မြန်မာ့မီဒီယာတွေဟာနှစ်ပေါင်းများစွာအမြစ်တွယ်ခဲ့တဲ့ပြဿနာတွေကိုဆွေးနွေးခွင့်မရခဲ့ကြဘူးဟုဆိုလာသည့် နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခြင်း

January 7, 2013

Home, သတင်း

 

 

မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းခြင်းဖြစ်စဉ်များ၌ အရေး ပါသော ပြည်တွင်းသတင်းမီဒီ ယာများအား ပဋိပက္ခလွန်ကာလ    ထိခိုက်လွယ်သော ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရေးဖြစ်စဉ် သတင်းများရေးသားဖော်ပြရာ၌  စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် တိုင်းပြည်တည်ဆောက်ရေးတွင်   တစ်ထောင့်တစ်နေရာမှထိရောက် စွာပါဝင်နိုင်ရေးအတွက် ပြည်တွင်း ၌ ပဋိပက္ခဂရုပြုသတင်းရေးသား   နည်းသင်တန်း လာရောက်ပို့ ချလျက်ရှိသော နိုင်ငံတကာသတင်း  မီဒီယာ ပံ့ပိုးရေးအဖွဲ့ (IMS) မှ  အမှုဆောင် Mr.Ranga Kalansooriya အား Hot News သတင်း ထောက်က သင်တန်းတည်ရာ မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌တွေ့ ဆုံ၍ မေးခွန်းအနည်းငယ်မေးမြန်း  ဖြစ်ခဲ့ပါသည်။
မေး- Mr.Ranga   အနေနဲ့ နိုင်ငံ တကာမှာဖြစ်ပွားတဲ့ပဋိပက္ခတွေ လိုက်လံပြီးသတင်းယူခဲ့တော့ အထူးသဖြင့် သီရိလင်္ကာအစိုးရ နဲ့တမီလ်ကျားသူပုန်တွေကြားက တိုက်ပွဲတွေအပေါ်မှာရော ဘယ် လိုရှုထောင့်မျိုးနဲ့ရေးခဲ့ပြီး ပြည်သူ ကို ဘယ်လိုတင်ပြခဲ့ပါသလဲ။
ဖြေ- အဲသလို ပဋိပက္ခတွေကို လိုက်လံသတင်းယူပြီး ပြည်သူကို  တင်ပြတဲ့အခါမှာ ပဋိပက္ခဆိုတာ ကို လူထုကသိအောင်၊ ပြီးတော့  သတင်းရေးသားတင်ပြတဲ့အခါမှာ လည်း ပဋိပက္ခကို ကြီးသည်ထက် ကြီးအောင်ထက် သေးသည်ထက် သေးအောင် ရည်ရွယ်ပြီးရေးပါ တယ်။ ဘာကြောင့်ဆိုတော့ ပဋိ ပက္ခတွေမှာ မီဒီယာတွေအနေနဲ့  ရေးသားတင်ပြမှုမှားတာနဲ့ လူတွေ အများကြီးသေကြေပြီး အဲဒီမီဒီယာ  တွေဟာလည်း လူသတ်သမားတွေ ပုံစံမျိုးဖြစ်သွားမယ်။ပြည်သူရဲ့စိတ်  ၀င်စားမှုဆိုတာထက် တိုင်းပြည်ရဲ့   အကျိုးစီးပွားကို ရှေးရှုပြီးရေးရ မယ်။
မေး- မကြာသေးမီကဖြစ်ပွားခဲ့တဲ့   ရခိုင်ပြည်နယ်အရေးကိစ်္စတွေ အ ပေါ်မှာရော နိုင်ငံတကာမှာဖြစ်နေ  တဲ့ ပဋိပက္ခသတင်းတွေ လိုက်ခဲ့တဲ့    သူတစ်ယောက်အနေနဲ့မိမိအတွေ့ အကြုံနဲ့ယှဉ်ပြီးသုံးသပ်ပေးပါလား။
ဖြေ- ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့   ပြဿနာဟာ ဆယ်စုနှစ် တစ်ခု နီးပါး ဒါမှမဟုတ်ဒီထက်ပိုတဲ့ ကာလတစ်ခုထိကြာမြင့်စွာဖြစ်ခဲ့ တဲ့ ပြဿနာတစ်ခုပါ။ဒီလို နှစ် ပေါင်းများစွာအမြစ်တွယ်လာခဲ့တဲ့   ပြဿနာတွေဟာ အလျင်အမြန်  ဖြေရှင်းညှိနှိုင်းတာတွေမရှိတော့ အမုန်းတရားတွေအဖြစ် ကြာရှည်     နက်ရှိုင်းစွာအမြစ်တွယ်လာခဲ့တယ်။   နောက်တစ်ခု အဓိကပြောချင်တာ က မြန်မာနိုင်ငံက မီဒီယာသမား    တွေအနေနဲ့ဒီလိုပြဿနာတွေကို ပါဝင်ဆွေးနွေးခွင့်မရခဲ့ကြဘူး။ ပဋိပက္ခဆိုတာကတော့ ရှိနေမှာ ပဲ ဒါပေမဲ့ အဲသလိုပဋိပက္ခတွေ  မကြီးထွားလာအောင် လေးလေး နက်နက် ဆွေးနွေးဖို့အခွင့်မရှိ  ခဲ့ဘူး ပြီးတော့တိုင်းပြည်အတွက်   အရေးပါတဲ့ သတင်းမီဒီယာတွေ အနေနဲ့လည်းပါဝင်ခွင့် ပူးပေါင်း  ဆွေးနွေးခွင့်မရခဲ့ကြပါဘူး။ဒါက ကျွန်တော့်အမြင်ပါ။
မေး- မြန်မာနိုင်ငံရဲ့ပွင့်လင်းမြင် သာလာမှုအရ ပြည်တွင်းက သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ  ကရော ဘယ်လောက်ထိအရေးပါ    သလဲ၊ နောက်ပြီးတော့ မီဒီယာနဲ့  ပတ်သက်ပြီး အစိုးရအနေနဲ့ပံ့ပိုး  ပေးသင့်တယ်ထင်တာလေးတွေပါ   သုံးသပ်ပေးပါ။
ဖြေ- ပွင့်လင်းမြင်သာမှု ဖြစ်လာ  တာနဲ့အမျှ ဒီမိုကရေစီဆိုတာ ဖြစ် တည်လာတာနဲ့အမျှ ပြဿနာတွေ   ပဋိပက္ခတွေကတော့ အနည်းနဲ့  အများရှိနေမှာပါပဲ။အဲဒီမှာ လက်  တလောဖြစ်ပွားတဲ့ပြဿနာတွေ ပါမယ် သမိုင်းကြောင်းနဲ့ချီပြီးဖြစ် နေတဲ့ပြဿနာတွေပါမယ်။ဒီလို မျိုးတွေကိုဖြေရှင်းတဲ့အခါ အမျိုး သားအကျိုးစီးပွားကို ရှေးရှုပြီး ရပ် တည်တဲ့ဘက်မလိုက် မီဒီယာသမား တွေရဲ့အခန်းကဏ္ဍကအရမ်းအရေး ပါတယ်။မီဒီယာတွေအနေနဲ့လည်း    ပြဿနာတွေမှာပါဝင်ကိုင်တွယ်   ဖြေရှင်းနိုင်ဖို့ သတင်းရေးသားပြီး   ပြည်သူကိုမှန်ကန်စွာတင်ပြနိုင်   ဖို့ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေ နဲ့မီဒီယာတွေကိုအားပေးသင့်တယ်။   မီဒီယာတွေရဲ့ Copacity ကိုရှိ ရင်းထက် မြှင့်နိုင်သမျှမြှင့်ပေးနိုင် ရင် အလုပ်ကောင်းကောင်းလုပ် နိုင်ပြီး တိုင်းပြည်အတွက်ကျိုးရှိမှာ   ပေါ့။
မေး- နိုင်ငံတကာမှာဖြစ်နေတဲ့ ပဋိပက္ခတွေကိုသုံးသပ်ကြည့်ရင် ပြဿနာအရင်းအမြစ်ကိုပူးပေါင်း   ဆွေးနွေးအဖြေရှာတာထက် အစိုးရကလည်း မီဒီယာကိုအပြစ် ပုံတာတို့ မီဒီယာကလည်း အစိုးရ  နဲ့အခြားအဖွဲ့အစည်းတွေအပေါ်   အပြစ်ပြောတာတို့ကိုတွေ့နေရပါ တယ်။ ဒီလိုအဖြစ်အပျက်တွေအ ပေါ်မှာရော ဘယ်လိုအဖြေရှာခြင်း က အကောင်းဆုံးဖြစ်ပါသလဲ။
ဖြေ- နိုင်ငံတကာမှာဖြစ်နေတဲ့ ပြဿနာတွေအရ ပဋိပက္ခတွေ မကြီးထွားသင့်ပဲကြီးထွားတာတွေ နဲ့ပတ်သက်ပြီး တစ်ဖက်နဲ့တစ် ဖက်ပုံချတာတို့ဟာ တကယ်တော့  အဖြေမဟုတ်ပါဘူး။ ဒီလိုအချိန်   တွေမှာ တစ်ယောက်နဲ့တစ်ယောက်    တစ်ဖက်နဲ့တစ်ဖက်အပြစ်ပြောနေ   မယ့်အစား အပြစ်ပုံချနေမယ့်အစား    တစ်ဖက်နဲ့တစ်ဖက် ပြောရရင် မီဒီယာတို့၊အစိုးရတို့ နားလည်မှု တည်ဆောက်ပြီး ပြဿနာကို ဖြစ်ရခြင်းကို အဖြေရှာဖို့လိုပါ တယ်။ တစ်ယောက်က နောက် တစ်ယောက်ကိုအပြစ်ပြောနေ တာတို့ အပြစ်ပုံချတာတို့က ပြ  ဿနာကို အဖြေရှာဖို့အခက်တွေ့   စေနိုင်ပါတယ်။
မေး- ကျွန်တော်တို့နိုင်ငံမှာ ဒီမိုက ရေစီ ပွင့်လင်းလာမှုအရ ဖြစ်ပေါ်   လာတဲ့ လူထုအုံကြွဆန္ဒပြမှုတွေ အပေါ်မှာရော Mr.Ranga အနေနဲ့ဘယ်လိုမြင်ပါသလဲ။ပြီးတော့  အဲဒီဆန္ဒပြမှုတွေကို သတင်းရေး သားဖော်ပြနေတဲ့ မီဒီယာတွေကို ရော ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ- ပွင့်လင်းမြင်သာလာတာနဲ့ အမျှ ဆန္ဒပြမှုတွေ လွတ်လပ်စွာ   ပြောဆိုမှုတွေရှိလာမှာပဲ။ဒါဟာ  ပြောရရင် ဆန္ဒပြတယ်ဆိုတာ ဒီ မိုကရေစီရဲ့ပြယုဂ်တစ်ခုပါ။ခေတ် နဲ့စနစ်ပြောင်းလဲလာတာနဲ့အမျှ  အုံကြွမှုတွေရှိမှာပဲ။အဲဒီမှာသတင်း ရေးသားနေတဲ့မီဒီယာတွေကိုတော့  ဘာမှမဝေဖန်လိုပါဘူး။ဂုဏ်ယူ တာကတော့ မြန်မာပြည်က မီဒီ ယာတွေအနေနဲ့ ဖြစ်လာတဲ့အ ပြောင်းလဲတွေကိုစောင့်ကြည့်တယ်။  သတိ္တရှိရှိနဲ့ပြောင်းလဲမှုဆိုတာကို ကိုယ်ကိုယ်တိုင်လိုချင်ပြီး ပြည်သူ   ကိုလည်းခံစားစေချင်တာတွေကို အားကျမိတယ်။ဒါပေမယ့် မီဒီယာ   တွေအနေနဲ့ ပဋိပက္ခတွေကိုကြီး ထွားအောင် မလုပ်ဖို့ မရေးသား    မိစေဖို့တော့ အရမ်းသတိထားရ မယ်။ ဘာလို့ဆိုတော့ ဆရာဝန်  တစ်ယောက်ဆေးကုတာမှားရင်   လူနာတစ်ယောက်ပဲသေမှာ ဂျာနယ်  လစ်တစ်ယောက်ရေးသားတင်ပြ  တာ မှားသွားရင် စာမျက်နှာပေါ်က  တဆင့် သူ့ပရိသတ်တွေက အဟုတ် ထင်ပြီးလိုက်လုပ်ရင် မလိုလားအပ်  ဘဲ ပြဿနာတွေကြီးထွားသွား မယ်။ ဆရာဝန်တစ်ယောက်မှား ရင် လူနာတစ်ယောက်ပဲသေပေ မယ့် ဂျာနယ်လစ်တစ်ယောက်မှား ရင်တော့ လူတွေအများကြီးသေ နိုင်တယ်။ဒါကို သတိပြုစေလိုပါ တယ် ဟု Mr.Ranga မှပြန်လည်  ဖြေကြားပေးသွားခဲ့သည်။
Mr.Ranga Kalan Sooriya သည် နှစ်များစွာ နိုင်ငံတကာ ပဋိ ပက္ခများအပေါ်သတင်းရေးသား သည့် အတွေ့အကြုံရှိသော သီရိ  လင်္ကာနိုင်ငံသားသတင်းထောက်  တစ်ဦးဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏  ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း  ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်   ယူခဲ့ပြီး မလေးရှားနိုင်ငံရှိ သီရိ လင်္ကာသံရုံးတွင်း သံမှူးအဖြစ်   တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ ယခုအခါတွင်  နိုင်ငံ  တကာ မီဒီယာပံ့ပိုးရေးအဖွဲ့၏   မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကာ ပဋိပက္ခဂရုပြုသတင်း ပညာ သင်တန်းများအား လိုက်လံ  ပို့ချလျက်ရှိသည်။

 

ခန့်ခန့်(ဒဿနိက)

,

No comments yet.

Leave a Reply

You must be logged in to post a comment.