အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲကိုမကျေနပ်သောနောက်ထပ်ဇာတ်လမ်းတစ်ပုဒ်

January 6, 2013

Home, သတင်း

 

 

ယခုတလောမြန်မာနိုင်ငံတစ် ၀ှမ်းတွင် ရပ်ကွက်ကျေးရွာများ အတွက် အုပ်ချုပ်ရေးမှူးများရွေး ချယ်တင်မြှောက်လျက်ရှိရာတွင် အဆင်ပြေအသံမထွက်မှုများရှိနေ သလိုရပ်ကွက်သူရပ်ကွက်သားများ  ဆန္ဒအတိုင်းဖြစ်မြောက်မလာသော ကြောင့် မကျေနပ်သံများဂျာနယ်  စာမျက်နှာများပေါ်တွင် သိသာ  ထင်ရှားစွာတွေ့မြင်နေရသည်။ ယခုလည်း ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်သုနန္ဒာ (၁၅) လမ်း (ဆ) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ် ပုံအားရပ်ကွက်သူရပ်ကွက်သားများ က ကျေနပ်မှုမရှိသောကြောင့် ဇန်န၀ါရီလ (၃) ရက်နေ့တွင် သတင်းမီဒီယာများအား အထက် ပါ (ဆ) ရပ်ကွက် သုနန္ဒာ (၁၅) လမ်းသို့ဖိတ်ကြားပြီး အခမ်းအနား  တစ်ရပ်ပြုလုပ်ခဲ့ကြသည်။ ထို့နောက်  ၄င်းတို့၏မကျေနပ်ချက်များနှင့် ခံစားချက်များကို ဖိတ်ကြားထား သူများကို ရှင်းလင်းပြောဆိုခဲ့ရာ တွင် ၄င်းတို့သည်မြန်မာနိုင်ငံသား တစ်ဦး၏ရပိုင်ခွင့်များကို နစ်နာ ဆုံးရှုံးနေပါကြောင်း မိမိတို့နှစ်သက်   သဘောကြသည့်မိမိတို့ရပ်ရွာ၏ အကျိုးအမှန်ဆောင်ရွက်နိုင်မည် ဟု မိမိတို့ယုံကြည်သူကိုတင်မြှောက်  ခွင့်ဆုံးရှုံးခဲ့ရပါကြောင်း မြန်မာနိုင်ငံ  တွင် ယခုဆောင်ရွက်နေသော ဒီမိုကရေစီခရီးလမ်းကြောင်တွင် ထင်သာမြင်သာရှိသော ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့  မိမိတို့ရပ်ကွက်မှ (၁၀) အိမ်စု ကိုယ်စားလှယ်ရွေးချယ်ပွဲသည် ဥပဒေနှင့် အညီစည်းကမ်းကမ်း တကျဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း  မိမိတို့မကျေနပ်ကြောင်းကို သက်ဆိုင်ရာအထက်အဖွဲ့အစည်း  များကိုလည်း တိုင်ကြားထားပြီး ဖြစ်သော်လည်း ကျေနပ်မှုတစ်စုံ တစ်ရာမရ၍ ယခုကဲ့သို့သတင်း မီဒီယာများကို ဖိတ်ကြား၍အသိ ပေးရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

 

ကိုစိတ်ပိန်

,

No comments yet.

Leave a Reply

You must be logged in to post a comment.