ဘားအံမြို့အာဇာနည်ကျောက်တိုင်အားကစားကွင်းကြီး စီးပွားရေးလုပ်ငန်းရှင်များလက်ထဲ၌ ရောင်းကုန်သဖွယ်ဖြစ်နေ

January 6, 2013

Home, သတင်း

 

 

 

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၃) ရပ်ကွက်ရှိမြို့မ အာဇာနည်ကျောက်တိုင်သမိုင်းဝင်   အားကစားကွင်းကြီးကို အဆင့်ဆင့်  ရောင်းစားခဲ့ကြသည်ဆိုသောကိစ္စ  ဒေသခံပြည်သူများ၏ ဆန္ဒအတိုင်း  လွှတ်တော်သို့ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့မအာဇာနည်ကျောက်တိုင် အားကစားကွင်းကြီးသည် ၂.၉၁၃  (၃) ဧက ခန့်ရှိသော ဘားအံမြို့  စတည်ကတည်းက အားကစား ဘောလုံးကွင်းအဖြစ်သတ်မှတ်တည်  ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကွင်း၏ အရှေ့ဘက်  ကုန်းမြင်ပေါ်၌ အာဇာနည်ကျောက်  ထိုင်စိုက်ထူထားပြီး အာဇာနည်နေ့  အခမ်းအနားပြုလုပ်သောအခါ မြို့နယ်လုံးကျွတ်ကွင်းလုံးပြည့်စည် ကားသိုက်မြိုက်စွာကျင်းပလေ့ရှိ သော မြို့ဂုဏ်ဆောင်အားကစား ကွင်းကြီးလည်းဖြစ်ကြောင်း ကွင်း စပ်ထိပ်၌ အာဇာနည်ကျောက်တိုင်  စိုက်ထူထားသဖြင့် အာဇာနည်  ကျောက်တိုင်ကွင်းဟုယနေ့ထိ အများကခေါ်ဝေါ်ကြကြောင်း သိရသည်။
ယခုအခါအများပြည်သူတို့ နှင့် သက်ဆိုင်သောမြို့မအာဇာနည်  ကျောက်တိုင်အားကစားကွင်းကြီး သည် စီးပွားရေးလုပ်ငန်းရှင်တို့၏ လက်သို့အဆင့်ဆင့်ရောက်ရှိခဲ့ပြီး  မြဌေးကြွယ်လင်းကုမ္ပဏီမှ တဆင့်  ရောင်နီဦးကုမ္ပဏီသို့သိန်း (၅) ထောင်ကျော်ဖြင့် တစ်ဖန်ရောင်း ချလိုက်ကြောင်း အများပြည်သူ များသိရှိရသည်ဟုဆိုပါသည်။ ထို့နောက် ၂၀၁၀-၂၀၁၁ ခုနှစ် ပိုင်းတွင် ရောင်နီဦးကုမ္ပဏီမှ တစ်ဆင့်သိန်းထောင်ပေါင်းများ စွာ အမြတ်တင်ပြီးငွေမိုးကုမ္ပဏီ  သို့ လွဲပြောင်းရောင်းချလိုက်ပြန် ကြောင်း အများပြည်သူတို့က သိရှိလာရာ နိုင်ငံတော်ရန်ပုံငွေ  လည်းမဖြစ်၊ ပြည်နယ်ဖွံ့ဖြိုးမှုလည်း  မရဘဲ အများပြည်သူသက်ဆိုင် သော မြို့မအာဇာနည်ကျောက်  တိုင်အားကစားကွင်းကြီးဆုံးရှုံးသွား   တော့မှာလားဆိုသည့်စိုးရိမ်စိတ် များဝင်ရောက်လျက်ရှိကြောင်း ကြား သိရသည်။
အဆိုပါ အားကစားကွင်းကြီး  အား ပ.ယ.က လက်ထက် (၂၀၀၀) ပြည့်နှစ်တွင် မြဌေးကြွယ်  လင်းကုမ္ပဏီသို့ဘားအံခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမှုတွဲ (၈၃/၂၀၀၀) အရ ၂၀၀၀-၂၀၀၁ ခုနှစ်မှ ၂၀၉၀ ပြည့်  နှစ်အထိ နှစ် (၉၀) မြေဂရန်ထုတ်  ပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြည်သူလူထုတွေ့ဆုံ  ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမဆောင် ၌ ပြုလုပ်ရာလွှတ်တော်ကိုယ်စား လှယ်ဦးစောအောင်ကျော်နိုင်မှ အာဇာနည်ကျောက်တိုင်အားကစား   ကွင်းကိစ္စကိုမေးမြန်းရာဥက္ကဋ္ဌသူရ   ဦးရွှေမန်းမှ ပြည်နယ်အစိုးရ၀န်ကြီး ချုပ်အား “ဒီကိစ္စဟာအများပြည်သူ့  ကိစ္စဖြစ်တယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူရမယ်။ ယခုလက်ရှိဘာမှ ဆက်မလုပ်ဖို့ ရပ်ဆိုင်းထား “ဖို့” လိုကြောင်း အတူလိုက်ပါလာသည့်  ပြည်ထဲရေးဝန်ကြီးအားလည်း “ဒီ ဘောလုံးကွင်းကိစ္စကို အထူးကိစ္စ  ရပ်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒ အတိုင်းအမြန်ဆုံးအကောင်အထည်   ဖော်ဆောင်ရွက်သွားဖို့လိုကြောင်း  အများပြည်သူ့ရှေ့မှောက်တွင် လမ်းညွှန်မှာကြားသွားကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးစော အောင်ကျော်နိုင်မှပြောကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလမ်းညွှန်မှာကြား သွားခဲ့ပြီးဖြစ်သော လွှတ်တော်၏ ဆုံးဖြတ်ချက်မရသေးမီ အားကစား  ကွင်းကိစ္စနှင့် ပတ်သက်ပြီးဘာမှ  ဆက်မလုပ်ဖို့၊ ရပ်ဆိုင်းထားဖို့မှာ ကြားချက်များရှိပါလျက် အားက စားကွင်းအတွင်းရှိအဆောက်အဦး  တန်းလျှားကို ပြင်ဆင်မွန်းမံခြင်း၊ ရေစင်ရေချိုးခန်းစသည်တို့ကို အသစ်ပြုလုပ်ခြင်းများရှိနေကြောင်း   သက်ဆိုင်ရာရပ်ကွက်၊ စည်ပင် ဌာနများကိုလည်း အသိပေးထား ခြင်းမရှိကြောင်း သိရှိရသည်။

 

 

ပွင့်ဆန်း(ပုပ္ပား)

,

No comments yet.

Leave a Reply

You must be logged in to post a comment.