ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ကမ္ဘာ့သမိုင်းတွင်မိမိကိုယ်ပိုင်အုပ် ချုပ်ရေးစနစ်နှင့်မွန်မြတ်သည့် ဘာသာတရား၊ယဉ်ကျေးမှုဓလေ့ ထုံးတမ်း၊၀ိသေသရှိသော အမျိုး သားအမှတ်သရုပ်၊စုစည်းသော လူမျိုးစုနှင့်မြေသြဇာကောင်းသော နယ်ပယ်အကျယ်အ၀န်းစသည် ဖြင့် စနစ်တကျတည်ရှိခဲ့သော နှစ်ကာလရာထောင်ချီဖွံ့ဖြိုးဝပြော ခဲ့သော မျိုးသားနိုင်ငံတစ်ခုဖြစ်ခဲ့ သည်။ သို့သော်(၁၉)ရာစုနှောင်း ပိုင်းကာလများတွင်မူ မှားယွင်း သော အုပ်ချုပ်ရေးစနစ်နှင့်တရား ဥပဒေစိုးမိုးမှုအားနည်းလာမှုကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲလာခြင်း၊ဥရောပမှခေတ်မီ တိုးတက်နေသော စက်မှုအရင်း ရှင်စနစ်ပေါ် ယထာဘူတ ကျကျ အကဲမဖြတ်နိုင်ခြင်းတို့ကြောင့် ဗြိ တိသျှနယ်ချဲ့သမားများနှင့်(၁၈၂၄) ခုနှစ်တွင် ပထမအကြိမ်၊(၁၈၅၂) ခုနှစ်တွင် ဒုတိယအကြိမ်နှင့် (၁၈၈၅)ခုနှစ်တွင် တတိယအကြိမ် စစ်ပွဲများရှုံးနိမ့်ခဲ့ရပြီး ဗြိတိသျှ ကိုလိုနီနိုင်ငံအဖြစ် ကျရောက်ခဲ့ သည်။တစ်ချိန်က အာရှတစ်လွှား တွင် ဘုန်းမီးနေလတောက်ပခဲ့ သော ကျွန်ုပ်တို့နိုင်ငံသည် ထီး ကျိုးစည်ပေါက်ပလ္လင်နန်းပျောက် ၍ ကျွန်သပေါက်ဘ၀သို့ရောက် ခဲ့ရသည်။
မိမိတို့၏ အချုပ်အခြာအာ ဏာလက်လွတ်ဆုံးရှုံး၍ ကိုလိုနီ နိုင်ငံအဖြစ်သို့ကျရောက်ခဲ့သော် လည်း ကျွန်ုပ်တို့ပြည်သူလူထုသည် လှေခွက်ချည်းကျန် အလံအလှဲ မလျော့သောဇွဲလုံ့လ၊ဇာတိပုည ဂုဏ်မာနဖြင့် အမျိုးသားစည်းလုံး ညီညွတ်မှုစိတ်ဓာတ်ခွန်အားကို စု စည်းကာ အမျိုးသားလွတ်လပ် ရေးတိုက်ပွဲအောင်လံကို ပြန်လည် မြှင့်တင်နိုင်ခဲ့ကြသည်။ပါတော်မူ ပြီးစကာလ တိုင်းရင်းသားမျိုး ချစ်များ၏ ဒေသအလိုက် လက် နက်ကိုင်တော်လှန်မှု၊ဘာသာ သာသနာကို အခြေခံသော ၀ိုင် အမ်ဘီအေအသင်းကြီး၏ ကျယ် ပြန့်သည့်အမျိုးသားရေးကြိုးပမ်း အားထုတ်မှုများ ၁၉၂၀ပထမ ကျောင်းသားသပိတ်မှအစပြုသော နိုင်ငံအနှံ့ကျောင်းသားလှုပ်ရှားမှု များ အလုပ်သမား၊လယ်သမားနှင့် ကျောင်းသားထု ယှဉ်တွဲအုံကြွခဲ့ ကြသော (၁၃၀၀)ပြည့်အရေးတော် ပုံကြီး၊ဘီအိုင်အေ၊ဘီဒီအေ၊ပီဘီ အက်ပ်တို့၏ တော်လှန်ရေးတိုက် ပွဲများ၊အောင်ဆန်းအက်တလီစာ ချုပ်နှင့်ပင်လံညီလာခံအောင်ပွဲများ စသည်ဖြင့် ဗြိတိသျှနယ်ချဲ့သမား နှင့်ဖက်ဆက်ဂျပန်တို့အား လက် နက်ကိုင်တိုက်ပွဲဖြင့်တစ်နည်း၊စေ့ စပ်ဆွေးနွေးခြင်းဖြင့်တစ်စုံ၊ခက်မာ ကြမ်းတမ်းမှုနှင့်သိမ်မွေ့ပျော့ပြောင်း မှု ဗျူဟာတို့ကို သဟဇာတပြုလျက် အမျိုးသားလွတ်လပ်ရေးအားအရ ယူနိုင်ခဲ့ကြပေသည်။
သို့သော် ၁၉၄၈ခုနှစ်ဆန်းပိုင်း တွင်ရရှိခဲ့သော တစ်မျိုးသားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်လွတ်လပ် ရေးသည် ကာလတိုအတွင်းမှာပင် အမျိုးသားစည်းလုံးညီညွတ်မှုပြို ကွဲကာ ရောင်စုံလက်နက်ကိုင် ပဋိပက္ခများအတွင်းအဆိုးကြောင့် သံသရာလည်နေခဲ့ရပြန်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာနှင့်တပ်မ တော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း နှင့်ခေါင်းဆောင်ကြီးအမျှော်အမြင် ကြီးစွာရေးဆွဲအုတ်မြစ်ချခဲ့သော (၁၉၄၇)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးအဆောက် အဦးကြီးသည်လည်း နုပျိုသော ဆယ်စုနှစ်ကျော်သက်တမ်းမှာပင် စစ်အာဏာရှင်စနစ်၏ နင်းခြေ ဖြိုဖျက်ခြင်းကို ရင်နင့်ဖွယ်ကြုံတွေ့ ခဲ့ရပြီး ၀မ်းနည်းကြေကွဲဖွယ် သမိုင်းဆိုးကို မျိုးဆက်နှစ်ဆက် ကျော်ခါးစည်းခံခဲ့ရပေသည်။
ယနေ့ကာလမှာ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒီမိုကရေစီအင်အား စုများ၊တိုင်းရင်းသားမျိုးနွယ်စုများ၊ ကျောင်းသားလူငယ်များ၊ရဟန်းသံ ဃာနှင့်လုပ်ငန်းပေါင်းစုံမှပြည်သူ လူထုအပေါင်းတို့၏ ဇွဲ၊လုံ့လ၊ ဥဿာဟဖြင့် လက်ဆင့်ကမ်းရုန်း ကန်ခဲ့ကြရသော ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိမှုအတွက် ဒုတိယ လွတ်လပ်ရေး၏အောင်ပွဲအလင်း ရိပ်အချို့ကို စတင်တွေ့မြင်လာရ ချိန်ဖြစ်သည်။အမျိုးသားပြန်လည် ရင်ကြားစေ့၏ ပဏမဖြစ်သော အပြန်အလှန်လေးစားအသိအမှတ် ပြုနှင့်ယုံကြည်မှုတည်ဆောက်ရေး ကိုသင့်လျော်ပတ်စွာရရှိနေချိန် ဖြစ်သည်။ ဤရလဒ်ကောင်းနှင့် အခွင့်အလမ်းကိုအမိအရဆုပ်ကိုင် ၍ ရေရှည်အမြော်အမြင်ရှိရှိ၊ဆင် ခြင်တုံတရားရှိရှိဖြင့် သတိထားကိုင် တွယ်လျှောက်လှမ်းကြရဦးမည်ဖြစ် သည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် အရယူပေးခဲ့သည့် အဓိပ္ပာယ်ရှိ သော လွတ်လပ်ရေးမျိုးရရှိရန်ကြိုး ကမ်းကြရဦးမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းက ““ဒီ မိုကရေစီဝါဒသာ လွတ်လပ်ရေး နဲ့ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်း ချမ်းရေးကိုအားပေးတယ်””ဟု ညွှန်း ဆိုခဲ့သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ““လူ့ဘ၀တန်ဖိုးကို အာဏာထက် ပို၍ဦးစားပေးပြီး လွတ်လပ်မှုကို ချုပ်ကိုင်မှုထက်ပို၍ အလေးထား သော အဖွဲ့အစည်းများတည်ထောင် ဖွဲ့စည်းခြင်းဖြင့်သာ ပြည်သူလူထု ပါဝင်ဆွဲနွှဲရေးကိစ္စအောင်မြင်နိုင် မည်ဖြစ်ပေသည်””ဟု ထောက်ပြ ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြေငြာစာတမ်း၌လည်း ““ငါတို့ နိုင်ငံတော်ကြီးသည် မည်သူတစ် ဦးတစ်ယောက်၊တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူအကျိုးခံစား အပ်သောနိုင်ငံမဟုတ်၊အတိတ် ကာလလည်းကောင်း၊ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာ လတ္တံသောအနာဂတ်၌သော် လည်းကောင်း၊ ငါတို့ပြည်ထောင် စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြ သော လူ့ဘာသာ၊လူ့တရားနှင့်အ ညီ ကမ္ဘာဦးကာလလူတို့၏ စည်း ရုံးမှု၌လူအပေါင်းတို့၏သဘော ဆန်္ဒအရ လူဝှမ်း၏အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ်္ဂိုလ်ကိုရွေးကောက်၍သမ္မတတင် မြောက်ကြသော၊မဖောက်မပြန် မစွန်းမငြိ၊ပကတိသန့်ရှင်းဖြူစင် သသော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေသေချာထင်ရှား စွာပိုင်းခြားသတ်မှတ်တူညီသော တရား၊တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောဌာ၊လူ အပေါင်းတို့၏ ဆန္ဒသာလျှင်အဓိက ဖြစ်သော သမ္မတဖြင့်မြန်မာနိုင်ငံ တော်တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါ တို့အပိုင်ရပြီ””ဟုရှင်းလင်းထင်ရှား စွာကြေငြာခဲ့သည်။
လွတ်လပ်ရေးသစ်္စာအဓိဋ္ဌာန် (၉)ချက်တွင်လည်း ““ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံ သား ဟူသ၍ကို ကြီးငယ်နီးဝေး မခြားတစ်စိတ်တစ်သားတည်းပြု ၍ နည်းများနိမ့်မြင့်မရှိစေရ၊ညီတူ ညီမျှပြုရမည်””ဟူ၍လည်းကောင်း၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတစ်ပါးကိုလည်းမတရားမပြု၊ ငါတို့အားမတရားပြုနေသည်ကို လည်းသည်းမခံ။အဆက်နှင့်လဲ၍ ကာကွယ်မည်””ဟူ၍လည်းကောင်း၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေ များကို ရိုသေစွာလိုက်နာကျင့်သုံး သုံးမည်””ဟူ၍လည်းကောင်း၊မြန်မာ သိ၊ကမ္ဘာသိအဓိဋ္ဌာန်ပြုခဲ့ကြသည်။
တရားဥပဒေစိုးမိုးရေးနှင့် ဒီ မိုကရေစီသည် အသွေးနှင့်အသား၊ ရေနှင့်ငါးပမာခွဲခြား၍မရပေ။ တရားဥပဒေစိုးမိုးရေးမရှိလျှင် ဒီမို ကရေစီအားကောင်းမောင်းသန် မဖြစ်နိုင်ပေ။ထို့အတူပင် အမျိုး သားသွေးစည်းညီညွတ်မှု (သို့) အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို မဆောင်ရွက်နိုင်ကလည်း ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေပေ လိမ့်မည်။လူသား၏ဂုဏ်သိက်္ခာနှင့် ပိုင်ခွင့်များကိုအာမခံသော၊ပြည်သူ လူထုအကျိုးပြုသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အံဝင်ခွင်ကျ မဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ လည်း လွတ်လပ်ရေးနှင့်မထိုက် တန်ပေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် အမျိုးသားလွတ်လပ်ရေး၊အဓွန့် ရှည်စွာတည်တံ့ခိုင်မြဲရေးအတွက် လည်းကောင်း၊နိုင်ငံတော်၏အမျိုး သားအမှတ်သရုပ်သည် ကမ္ဘာ ဗိုလ်ပုံ ပုံအလယ်ဝင့်ကြွားထည်ဝါစွာ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေး အတွက်သော်လည်းကောင်း (ညီ ညွတ်ခြင်း၊ငြိမ်းချမ်းခြင်းနှင့်ဒီမိုက ရေစီပြည်ဝခြင်းတို့အတွက်လည်း ကောင်း၊အမျိုးသားစည်းလုံးညီ ညွတ်ရေးဖြင့်လွတ်လပ်ရေးကို ကာကွယ်ကြရမည်ဖြစ်ပေသည်။)
ယဉ်ပပထွန်း



Vol-3,No-141
Vol-3,No-140
Download
January 7, 2013
Home, သတင်း