စာရေးဆရာ၏ ဗုဒ္ဓဖြစ်စဉ် ခရီးစဉ် ခရီးသွားမှတ်တမ်းစာအုပ် မှာ ဗုဒ္ဓဖြစ်ပေါ်လာရာမှသည် ဗုဒ္ဓဂယာမရောက်ဖူးသေးသူများ အတွက်ဓာတ်ပုံမှတ်တမ်းများဖြင့် လှလှပပ၊ပြည့်ပြည့်စုံစုံ၊ဝေေ၀ဆာ ဆာဖော်ပြပေးထားသောစာအုပ် တစ်အုပ်ဖြစ်သည်။ စာရေးသူ သွားရောက်ခဲ့ရာ လုမိ္မနီ(ခရီးစဉ် အစ)မှသည် ဇေတ၀န်ကျောင်း တော်မှ သာဝတ်္တိပြည်၊ သာဝတိ္တ ပြည်မှသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြု ရာ ကုသိနာရုံ၊ ကုသိနာရုံမှ သင်္ကဿ၊ သင်္ကဿမှ ဒေလီ၊ဒေ လီမှ ဗာရာဏသီ၊ ဗာရာဏသီမှ မိဂဒါဝုန်၊ မိဂဒါဝုန်မှဗာရဏသီက ဂင်္ဂါအလှ၊ ဂင်္ဂါအလှမှသည် ဗုဒ္ဓ ဂယာမြတ်ဌာန၊ သတ္တသတ္တာ ဟမြတ်ဌာန၊သတ္တသတ္တာဟမြတ် ဌာနမှသည် ဒုက္ကရစရိယာကျင့် တော်မူခဲ့ရာဒေသ၊ ထိုမှတဖန် ရာဇဂြိုဟ်၊ ရာဇဂြိုဟ်မှ နာလန္ဒာ၊ နာလန္ဒာမှ အာသောကမင်းကြီး နန်းတည်ရာ ပါဠိပုတ်ပြည်တို့တွင် ခရီးတစ်ပတ်အဆုံးသတ်ခဲ့သည်။ ထိုသို့ဓာတ်ပုံမှတ်တမ်း၊ ခရီးသွား မှတ်တမ်းတို့ဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်ကို တွေ့ရသည်။
စွန်ရဲနက်(ရွှေမှော်ဝန်း)
စာမူခွင့်ပြုချက်အမှတ်-၆၀၀၅၄၂၁၀၁၀
တန်ဖိုး- ၁၅၀၀ ကျပ်



Vol-3,No-141
Vol-3,No-140
Download
January 10, 2012
Home, စာလွင်ပြင်