ကိုယ့်လူတွေ အဓိကပါ

September 20, 2012

Home, ဆောင်းပါး

 

 

““လွတ်လပ်ကာစ”” ဆိုသော စကား လုံးကို ကျွန်မတို့ အများကြီးသုံးခဲ့ဖူးသည်။  မည်သည့်အခက်အခဲပဲဖြစ်ဖြစ် လွတ်လပ် ကာစပေပဲ.. ဆိုပြီး သည်းခံခွင့်လွှတ်ခဲ့ ကြသည်။
““စပ်ကူး မတ်ကူး ကာလ၊ ခေတ် ပြောင်းတော်လှန်ရေးကာလ ဆိုသော ဝေါဟာရများကိုလည်း ရေလဲနှင့် သုံးခဲ့ ကြသေးသည်။ အဆင်မပြေသော ကိစ္စ အ၀၀ကို နားလည်ပေးခဲ့ကြသည်။
ယခုလာပြန်ချေပြီ။
““ဒီမိုကရေစီခေတ်ဦး.. တဲ့””
မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ် လပ်ရေးရပြီး ၁၉၅၉ အထိကို ဖဆပလ ဆယ်နှစ် ဆယ်မိုးဟု ရေတွက်ကြသည်။ ဒီမိုကရေစီခေတ်ဟု မခေါ်ခဲ့ကြချေ။ ၁၉၆၂မှ ၁၈၉၉ ကာလတစ်ခု။ ၁၉၈၈မှ ၂၀၁၀ ကာခတစ်ခုတို့ကို စစ်အာဏာရှင် ခေတ်၊ တစ်ပါတီဟာအာဏာရှင်ခေတ် စသဖြင့် ကင်ပွန်းတပ်ခဲ့ကြသည်။ ယခု ၂၀၁၂ တစ်လွှားကိုမူ ““ဒီမိုကရေစီခေတ် ဦး””ဟု ခပ်ပါးပါးလေးသုံးနေကြလေပြီ။ ““ဒီမိုကရေစီမဟုတ်သေးဘူး””ဟု သုံးသပ် သူများ ရှိနေသကဲ့သို့ ““ဒီမိုကရေစီဆီ သွားနေတော””ဟု သဘောတူသူများလည်း  ပါသည်။
ကျွန်မအနေနှင့်တော့ ““သွားနေတာ”” ဟု မပြောတော့ဘဲ ““ခေတ်ဦး””ဆိုသော အသုံးအနှုန်းကို နှစ်ခြိုက်ပါသည်။ တကယ်လည်း ကျွန်မတို့လက်ထဲသို့ ဒီမို ကရေစီ အခွင့်အရေးများ တဖြည်းဖြည်း နှင့် ရောက်လာပြီဟု ယုံသည်။ နောင် သည်ထက်ပို၍ ရအောင် ထွန်းကြရန်သာ ရှိ၏။
ဤတွင် ““အဆပေါ်က ပြောင်းလဲ ပြီး၊ အောက်ကမပြောင်းလဲ””ဆိုသော စွဲ ဆိုချက်တွေလည်း ဖောဖောသီသီကြား နေရသည်။ အထူးသဖြင့် အစိုးရရုံးများ တွင် တွေ့ကြုံနေရသော ကိစ္စများအ ကြောင်းဖြစ်၏။ ထိုသို့အောက်က ပြောင်း လဲအောင်လုပ်ရမည့်တာဝန်မှာ ““ကိုယ့်လူ တွေ”” (ပြည်သူတွေ)မှာရှိကြောင်းထောက် ပြဖို့လည်း လိုနေသည်။ ဥပမာ ကျောင်း က အလှူမခံရ စည်းကမ်းကို ထုတ်ထား သည်။ အခြားသောနည်းဖြင့် ကောက်ခံ သည်။ မိဘတွေက မထည့်ဘဲ နေရန်လို ၏။ သားသမီးတွေကို နှိမ်မှာစိုး၍ဟု တစ် မျိုး၊ ဒါလောက်လေးနဲ့မဖြစ်လောက်ပါ ဘူးဟု လျှော့တွေး၍တစ်မျိုး။ အလှူပေါ့ လေ..ဟု ကုသိုလ်ရသောအလုပ်အဖြစ် ကြည်ဖြူလိုက်၍တစ်မျိုး၊ ထိုအလှူငွေကိစ္စ ကြီးမှာ သက်ဆိုးရှည်နေတော့သည်။
အချို့တက္ကသိုလ်များတွင် (အားနာ ၍ အမည်မဖော်ချင်ပါ) ဆရာမများကိုယ် တိုင်က ““ဆရာကန်တော့ကြေး””ဆိုပြီး တစ် ယောက် ၃၀၀၀ိ မထည့်မနေရ ကောက် သည်ဟု ပထမနှစ် ကျောင်းသူလေး တစ် ဦးကပြောပြသည်။ ကျောင်းသား ““သောင်း”” ချီနေသော ကျောင်းအတွက် ဆရာတွေ ဘယ်မျှ တွက်ခြေကိုက်သွားပြီကို တွက်၍ ရသည်။ ကျောင်းသူများက မထည့်ဘဲ မနေရဲကြ။ (စာမေးပွဲကို စိုးရိမ်၍) စိတ် ပျက်စရာ သတင်းများပါ။
အမြဲဆက်ဆံတွေ့ထိနေရသော အစိုးရရုံးများတွင်လ်ညး ““စားပွဲအောက် ပိုက်ဆံ””ကို နည်းပေါင်းစုံဖြင့် ““ဖန်””နေကြ ဆဲဖြစ်၏။ ဥပမာ ပင်စင်ထုတ်ရန်ဘဏ်၌ လျှောက်လွှာတင်လျှင် တံဆိပ်ခေါင်း (အခွန်တော်ခေါင်း)  ကပ်ရသည်။ အရင် က ရုံးရှေ့နား၊ ကွမ်းယာဆိုင်များတွင် ၀ယ်၍ရသည်။ နည်းနည်းပိုပေးရသည်။ (၁၅ ပြားတန်ဆိုလျှင် ၅၀ ပြား)ယခုတော့ အပြင်မှာဆိုင်မထားရ။ ရုံးထဲမှာပင် ရောင်း၏။ ရောင်းပုံက လျှောက်လွှာ ဖြည့်ပြီးတင်ရသည့်စားပွဲမှာပါ။ စာရေးမ က လျှောက်လွှာပုံစံထုတ်ပေးပြီး တံဆိပ် ခေါင်း အသင့်ကပ်ပေးသည်။ အတော် ဖော်ရွေနေကြပါလားဟု ချီးကျူးမည်ကြံ ဆဲ.. တံဆိပ်ခေါင်းဖိုးတဲ့။ ဘယ်ရွေး ဘယ်မျှ မသတ်မှတ်။ သည်တော့ ကိုယ့် ဟာကိုယ် တံတွေးမဆွတ်ရဘဲ သူတို့ ကပ်ပေးတဲ့ ကျေးဇူးလည်း ငဲ့ရလေတော့ ရော ၂၀၀ တန်တစ်ရွက်။ မအမ်းနဲ့တော့။ နောက်တစ်ယောက်ကလည်း ရှေ့ကလူ ပေးတာကို ကြည့်ပြီး ကိုယ်လည်း ၂၀၀ ပေါ့။ ၆၀ ကျော်လူကြီးတွေမို့ တရားနဲ့ လည်း ဖြေကြပုံပါ။  ဤသို့ဖြင့် ပင်စင် ဌာနမှာ ညနေတိုင်း ““ဝေစု””တွေရနေကြ ၏။ ဒါလောက်က ထားလိုက်ပါဟုပြော မည်လား။
မှတ်ပုံတင်ရုံး။
မှတ်ပုံတင်ကတ်ပြားသည် မြန်မာ ပြည်သားများအတွက် အသက်။ ခရီးသွား လျှင် ဒါမပါ၍မရ။ မီးရထားလက်မှတ်၊ လေယာဉ်လက်မှတ်၊ ဘာဝယ်ဝယ် ဒါပါ မှ။  သည်တော့ မှတ်ပုံတင်ရဖို့က မဖြစ် မနေအရေးကြီးကြ၏။ မှတ်ပုံတင်က လည်း ယခင်ကနှစ် ၁၈ နှစ်ပြည့်မှမဟုတ်။ ၁၀ နှစ်မှာတစ်ခု။ ၁၈ နှစ်မှာ နောက် တစ်ခုနှင့် ပြန်လဲ။ ကလေးတွေ မလုပ် မဖြစ် လုပ်နေရသည်။ (သူ့မှာ အကြောင်း  ပြချက်များတော့ ရှိပါသည်။ )
ပြဿနာက မြို့နယ်တိုင်းမှာ၊ ကလေးတွေ တိုးပွားနေလေတော့ မှတ် ပုံတင်ရုံးမှာ ထာဝရ စည်ကား၏။ လူကျပ် ၏။ လူကျပ်သည်ဆိုလျှင်ပင် စားပွဲအောက် ကိစ္စကို စဉ်းစားကြတော့သည်။ ကျွန်မ သည် မှတ်ပုံတင် ပျောက်မှာအကြောက် ဆုံးဖြစ်သဖြင့် မီးခံသေတ္တာထဲမှာ သိမ်းယူ သူဖြစ်၏။ အလုပ်ရှုပ်မခံနိုင်ပေ။
သို့သော် အိမ်မှာနောက်တိုးက လေးတွေကြောင့် ထိုရုံးနှင့် မပတ်သက် ချင်၍မရ။ စာမေးပွဲဖြေမည့် ကျောင်းသူ များသည်  အချိန်မီမှတ်ပုံတင်လုပ်ကြရ သည်။ ကျွန်မ လိုက်လုပ်မပေးခဲ့ပါ။ အ ကြီးမက သူ့အဖေလိုက်လုပ်၍ ပြီးသွားခဲ့ သည်။ အလတ်မက ““ပွဲစား””ဆိုသူနှင့်လုပ် ကြသည်။ ကြာနေသည်။  သူ့ စာမေးပွဲ ဖြေရတော့မည်။ ကျွန်မ မနေသာတော့ ချေ။ လိုက်သွားရ၏။
ရုံးမှ လူများ ပြောင်းလဲနေပါပြီ။
““အောက်မှာ အခန်းပြောင်းလဲရ မည်””ဆိုသည့်အတိုင်း ဆက်ဆံရေးအစ၊ အပြောအဆိုအထိ အပြစ်ရှာစရမရှိပါ။ (ရုံးခန်းရှီ တယ်လီဖုန်းစင်၌ ““ဟုတ်ကဲ့ အမိန့်ရှိပါရှင်/ခင်ဗျာ””ဟူသော စာတမ်း လေးထောင်ထားသည်ကို ထူးထူးဆန်း ဆန်းမြင်ခဲ့ရ၏) အရေးသော ““ငွေကိစ္စ”” လုံးဝ မတောင်းပါ။ ကိုယ်ကလည်း မပေး ဖို့ ကြိုတင်ဆုံးဖြတ်ချက်နှင့်ပါ။ အဆင် ပြေချောမောခဲ့ပါသည်။ သို့သော်… ရုံအပြင်နားမှာ ခဏရပ်စဉ်၊ မ၀င်ရသေး သော လူများ အချင်းချင်းစကားပြောနေ သည်ကို ကြားခဲ့ရသဖြင့်၊ အကြီးအကျယ် စိတ်ပျက်ခဲ့ရတော့“။
““ပိုက်ဆ့တော့ ပေးရမယ်ထင်တယ်””
““ဟာ.. မပေးလို့ဘယ်ကောင်း မလဲ””
““သူတို့က အရင်လို ပေါ်ပေါ်ထင် ထင် မတောင်းဘူးတဲ့””
““ဟုတ်တယ်လေ၊ကိုယ်က အလိုက် သိရတာပေါ့””
““မသိမသာ ထိုးပေးခဲ့ရမှာလား””
““အေးလေ၊ ဒါ.. ထုံးစံပဲ””
““ဟုတ်ပါတယ်လေ၊ ကိုယ်လိုချင် တာ ရဖို့ပဲ””
““အင်း၊ ကိုယ်လည်း ၀န်ထမ်းလုပ်ဖူး တာပဲဟာ၊ လခက ဘယ်မှာလောက်လို့ လဲ””
““ဟုတ်တာပေါ့၊ဒီလို အောက်ဆိုဒ် ရမှဖြစ်မှာကိုး””
““ဘယ်လိုပဲဖြစ်ဖြစ်၊ အလှူပေါ့လေ၊ ကုသိုလ်ရပါတယ်””
““အင်းပေါ့.. တခြားမှာလည်း လှူ နေရတာပဲ””
အထက်ပါစကားများသည် ““အောက်လူ””များမဟုတ်ပါ။ ““ကိုယ့်လူ”” များဖြစ်ကြသည်။ မိမိတို့ ပြည်သူလူထု ဖြစ်သည်။ သူတို့ကား ဆင်းရဲသားများ လည်းဖြစ်ကြသည်။
သည်လိုပုံနှင့် မိုးကြီးချုပ်ခံလို့်တော့ မဖြစ်။ လာဘ်ပေးလာဘ်ယူစနစ်ကို ချုပ် ငြိမ်းအောင် ဖော်ဆောင်ရာမှာ၊ ““လာဘ် ယူသူ””ကိုချည်း အပြစ်တင်နေခြင်းသည် မပြည့်စုံကြောင်း ““လာဘ်ပေးသူ””များကို လည်း ““အပြစ်ရှိသည်””ဟု နားလည်လာ အောင်၊ မပညာပေးဟောပြော စည်းရုံး ကြရန်၊ အလောတကြီး လိုအပ်နေပါပြီ။

 

ရွှေကူမေနှင်း

,

Comments are closed.