဟိုလှူဒီလှူ အသာထားဒေသတွင်းလက်လုပ် လက်စားတွေအဆင်ပြေဖို့ရာကို   အရင်ဂရုစိုက်ပေးပါ””ဟု သြဟုဝန်ကြီး   မှပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရ၀န်ကြီးကလေးမြို့၊ခရိုင်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးတာဝန်ရှိ   သူများလိုက်ပါလျက် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင်   ဇန်န၀ါရီလ(၇)ရက် မနက်ပိုင်းတွင်  ကလေးဒေသရေနံမှော်များမှ ရေနံတူးသူများရေနံဝယ်ယူရေး  ကုမ္ပဏီများနှင့်တွေ့ဆုံခဲ့ပြီး ညနေ ပိုင်းတွင် ရေနံတူးသူများ၊ရေနံကုမ္ပ ဏီပိုင်ရှင်များအပါအ၀င် ကလေး  မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ    နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရ  သည်။ကလေးဒေသတွင် ရေနံစိမ်း   ၀ယ်ယူနေသော ရေနံကုမ္ပဏီများ  မှာ ချယ်ရီရိုးမ မိုးအင်မိုး၊ဓနသဟာ  ယ၊ဘုန်းပြည့်ရွှေလျှံ။ဖြူးချားနှင့် မြစ်သာရွှေရည်တို့ဖြစ်ကြောင်း သိ  ရသည်။ကလေးဒေသရေနံဝယ်ယူ ရေးကုမ္ပဏီတို့တွင် အချို့ကုမ္ပဏီ များသည်အစုအဖွဲ့အမည်ခံပြီး နှစ်စဉ်ဝယ်ယူရရှိသည့် စာရင်းဇ ယားများလည်း ထုတ်ပြန်မှုမရှိ သည့်အပြင်သက်ဆိုင်ရာကျသင့် သည့်အမြတ်ခွန်များလည်းပေး ဆောင်မှုမရှိသေးကြောင်း တိုင်း ဒေသ၀န်ကြီးဆွေးနွေးပွဲတွင်သိရ သည်။

 

ကောင်းမြတ်သူ(ကလေး)

,

No comments yet.

Leave a Reply

You must be logged in to post a comment.