ယခုရက်များအတွင်း ကမ္ဘာ့ ကုလသမဂ္ဂနှင့်ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ ဒေသခံစစ်ဘေးသင့်သူများအား လုံးက စိုးရိမ်တကြီးဖြစ်ခဲ့ရသော ကချင်စစ်ပွဲအရှိန်မြင့်မားလာခဲ့ခြင်း အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘယ်လို၊ ဘယ်ပုံစံနှင့်ဝင်ရောက်အားထုတ် ကူညီနိုင်မည်လဲဟု မေးခွန်းများ၊ မျှော်လင့်ချက်များ၊ ယခင်ရက်များ ထက်ပိုမိုထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကဇန်န၀ါ ရီလ ၆ရက် AFP သတင်းဌာန ၏မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားခဲ့ရာတွင် ပဋိပက္ခတွေအဆုံး သတ်ရေးကြားဝင်ကူညီပေးရေး သည် အစိုးရဘက်မှ လိုလား ထောက်ခံမှုမရှိဘဲ သူမအနေဖြင့် ၀င်ရောက်ကူညီခွင့်ရမှာမဟုတ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဟုသိရသည်။ ဒီကိစ္စက အစိုးရ အပေါ်၌သာ မူတည်ပါတယ်။ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေ ပါတယ်ဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ကိစ္စ၊ရခိုင်ကိစ္စများတွင် ၀င် ရောက်ကြားဝင်သင့်ကြောင်းပြော ဆိုဝေဖန်မှုများလည်းရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးအနေဖြင့် တိုင်းရင်းသားများ၏ငြိမ်းချမ်းရေး အတွက် တာဝန်ရှိသည်ဟု ယူဆ ပါကြောင်း ကချင်ပြည်နယ်ငြိမ်း ချမ်းရေးအကျိုးဆောင်နှင့်လုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးယုဇော်ခေါကင် ကပြောဆိုကြောင်းလည်းသိရ သည်။
ဥယျာဉ်မှူး



Vol-3,No-141
Vol-3,No-140
Download
January 8, 2013
Home, သတင်း