“စာကိုရေး”-ကလေးတည် သက္ကရာဇ်(၃၂၈)ခုနှစ်တွင် ကာ လေးမြို့ဟူ၍ပီပီပြင်ပြင်ဖြစ်လာခဲ့ သည့် ကလေးမြို့သည် ပုဂံ၊ပင်း ယ၊အင်းဝ၊ကုန်းဘောင်ခေတ်အ ဆက်ဆက် တည်ရှိခဲ့သော သမိုင်း ထဲက မြို့ကလေးတစ်မြို့ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့တို့မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်ကာလကတည်းက ကလေးစော်ဘွားဦးဖာကြီး၊ရွှေဂျိုး ဖြူမင်းသား၊ဗိုလ်ဆွန်ပက်တို့ပေါင်း စည်းရာနေရာသည် ကလေးမြို့ ပင်ဖြစ်သည်။သမိုင်းတွင်ကလေး နယ်-အင်းတင်တိုက်ပွဲသည် နာမည် ကျော်သည်။ယခုအခါကလေး ဒေသတွင် ရှေးဘုရားရှေးကျုံးမြေ အုတ်ပြစရာရှိပါသေးသည်။ထို့ပြင် မြောက်ပိုင်းချင်းတောင်တံခါးဝ မြို့ဟု အချို့ကဆိုကြသည်။မြို့ လယ်တည့်တည့်တွင်လေယာဉ် ကွင်းရှိသော မြို့ဟုဆိုလျှင် မြန်မာ သာမက ကမ္ဘာကပါသိနိုင်သော မြို့ဖြစ်သည်။
လွတ်လပ်ရေးတိုက်ပွဲတွင် လည်း ကလေးဒေသသည် နောက် ကျကျန်ရစ်ခဲ့ခြင်းမရှိသကဲ့သို့ မသမာသူတို့၏လက်ချက်ဖြင့် ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွအာဇာ နည်ခေါင်းဆောင်ကြီးများကျဆုံး သည့်အခါ၌လည်း ကလေးဒေသခံ တို့ အာဇာနည်ကျောက်တိုင်ကို စိုက်ထူ၍ အာဇာနည်နေ့ရောက် တိုင်း ၀မ်းနည်းစွာနှစ်စဉ်ဦးညွတ် အလေးပြုခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ဝန်းကျင်အထိဟုပင်ဆိုနိုင် သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရ တော့လည်း လွတ်လပ်ရေးကျောက် တိုင်ကို ကလေးဒေသ(ဖဆပလ) အဖွဲ့များ၊မြို့သူကြီးများ၊မြို့မိမြို့ဖ များ(၁၉၄၈)ခုနှစ် ဇန်န၀ါရီလ ၄ ရက်တွင်စိုက်ထူနိုင်ခဲ့သည်။ကလေး မြို့တွင်လွတ်လပ်ရေးခေတ်က အမှတ်တရပြစရာဟူ၍ လွတ်လပ် ရေးကျောက်တိုင်ရှိသည်။အာဇာ နည်ကျောက်တိုင်ရှိသည်။ကလေး မြို့ကျက်သရေဆောင်ရွှေဘုံသာ ဘုရားကြီးတွင် ထိုခေတ်ထိုအခါ က၀န်ကြီးချုပ်ဦးနုစိုက်ပျိုးခဲ့သော မဟာဗောဓိပင်ရှိသည်။
ယခင်ခေတ်အခါများက လွတ် လပ်ရေးကျောက်တိုင်နေရာနှင့် အာဇာနည်ကျောက်တိုင်နေရာ များသည် ကွင်းပြင်ကြီးဖြစ်သည်။ အာဇာနည်ကျောက်တိုင်ကွင်းက လည်းသီးသန့်ဖြစ်သည့်အတွက် ထိုအာဇာနည်ကျောက်တိုင်စိုက်ထူ ထားရာကွင်းပြင်ကြီးတွင် နှစ်စဉ် လွတ်လပ်ရေးနေ့ရောက်တိုင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော် ပွဲရွှင်ပွဲများအငြိမ့်သဘင်ပွဲများဌာ နဆိုင်ရာပြခန်းများပြုလုပ်ပြသခဲ့ ကြသည်။ကလေးဒေသတွင်း အားကစားနှင့်ပတ်သက်လာလျှင် ပြည်သူအားကစားကွင်းအတွင်း တွင် ဆောင်ရွက်ပြီး ပျော်ပွဲရွှင်ပွဲ၊ ပြပွဲအငြိမ့်ပွဲဇာတ်ပွဲတို့ကိုလွတ်လပ် ရေးကျောက်တိုင်ကွင်း၊အာဇာနည် ကျောက်တိုင်ကွင်းတို့တွင်ပြုလုပ် သည်။
၁၉၉၀နောက်ပိုင်းတွင် ကလေး ဒေသအာဇာနည်ကျောက်တိုင် နေရာတွင် အဆောက်အဦးများ ရောက်လာသည်။အာဇာနည် ကျောက်တိုင်ဟူ၍အလေးပြု၊လွမ်း သူပန်းခွေချသည့်အခမ်းအနား များမတွေ့ရတောပါ။အာဇာနည် ကျောက်တိုင်အကြောင်းလည်း ပြောသံမကြားရတော့သည့်အပြင် လွတ်လပ်ရေးကျောက်တိုင်ကွင်း ကြီးမှာလည်း ပန်းခြံဟူ၍အမည် ပြောင်းသွားသည်။ယခုနှစ်လွတ် လပ်ရေးအခန်းအနားကိုပန်းခြံ အတွင်းမှာ အလံတင်အခမ်းအနား ကျင်းပခဲ့ကြသည်။ လွတ်လပ်ရေး အထိမ်းအမှတ်အငြိမ့်သဘင် ဇာတ်သဘင်ပျော်ပွဲရွှင်ပွဲအားကစား၊ ဟောင်စည်၊ဈေးဆိုင်အစခပ်သိမ်း အားကစားကွင်းအတွင်းပြောင်း ရွှေ့သွားတော့သည်။ယခုတော့ ကလေးမြို့၏လွတ်လပ်ရေးကျောက် တိုင်ကွင်းကြီးပျောက်ဆုံးနေသကဲ့ သို့ အာဇာနည်ကျောက်တိုင်က တော့ ယခုခေတ်ကလေးမြို့မှာ မွေးသည့်ကလေးများကိုမေးလျှင် မသိဟုပင်ဖြေတော့မည်။ကလေး မြို့မှာ အာဇာနည်ကျောက်တိုင် မမြင်ရတော့သည်မှာ ဆယ်စုနှစ် နှစ်စုဝန်းကျင်ရှိပြီဖြစ်သည်။ကလေး မြို့တွင်အာဇာနည်ကျောက်တိုင် ကွင်းနေရာရဖို့လိုနေကြောင်း တင် ပြလိုက်ပါသည်။
ကောင်းမြတ်သူ(ကလေး)



Vol-3,No-141
Vol-3,No-140
Download
January 8, 2013
Home, သတင်း