၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေး၊ ကိုထွန်းမြင့်အောင် မမီမီလွင်၊ မသန်းသန်းမော်တို့ သည် ဇန်န၀ါရီ ၂ ရက်နေ့တွင် ကချင်ပြည်နယ်၌စစ်ပွဲဖြစ်ပွားနေ သောဒေသများသို့ထွက်ခွာခဲ့ပြီး ဒေသတွင်း လိုအပ်သောအကူ အညီများ ထိခိုက်ပျက်စီးမူအခြေ အနေများကို သွားရောက်စုံစမ်း လေ့လာခဲ့ပါသည်။ ကိုမြအေးနှင့် အဖွဲ့သည် KIA ဌာနချုပ်လိုင်ဇာ မြို့သို့ရောက်ရှိပြီးနောက် ပြည်ပ သတင်းဌာနကြီးတစ်ခုဖြစ်သော VOA သတင်းဌာနမှ ကိုသန်းလွင်ထွန်း၏ ဒေသတွင်းဖြစ်ရပ်မှန် အခြေအနေများအား ဆက်သွယ် မေးမြန်းချက်များကို ဖြေကြားခဲ့ သည်များကို ဖော်ပြအပ်ပါသည်။
“ဇူလိုင်လတုန်းက လိုင်ဇာကို တစ်ခေါက်ရောက်ခဲ့တယ်။ ပြီးခဲ့ တဲ့ ဇူလိုင်မှာ အခုနည်းနည်းကွာ ခြားမှုရှိတယ်။ လိုင်ဇာမြို့ပေါ်မှာ ရှိတဲ့ ပြည်သူလူထုအခြေအနေ ကြည့်မယ်ဆိုရင် အရင်ကလောက် လိုင်ဇာမြို့က စည်းစည်းကားကား မရှိတော့ဘူး။ နဂိုကမှ ခြောက်ကပ် တာကနေ ပိုခြောက်ကပ်သွားတာ ကို တွေ့ရတယ်။ ည (၉) နာရီ ကျော်လို့ရှိရင် လိုင်ဇာမှာ အပြင် ထွက်တာ မရှိတော့ဘူး။ အပြင် ထွက်ခွင့်လည်းမရှိတော့ဘူး။ အဲဒီ အခြေအနေကို သွားတွေ့တယ်။ စစ်ပြေးဒုက္ခသည်တွေ စခန်းမှာ တော့ နဂိုအတိုင်းပဲ စစ်ပြေးဒုက္ခ သည်တွေက ဒုက္ခသုက္ခနဲ့ ရင်ဆိုင် ရမြဲဖြစ်တယ်။ နောက်စစ်ပြေးဒုက္ခ သည်စခန်းမှာ အရင်တုန်းကတော့ ၀ါးကပ်လေးတွေနဲ့ တဲထိုးပြီး နေရတဲ့ အခြေအနေမျိုးထက် ပိုဆိုးတဲ့ အခြေအနေက ဘာလဲဆို တော့ စားဝတ်နေရေးကြပ်တည်း မှုပြဿနာ၊ နောက်တစ်ခုပိုဆိုး လာတာကတော့ အခုက ဘယ်အချိန်လက်နက်ကြီးကျမလဲ။ ဘယ်အချိန်လေယာဉ်ပျံနဲ့ ၀င်ပြီး တိုက်ခိုက်မလဲဆိုတဲ့ စိတ်ခြောက်ခြားမှုတွေ Trauma ရနေတာကို သွားတွေ့တယ်။
အဲဒီတော့ အဲဒီမှာ လူကြီး တွေက ဘာလုပ်လဲဆိုတော့ သူတို့ ရဲ့ တဲလေးတွေနဲ့ မလှမ်းမကမ်းမှာ တဲရှေ့မှာပဲ ၀ပ်ကျင်းလေးတွေ ဗုံး ခိုကျင်းပုံစံမျိုးလေးတွေ တူးထား တာကို သွားတွေ့တယ်။ အဲဒါ ထူးခြားချက်ပဲ။ အဲဒီ ဗုံးခိုကျင်း လေးတွေကို ကလေးတွေက ဘာမှ နားမလည်းတဲ့အခါကြတော့ ကလေးတွေက ဗုံးခိုကျင်းထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ကစားကွင်း တစ်ခုလို ဖြစ်နေတာတော့ စိတ်မကောင်းဖွယ်တွေ့ရတယ်။ ဒါက ကျွန်တော်မြင်ခဲ့တဲ့ အခြေ အနေပဲ”ဟုကိုမြအေးကပြော သည်။
စစ်ပြေးဒုက္ခသည်စခန်းအခြေ အနေကို “လိုင်ဇာမြို့နဲ့မြို့ထဲမှာ တစ်ခုရှိတယ်။ လိုင်ဇာမြို့နဲ့ ကျွန်တော်ထင်တယ် (၃-၄) မိုင် လောက်အဲဒီလောက်ပါပဲ ခန့်မှန်း ရတော့နည်းနည်းခက်တယ်။ ငါးမိုင် လောက်ဝေးတဲ့ နေရာမှာ စခန်း နှစ်ခုထပ်ရှီတယ်” ဟုပြောကြား သည်။
လိုင်ဇာမြို့အခြေအနေကို “ဟုတ်တယ်။ လူထုရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေရှိတယ်။ နောက် တစ်ခုက အရင်လို လိုင်ဇာမြို့ထဲ မှာ လက်နက်ကိုင်ကေအိုင်အေ တပ်သားတွေ သွားလာလှုပ်ရှားမှု များပြားတာကို မြင်ရတယ်။ အရင်ကထက်ဆလို့ရှိရင်။ ဒါကတော့ ခြောက်လအတွင်း ထူးခြားသွားတဲ့ အခြေအနေ ပြောင်းလဲမှုအခြေအနေပဲ”ဟု ပြော ကြားခဲ့သည်။
လိုင်ဇာမြို့တိုက်ခိုက်ခံရမည် ကို စိုးရိမ်းနေသည့်အခြေအနေ “ဒါကတော့ ရှင်းပါတယ်ဗျာ။ သမ္မတကြီးအနေနဲ့ ထိုးစစ်ကို ရပ်ဆိုင်းလိုက်ပါလို့ အမိန့်ပေးခဲ့တာ အားလုံးသိတာပဲလေ။ ဒါပေမဲ့ စစ်ပွဲအရှိန်အ၀ါရပ်မသွားတာဘယ် လောက်ကြာပြီလဲ။ အကုန်မြင်တာ ပဲ။ လိုင်ဇာမြို့ကို မတိုက်ခိုက်ဘူး ဆိုပေမယ့်လည်း အခု ဒီဇင်ဘာ ပြောကြားချက် ကျွန်တော် ဒီမှာ တွေ့တဲ့ စစ်သားတွေရဲ့ အခြေအနေ ကေအိုင်အေစစ်သားတွေကို မေးမြန်းချက်အရတော့ တောင်ကုန် ၇၇၁ က လက်နက် ကြီးတွေ လိုင်ဇာမြို့ထဲကို သေချာ ပေါက်ကျနေပြီ။ ပစ်မယ်ဆိုလို့ရှိ ရင်။ အဲဒီတော့ လိုင်ဇာမြို့ကို သိမ်းပိုက်ဖို့ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေလည်း အများကြီး ထွက်နေတယ်။ နောက်တစ်ခုက ပိုစိုးရိမ်တာက သတင်းတွေက တိကျမှန်ကန်မှု ဘယ်လောက်ရှိ တယ်။ မရှိဘူးဆိုတာတော့ မပြော တတ်ဘူး။ လိုင်ဇာကိုသိမ်းဖို့၊ အပြီးသတ်ချေမှုန်းမယ်ဆိုတဲ့ သတင်းတွေ၊ မိုးကြိုးစစ်ဆင်ရေး ဆိုတဲ့ သတင်းတွေက ဒီဘက် လိုင်ဇာတစ်မြို့လုံးမှာ ပြန့်နှံ့နေတာ ဗျ။ အဲဒီတော့ ဒီကလူတွေ စိုးရိမ် ပူပန်နေတယ်။ ကျွန်တော်အနေနဲ့ သတင်းမှန်၏မှား၏ဆိုတာကို မဆိုလိုဘူး။ သတင်းဖြစ်ပေါ်နေ တာကို ပြောတာပါ”ဟု ပြောကြား ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုအခြေအနေကို “အခုဟာက ဒီမှာရှိတဲ့ နဖူးတွေဒူးတွေ ရင်ဆိုင် ကြုံတွေ့ရတဲ့ တပ်သားတွေရဲပြော ကြားချက်အရ နောက်တစ်ခါ တာဝန်ရှိကေအိုင်အေက တာဝန် ရှိတဲ့ ပုဂ်္ဂိုလ်တွေရဲ ပြောကြားချက် စကားတွေအရဆိုလို့ရှိရင် ဒီလေ ကြောင်းကနေ helicopter နဲ့ လေယာဉ်တွေသုံးပြီး မြေပြင်ပါ တိုက်ခိုက်မှု ပူးတွဲစစ်ဆင်တိုက်ခိုက် မှု ပူးတွဲ စစ်ဆင်တိုက်ခိုက်တယ် ဆိုတာကတော့ မြန်မာ့နိုင်ငံသမိုင်း မှာ ပြည်တွင်းစစ်မှာ တစ်ခါမှ မရှိ ခဲ့ဘူးလို့ ထင်တယ်ဆိုတဲ့ ထင်မြင် ယူဆချက်တွေလည်း ရှိတယ်ဆို တော့ ဒီဟာပေါ်မှာ အလွန်တရာ အလေးအနက်ထားတာတော့ တွေ့ရတယ်။ နောက်လက်နက်ကြီး ပစ်တဲ့ဟာလဲ ပြောကြားချက်အရ ကျွန်တော်တို့ သိရတာက တစ်နေ့ ကို အလုံးရာနဲ့ချီပြီးတော့ ပစ်နေ တယ်။ ဒီမနက်ကပင် ABSDF က ရဲဘော်တစ်ယောက်လက်နက် ကြီးမှန်ပြီး ကျတယ်”ဟုပြောကြား သည်။
ထိခိုက်ဒဏ်ရာရမှုနှင့် ပတ် သက်၍ “လက်ရှိအခြေအနေအရ တော့ ABSDF သေဆုံးမှုက တော့ အခုအချိန်အထိတော့ တစ်ယောက်ကျန်တဲ့ ဒဏ်ရာရတဲ့ စာရင်းတွေတော့ ရှိတာပေါ့။ KIA တပ်ဘက်က ကျဆုံးမှုဆိုတဲ့ အနေအထားရယ်။ ဒဏ်ရာရရှိမှု အနေအထားတွေကိုတော့ တိတိ ကျကျမသိဘူးဗျ”ဟုပြောကြားခဲ့ သည်။
အပစ်အခတ်ရပ်စဲရေးအလုပ် နိုင်ပေးခြင်းနှင့် ပတ်သက်၍ “အဓိ ကက ကျွန်တော်မြင်တဲ့အမြင်က ပြဿနာက ဘာလဲဆိုရင် (၁၇) နှစ်တိတိအပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတစ်ခုကို အပစ်အခတ် ရပ်စဲရေး ပြန်လုပ်ကြရအောင်လို့ ပြောတဲ့ဟာက Confidence building ကြီးတစ်ခုလုံး ပြိုလဲပြီး ပြန်တည်ဆောက်ရမယ့် ကိစ္စဖြစ် လာတယ်။ ဒါက တခြားအခြေ အနေတွေနဲ့ မတူဘူး။ (၁၇) နှစ် တိတိကေအိုင်အေက အပစ်အခတ် ရပ်စဲတဲ့အခါမှာ နိုင်ငံရေးဆွေးနွေး ပွဲတွေ လုပ်ပါမယ်လို့ ပြောပြီး၊ မလုပ်ခဲ့တဲ့ သင်ခန်းစာကို သူတို့ က ယူထားတယ်။ ယူထားတယ်ဆို တဲ့အခါကြတော့ အဲဒီသင်ခန်းစာ က နောက်တစ်ကြိမ်အပစ်အခတ် ရပ်စဲရေးလုပ်ပြီး ထပ်ပြီး စစ်ပွဲတွေ ပြန်ဖြစ်မယ့်ဟာမျိုးကို လိုလားတဲ့ ပုံစံမျိုးမရှိဘူး။ အဲဒီအခါကြတော့ လိုချင်တဲ့အချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတဲ့ တိကျတဲ့ ကတိက၀တ်အာမခံချက် ကို တိတိလင်းလင်းထုတ်ပေးဖို့ လိုမယ်။ တိတိလင်းလင်းထုတ်ပေး မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးသာမက ရေရှည်တည်တန့်ခိုင်မြဲမယ့် ငြိမ်းချမ်း ရေးတစ်ခုကို တည်ဆောက်သွား မယ့် process တစ်ခု ပေါ်လာနိုင် စရာအကြောင်းရှိတယ်လို့ ကျွန်တော် ကတော့ အဲဒီလိုမြင်တယ်။ တဖတ်နဲ့တဖတ်က စကားတွေနဲ့ ပြောမယ့်အစား၊ တိကျတဲ့ အာမခံ ချက်တစ်ခုကို အစိုးရဘက်က ပြောမယ်ဆိုရင်တော့ ပြေလည် သွားနိုင်စရာရှိတယ်လို့ကျွန်တော် မြင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အစိုးငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့နှင့် တပ်မတော်ကြား သဘောထားကွဲလွဲမှုရှိမရှိကို မေးမြန်းရာ “အဲဒီလိုတော့ ကျွန်တော်မသုံးသပ်ချင်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သုံးသပ်တဲ့အခါမှာ စစ်တပ်ကို ဖယ်ပြီးတော့မှ အစိုးရကို ကောင်းကြောင်းပြောတာမျိုးအစိုးရ ကိုဖယ်ပြီး စစ်တပ်ကိုကောင်းကြောင်း ပြောတာမျိုးအစိုးရနဲ့ စစ်တပ်ကို ဖယ်ပြီး တိုင်းရင်းသားလက်နက် ကိုင်အင်အားစုတွေကို ကောင်း ကြောင်းပြောတာမျိုးဆိုတဲ့ တစ်ခုခု ပေါ်မှာ အသာစီးရသွားစေမယ့် စကားမျိုးကို မသုံးချင်ဘူး။ အဓိက တော့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ စစ်တပ်၊ အစိုးရနဲ့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေ ဒီမိုကရေစီ အင်အားစုတွေ အကုန်လုံးပူပေါင်း ပြီး ပြည်ထောင်စုတစ်ခုကို တည် ဆောက်ရမှာဖြစ်တဲ့အတွက်ကြောင့် အားလုံးဘယ်သူ့ဘယ်သူကိုမှ နာစေဆိုတဲ့ စိတ်ထားမျိုးနဲ့ ကျွန်တော်မပြောချင်ဘူးဗျ။ အားလုံးဝိုင်းတည်ဆောက်ဖို့ကိုပဲ ကျွန်တော်တိုက်တွန်းချင်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ဆွေးနွေးပွဲထပ်မံဖြစ်ပေါ်လာ ပါက ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့၏ တိုက်တွန်းချက်ကို မေးမြန်းရာ “ဒီနေရာမှာ ကျွန်တော် တို့အနေနဲ့ နည်းနည်းလည်း ပြော ချိန်တန်ပြီးဆိုတော့ နည်းနည်း တော့ ပွင့်ပွင့်လင်းလင်းပဲ တချို့ ဟာတွေ ချပြီးပြောရတော့မယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်း သားများအနေနဲ့က ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ နေရာဒေသတွေ ရွေးချယ်မှုအပေါ်မှာ ဆွေးနွေးပွဲ ပျက်ပြားတာမျိုးမဖြစ်စေဖို့ ဆွေးနွေး ပွဲလုပ်ပါ။ လုပ်ခဲ့မယ်ဆိုလို့ရှိရင် ၈၈ အနေနဲ့က နှစ်ဖက်တပ်မတော် ခေါင်းဆောင်တွေ အစိုးရခေါင်း ဆောင်တွေ ဒီဘက်က ကေအိုင် အေခေါင်းဆောင်တွေ တွေ့ဆုံဆွေး နွေးမယ့်နေရာမှာ ကျွန်တော်တို့ လုံခြုံရေးယူဆိုလည်း ယူပေးပါ မယ်။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးဘယ်နေရာကပါရ ပါရ အားလုံးဝိုင်းရံပေးမယ်။ နောက်ဆုံး တဖက် နဲ့ တဖက် Confidence building ယုံကြည်မှု ပြန်တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အတူတူ တဖက်ကတဖက်ကို လုပ်ကြံလို့ ပစ်ကြခတ်ကြ၊ သက်ကြဖြတ်ကြ ဆိုရင်တောင် ကျွန်တော်တို့အတူ တူ ပါဝင်ပြီး အသေခံပါမယ်ဆိုတဲ့ အကြောင်း တိတိလင်းလင်း၊ ရှင်း ရှင်းလင်းကို ကိုမင်းကိုနိုင်ကိုယ်တိုင် စာရေးပြီး ကေအိုင်အိုကို ပို့ခဲ့ဘူး ပါတယ်။ ဒါက ကျွန်တော်တို့ အဲဒီ လောက်အထိ ကြိုးစားခဲ့တာ ရှိပါ တယ်။ အဲဒီ message ကိုလည်း ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သား သားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အချိန်မတန်လို့ အဲဒီဟာကို လုံးဝအပြင် public ကို သိရှိအောင်မပြောခဲ့ပါဘူး။ အခု တော့ ပြောချိန်တန်ပြီဖြစ်တဲ့အတွက် ကြောင့် ပြောပါမယ်။ ဒါက ဇူလိုင် က လိုင်ဇာကို ကျွန်တော်လာပြီး ကတည်းက ကျွန်တော်တို့စီစဉ် ဆောင်ရွက်ထားတဲ့ကိစ်္စပါ။ အဲဒီ တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အဓိကတော့ ဆွေးနွေးပဲဖြစ်မြောက် တယ်။ ဆွေးနွေးပွဲကနေ တိကျ ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး တွေ ဖြစ်လာဖို့အတွက်ဆိုလို့ရှိရင် ၈၈ ကိုခိုင်းပါ။ ၈၈ အနေနဲ့ ဘယ် နေရာကပါရပါရပါဝင်ပါမယ်”ဟု ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အဆုံးအဖြတ် ပေးနိုင်မည်ပုဂိ္ဂုလ်များပါဝင်ရန်လို အပ်မှုကို မေးမြန်းရာ “ဟုတ်တယ် ဗျ။ အဓိကလေ ဆွေးနွေးတဲ့အခါ နှစ်ဖက်စလုံးက အခုနပြောသလို အစိုးရအဖွဲ့က ဆွေးနွေးမယ့်လူက လည်း အစိုးရအဖွဲ့နဲ့ တပ်မတော် တို့ကို ကိုယ်စားပြုပြီးတော့ ဆုံးဖြတ် ချက်ချနိုင်တဲ့ ပုဂ်္ဂိုလ်တွေဖြစ်လို့ရှိ ရင်တော့ ဆွေးနွေးပွဲတွေက ပိုပြီး မြန်ဆန်သွက်လက်လာတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လည်း အရေးပါအရာရောက်တဲ့ ပုဂ်္ဂိုလ်တွေ ပါဝင်ဖို့အတွက်ကိုလည်း နှစ်ဖက်စလုံးကို တွန်းတွန်းတိုက် တိုက်ကျွန်တော်တို့ပြောဆိုသွားမှာ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။
ပြည်တွင်းစစ်ရပ်စဲရန် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထုခေါင်းဆောင်များပါဝင်ဆောင် ရွက်ရန် ၈၈ မှ တိုက်တွန်းမှုအခြေ အနေကို “ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ခေါ်ဆောင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အလွန်ကို ကျွန်တော်လိုလားပါတယ်။ အရမ်း လည်းဖြစ်စေချင်ပါတယ်။ အဲဒီလို ပဲ တပ်မတော်ခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေ လက်နက် ကိုင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအား လုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုစုစည်းစည်းနဲ့ ပြည်ထောင်စုတည်ဆောက်သွား နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ပါ။ ကျွန်တော်တို့ အဲဒီအတွက်ကို လည်း ပြောမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ကတော့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ယုံကြည်တယ်။ အချိန်အခါတစ်ခု ကို စောင့်ဆိုင်းပုံရတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြော ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ဝင် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာ မှုမရှိသေးခြင်းအပေါ် ကမ်းလှမ်း လာမှဆောင်ရွက်ရမလို့အလုပ်ဟုတ် မဟုတ်ကိုမြအေး၏အမြင်ကိုမေး မြန်းရာ “ကျွန်တော်တို့အခုဝင် ရောက်လုပ်ကိုင်ဆောင်ရွက်တဲ့ ၈၈ ရဲ့ အနေအထားကို ပြောမယ် ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ က တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေမှာ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဝင်ရောက်ဆောင်ရွက် ရတဲ့ အခြေအနေတွေပါ။ ကျွန်တော်တို့ လာပါကမ်းလှမ်းပါ ဆိုတာမျိုး မရှိဘူးပေါ့။ တစ်ခုတော့ ရှိတာပေါ့။ နှစ်ဖက် ဆွေးနွေးတယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ၀င်ပြီးတော့မှ ကျွန်တော်တို့အနေ နဲ့ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်၊ ပြောပိုင်ခွင့်မရှိဘူး။ ကြားဝင်တဲ့ဆို တာကလည်း တစ်ခုရှိပါတယ်။ နှစ်ဖက်လုံးက လိုလားမှ ကြားဝင် တဲ့ဆိုတာကလည်း တစ်ခုရှိပါတယ်။ နှစ်ဖက်လုံးက လိုလားမှကြားဝင် လို့ရမှာ ဖြစ်ပါတယ်။ တဖက်ဖက် ကို ယိမ်းနေရင် တဖက်ဖက်က လိုလားနေတယ်ဆိုရင် ကြားဝင်ဖို့ ဆိုတာ အလွန်ခက်ခဲပါတယ်။ တစ်ခုရှိတာပေါ့ ကျွန်တော်တို့က တော့ တိုင်းပြည်ကို အေးချမ်း အောင်၊ ပြည်ထောင်စုကို ကောင်းကောင်းမွန်မွန်တည်ဆောက် ချင်တဲ့အပေါ်မှာ ပြည်တွင်းငြိမ်းချမ်း ရေးအရေးကြီးတယ်လို့ယူဆတဲ့ အတွက် ဒီပြဿနာတွေထဲမှာ ၀င်ရောက်ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့ပါသည်။
ဥယျာဉ်မှူး



Vol-3,No-141
Vol-3,No-140
Download
January 8, 2013
Home, သတင်း