ရေနည်း၍ ဓာတ်အားလျော့ထုတ်လျှင်လည်း တရုတ် နှင့် စာချုပ်ပါအတိုင်းသာပေးရ

January 8, 2013

Home, သတင်း

 

 

လက်ရှိမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ရရှိမှု    မမျှတနေသော်လည်း ယခုအချိန်   အထိ တရုတ်ဘက်သို့ရောင်းချ လျက်ရှိသော လျှပ်စစ်ဓာတ်အား များအား လျှော့ချကာ ရောင်းချ သွားမည်မဟုတ်ကြောင်းကို လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းပြုလုပ်  ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်  တာဝန်ရှိသူတစ်ဦးကပြောကြား သည်။
““အခုကျွန်တော်တို့ယူထားတဲ့   ရွှေလီ ၁ရေအားလျှပ်စစ်စီမံကိန်း   က တံမံနဲ့ရေလှောင်ပြီး သိမ်း ထားတာမဟုတ်ဘူး။ဥမင်လှိုက်ဂူ တူးပြီးတော့မှ ဓာတ်အာထုတ်တဲ့ စနစ်ဖြစ်တယ်။ မိုးတွင်းကာလ လာသမျှရေ မူလမြစ်ထဲ ချောင်းထဲကို စီဝင်ပြီးတော့ဝင်သွား ပါတယ်။ ဆိုလိုတာက မိုးရာသီမှာ   ရေများနေတယ်။စက်တွေ ၆လုံး စလုံးမောင်းလို့ရတယ်။ နွေရာသီ  ရောက်လာတဲ့အခါမှာ မြစ်ထဲမှာ   ရေက စက်တစ်လုံးပဲမောင်းလို့ရတယ်။        သုံးလုံးပဲမောင်းလို့ရတယ်တဲ့။ ရေပဲ  မြစ်ထဲမှာရှိတော့တယ်။ သဘော ကကျွန်တော်တို့ပေးထားတဲ့ စက် သုံးလုံးသည်။ မိုးရာသီမှာ တရုတ်    ဘက်ကို သုံးလုံးပေးလို့ရတယ်။ မြန်မာနိုင်ငံထဲကို ၃လုံးပေးလို့ရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှာ ရှိသမျှရေအားလျှပ်စစ်စက်ရုံ    တွေအကုန်လုံး တံမံတွေ  ရေပြည့်နေတဲ့အတွက် အကုန်ဝိုင်း ထုတ်တဲ့အတွက် သူလည်း အဲဒီ ဓာတ်အားမထုတ်နိုင်ဘူး။အခု နွေရာသီရောက်လာပြီ ရေနည်း သွားတဲ့အချိန်မှာ ၆လုံးကနေ ၅ လုံး၊ ၅လုံးကနေ ၄လုံး၊ ၄လုံးကနေ ၃လုံး၊ ၃လုံးကနေ ၂လုံးအထိပဲ ရွှေလီ မြစ်က ရရှိတော့တယ်။ အဲကာလ  မှာ လိုအပ်တဲ့ဓာတ်အားကိုနိုင်ငံ  အတွက်ယူပြီးတော့ အဲဒီကာလမှာ   တရုတ်နိုင်ငံကိုပေးတဲ့စက်ကရပ်ပြီး  ပြင်တဲ့အဆင့်ပဲရှိပါတယ်””ဟု ပြောကြားခဲ့သည်။
ယင်းကဆက်လက်ပြောကြား ရာတွင်လည်း ““မြန်မာပြည်ကို ကျွန်တော်တို့က စက် ၃လုံးယူ ထားတယ်။ ဦးတို့ပြောတာ စက် ကို ၄လုံးလိုချင်တယ်။ ၅လုံးလိုချင်   တယ်။ တရုတ်ဘက်ကို ၁လုံးပဲ ရောင်းမယ်။ ၂လုံးပဲရောင်းမယ်။  အဲဒီအချိန်မှာ ရေမရှိတဲ့အတွက် အဲဒီစက်တွေက ရပ်ထားဖို့ပဲရှိ တယ်။ ပထမပိုင်းအဲလိုစဉ်းစားပေ မဲ့ Run of River Type ဖြစ်တဲ့ အတွက် စက် ၆လုံးလည်နိုင်တာ မိုးတွင်းတစ်ခုပဲရှိတယ်။ နွေရာသီ မှာ တကယ်လုပ်နိုင်တာ စက် ၂ လုံးပဲရှိတယ်။ သူတို့ဆီကယူတာစာချုပ်နဲ့လုပ်ထားတာပါ။ သူတို့ ပြောထားတဲ့အတိုင်းမယူရင် သူတို့ကလျော်ရမှာပါ။ ကျွန်တော်  တို့ကလည်း သူတို့တောင်းထားတဲ့   အတိုင်းမပေးနိုင်ရင် ကျွန်တော်တို့   လျော်ရမှာပါ””ဟု ပြောကြားခဲ့ သည်။

 

ဖြိုးအောင်

,

No comments yet.

Leave a Reply

You must be logged in to post a comment.