ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်၌ ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်များမှ ထွက် ရှိသော ဒေသဆိုင်ရာ ထွက်ကုန် များအား လှိုင်သာယာမြို့နယ် တွင် ဘုရင့်နောင်ပွဲရုံတန်းများကဲ့ သို့ ရောင်းချနိုင်ရန်အတွက် လက် ရှိ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာ အဝေးပြေးဝင်း အနောက်ဘက်ရှိ လယ်မြေများ အကွက်ဖော်ကာ ဘုရင့်နောင်ပွဲရုံကြီးများကဲ့သို့ ပြုလုပ်သွားနိုင်ရန် စီစဉ်နေသည် ဟု သတင်းအချို့ထွက်ပေါ်နေ ကြောင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က စုံစမ်းသိရှိရသည်။
၎င်းလယ်မြေများအား အကွက်ဖော်ကာ ပွဲရုံလုပ်ငန်းများ အား ထားရှိမည့် Project တစ်ခု ဖြစ်ကြောင်းကို အဆိုပါလုပ်ငန်း ခွင်အတွင်းလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ပြောကြားရာတွင် ““ဒါက နောက်ပိုင်းပွဲရုံ အိမ်ရာပုံစံ အတိုင်း လုပ်သွားမှာ၊ ပွဲရုံအိမ်ရာ ဆိုတာ ဧရာဝတီတိုင်းက ထွက်ရှိ တဲ့ ကုန်ပစ္စည်းတွေကိုထားဖို့ အတွက် အပေါ်လူနေ အောက် ထပ်ဂိုဒေါင်သဘောတွေ၊ အပေါ် ထပ်က လူနေမယ်၊ အောက်ထပ် က ပဲလှောင်မယ်၊ ဆန်လှောင် မယ်။ အခုက ဘုရင့်နောင်ပွဲရုံက ကားကျပ်တဲ့အတွက် ဒီဘက်ကို ခွဲထွက်တာပါ””ဟု ပြောကြားခဲ့ သည်။ ဒဂုံဧရာအဝေးပြေးဝင်းမှ ၀င်းပိုင်ကြီးက ပြောကြားရာတွင်-
““အခု ဒီလိုလုပ်တာဟာ မြေ ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာပါ။ ကျန်တာ ဘာမှ မရှိ သေးဘူး။ ဒီလိုစက်ရုံတွေနဲ့ လုပ် ကြည့်တယ်ဆိုတာလည်း အကွာ အဝေး ဘယ်လောက်ရှိတယ်ဆို တာကို တိုင်းကြည့်တာပါ။ အခု ဒီမှာ ဘုရင့်နောင်ပွဲရုံလိုမျိုး လုပ် ဖို့ဆိုတာ မပြောတတ်သေးဘူး။ အပြောတတ်သေးဘူးဆိုတာ ပေါ်လစီက ဘယ်လိုလာမလဲ ကျွန်တော်လည်း မသိဘူး။ စီမံ ကိန်းက လျာထားချက်အနေနဲ့ပဲ တိုင်းကြည့်တာပဲ ရှိသေးတယ်။ ဖြစ်မဖြစ်ဆိုတာ မသေချာဘူး””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပွဲရုံလုပ်ငန်း Project များတွင် လယ်မြေများ ပါဝင်သွားသူ ပြည်သူတစ်ဦးက ပြောကြားရာတွင် ““အခုဦးတို့ လယ်သမား ၉ ဦးဆီက လယ် ယာမြေတွေကို သိမ်းတာ၊ ဖျက် ဆီးတာ၊ သိမ်းဆည်းတာ စုစုပေါင်း ဧက ၇၈ဧကရှိတယ်။ ဒီမှာ နေသူ တွေနဲ့ဆွေးနွေးတယ်။ မပြေလည် ဘူး။ သူတို့က လျော်ကြေးအနေနဲ့ ၁ဧက ၂သိန်းပဲပေးမယ်လို့ ပြော တယ်။ ဦးတို့က လက်မခံဘူး။ ဦးတို့လိုချင်တာက ၁ ဧကကို သိန်းသုံးဆယ် ဒါမှမဟုတ် ဦးတို့ ၉ ယောက်ကို ဒီစီမံကိန်းက ၁၀x ၆၀၊ ၁၄ ကွက် တောင်းတယ်။ ပြီးတော့ ဦးတို့နေရာက ဦးပိုင် နာမည်ပေါက်ဖြစ်တယ်။ ဦးတို့ ဒီနေရာမှာလုပ်ခဲ့တာ အခုမှ မဟုတ်ဘူး။ ကြာပြီ။ ဦးတို့အနေ နဲ့ ပြေလည်အောင် လုပ်မပေးရင် သူတို့လည်း စီမံကိန်းမလုပ်နဲ့ ဦး တို့လည်း အဆင့်ဆင့် တိုင်ကြား မယ်””ဟု ပြောကြားခဲ့သည်။
ဖြိုးအောင်



Vol-3,No-141
Vol-3,No-140
Download
January 6, 2013
Home, သတင်း