ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်လေး ပင်ကျေးရွာအုပ်စုတွင်ကျေးရွာအုပ်ချုပ် ရေးမှူးအမျိုးသမီးတစ်ဦးရွေးချယ် ခြင်းခံရကြောင်း သတင်းရရှိသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးအသစ်ခန့်ထားရေးဥပဒေ အရအမျိုးသမီးများဝင်ရောက်ရွေး ချယ်ခံနိုင်သောကြောင့် ရင်းတိုက် လေးပင်ကျေးရွာအုပ်စုဒေါ်ခင်အေး သိန်းသည်ကျေးရွာအုပ်ချုပ်ရေးမှူး ၀င်ရောက်အရွေးခံခြင်းဖြစ်ကြောင်း သိရသည်။
ရင်းတိုက်လေးပင်ကျေးရွာ အုပ်စုတွင် ဆယ်အိမ်မှူး (၁၈) ဦး ရှိပြီး သုံးဦးအရွေးခံကာတစ်ဦးက (၅) မဲ၊ ကျန်တစ်ဦးက (၂) မဲ၊ ဒေါ်ခင်အေးသိန်းက (၁၁) မဲဖြင့် အနိုင်ရရှိပြီးကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ်အတည်ပြုနိုင်ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တင်ပြထားကြောင်း သိရသည်။
“ကျွန်မအနေနဲ့ အမျိုးသမီး တွေရဲ့ အစွမ်းအစကိုပြခွင့်ရတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ၀င်ရောက်ရွေးချယ်တာပါ။ ကျွန်မ မဲနိုင်သွားတော့ တချို့ကပြောကြ တယ် အမျိုးသမီးတွေ တာဝန်ထမ်း ဆောင်မယ်ဆိုရင် ကလေးတွေနဲ့ ဆိုအဆင်မပြေဘူး၊ ကလေးတွေ ကျောင်းကိစ္စ၊ အိမ်မှုကိစ္စ၊ စားဝတ် နေရေးတွေလုပ်ရတော့ ရပ်ရေး ရွာရေးတွေကို ပြည့်ပြည့်၀၀မလုပ် နိုင်ဘူးလို့ပြောကြတယ်။ ဒါဆို ကျွန်မကြီးကြီးကျယ်ကျယ်ပြောတာ တော့ မဟုတ်ပါဘူး။ အမျိုးသမီး တွေကို နိုင်ငံတော်သမ္မတတွေ တောင်ဖြစ်နေကြတော့ ရပ်ကျိုး ရွာကျိုးတောင်မဟုတ်ဘူး။ နိုင်ငံ တော်အကျိုးတော်ထမ်းဆောင်နေ ကြတာ ဘယ်လိုလုပ်မလဲ။ ဥပမာ အန်တီစုကိုဘဲကြည့်ကျွန်မတို့မြန်မာ နိုင်ငံအကျိုးကို ဆောင်ရွက်နေ တာ။ ကျွန်မအနိုင်ရပြီး ရွာထဲက ဖိအားတွေပေးကြတယ်။ ကျွန်မဂရုမစိုက်ပါဘူး ယုံကြည်မှုတစ်ခု နဲ့ ကိုယ်ရပ်ကိုယ်ရွာတိုးတက်ဖို့ တရားမျှတစွာဆောင်ရွက်ဖို့ဒါတွေ ပဲခေါင်းထဲမှာရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးအရွေးခံတဲ့ ကျွန်မရဲ့ရည်ရွယ်ချက်ကလည်း ရပ်ရွာအကျိုး၊ ပြည်သူ့အကျိုးကို တတ်နိုင်သ၍ ဆောင်ရွက်မှာဖြစ် ပြီး အန်တီစုကိုလည်းအားကျ ပါတယ်” ဟု မဲအနိုင်ရရှိတဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးလောင်း အဖြစ်ရွေးချယ်ခံထားရတဲ့ ဒေါ်ခင်အေးသိန်းကပြောကြားပါ သည်။
တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၉၄) အုပ်စုတွင် အမျိုးသမီးရွာအုပ်ချုပ်ရေးမှူးတစ် ဦးရွေးချယ်ခံထားရကြောင်း သိရ ပြီး ရင်းတိုက်လေးပင်ကျေးရွာအုပ် စုမှ ရွာသားတချို့လက်မှတ်ထိုးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအရွေးခံ ထားရသော ဒေါ်ခင်အေးသိန်း အား အမျိုးသမီးတစ်ဦးအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်မသင့် တော်ခြင်းကို ရွာသား (၆၅) ဦးလက်မှတ်ထိုး၍မြို့နယ်အုပ်ချုပ် ရေးမှူးထံတိုင် ကြားထားကြောင်း ကျေးရွာသားတစ်ဦးက ပြောပြပါ သည်။
နိုင်ထွန်းလူ



Vol-3,No-141
Vol-3,No-140
Download
January 6, 2013
Home, သတင်း