အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကြိုဆိုသည်

September 8, 2012

Home, ဆောင်းပါး

 

 

ကိုလိုနီခေတ်က ပြည်သူများအတွက်   အရေးကြီးဆုံးအချက်မှာ ကျွန်သဘောက်   ဘ၀မှာလွတ်မြောက်ရေးဖြစ်ခဲ့သလို၊ယနေ့ ခေတ်အခါမှာတော့ ဒီမိုကရေစီနိုင်ငံ သစ်တည်ဆောက်ရေးမှာ ပြည်သူများ  အတွက် အရေးကြီးဆုံးဖြစ်ပါလိမ့်မည်။  သို့ဖြစ်ပါ၍လည်း ကုလသမဂ္ဂက ““စက်  တင်ဘာ ၁၅ရက်နေ့””ကို အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ဟု သတ်မှတ်ထား ပါ၏ ကျွန်မတို့ပြည်သူတွေမှာအပြင် လောကမှ နိုင်ငံရေး ရေချိန်မြင့်နေသလို     လွှတ်တော်အတွင်းမှ လေပြင်းမုန်တိုင်း   ကြောင့် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်မိ လာခဲ့ကြတော့သည်။ဒီမိုကရေစီသည် ပြည်သူတို့က အုပ်ချုပ်သော စနစ်ဖြစ် သည်။ထို့ပြင် ပြည်သူများအတွက် အုပ်  ချုပ်သော စနစ်ကိုဒီမိုကရေစီဟု ခေါ်ပါ  ၏။ အများစုပေါင်း၍ အုပ်ချုပ်သော စနစ်ကိုမူ ပေါ်လီအာကီးစ်ဟုခေါ်၏။ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ် စတင်  နေပြီဖြစ်ပါ၏ အရှိန်ပင်အတော်ရနေပြီ  ကိုငြင်း၍မရပါ။ဒီမိုကရေစီစနစ်နှင့်အုပ် ချုပ်နေပြီဖြစ်ပါ၏ သို့သော် အောင်မြင်    မှုရှိမရှိကို ကားစောင့်ရန်သာရှိတော့သည်။   နိုင်ငံရေးပါတီများကောင်းရုံ အစိုးရ ကောင်ရုံနှင့်စနစ်တစ်ခုက မအောင်မြင်   နိုင်ပါ၊ပြည်သူများပါ ကောင်းဖို့လိုပါသည်၊   အုပ်ချုပ်မှုစနစ်၏ ခိုင်ခန့်နှုန်းကြာရှည်  ခိုင်နိုင်ရည်ရှိမှုနှင့်နိုင်ငံရေးကိစ္စများတွင်  အကြမ်းဖက်မှု ကင်းမကင်းသည် အောင်  မြင်မှု၏ အတိုင်းအတာပင်ဖြစ်တော့ သည်။
ကျွန်မနေထိုင်လျက်ရှိသော ကျေး ရွာကလေးတွင် မူလတန်းကျောင်းလေး တစ်ကျောင်းရှိပါ၏ အမိုးအကာမလုံပါ၊  ဆိုင်ခုံတွေအတော်နည်း၏။ ကျောင်းသား နှင့်ဆရာအချိုးမညီမျှပါ။အလယ်တန်း ကျောင်းကလေးတစ်ကျောင်းလည်းရှိ သည်။ဝိဇ္ဇာဆရာက သိပ္ပံဘာသာရပ်ကို သင်ကြားပို့ချလျက်ရှိ၏။ အမိုးအကာလုံ အောင်၊ခုံစားပွဲစုံအောင် ပါတီစုံက လှူ ဒါန်းသည်၊၂၀၁၅ခုနှစ်တွက် မဲကိုရည် ရွယ်၍ လှူဒါန်းသည်ဖြစ်စေ၊နှောင်ကြိုး မဲ့လှူဒါန်းမှုပြုသည်ဖြစ်စေ ကျွန်မတို့ သာဓုခေါ်ရပါသည်၊ပြည့်စုံစေခြင်းသည်  မင်္ဂလာမည်ပါ၏။ဤသို့ပင် ဒီမိုကရေစီ   စနစ်ကြီးထွန်းကားရန် အသိအမြင်နှင့်  စိတ်ဓာတ်ရှိသော ပြည်သူများလိုအပ်ပါ  ၏။တစ်ယောက်တစ်လက် မိုးကာပေး လျှင် မူလတန်းကျောင်းလေး လေဒဏ်  မိုးဒဏ်မှ အကာအကွယ်ရသွားပါမည်။   အမိုးအကာလုံခြုံပြီးသော်လည်း ခုံ၊စားပွဲ  စုံလင်အောင် အချိန်ယူ၍စုဆောင်းရဦး မည်ဖြစ်ရာအချိန်တစ်ခုကို ရင်းနှီးရပါ ဦးမည်။ခု ရေတွင်းတူး ခုရေကြည်သောက်  ရန်လည်းမဖြစ်နိုင်ပါ။ကျွန်မတို့လိုချင် သောအပြောင်းအလဲကို ဒေါ်အောင်ဆန်း  စုကြည်နှင့်သမ္မတကြီးဦးသိန်းစိန်တို့(၂) ဦးက ဦးဆောင်မှုပြုကာ ပြောင်းလဲပေး   ခဲ့ကြပြီကျေနပ်သင့်ပါသည်။ကျွန်မတို့ရွာ   မှကျောင်းကလေးလိုမပြည့်မစုံ၊အမိုးအကာ  မလုံသလို ကျောင်းမျိုးတစ်နိုင်ငံလုံးမှာ   မည်ရွေ့မည်မျှရှိနေဦးမည်နည်း။ရှိမှာ တော့ သေချာပါသည်။သိပ်ဝေးဝေးရှာ စရာမလိုပါ။ကျေးလက်ဒေသတို့သာ ဆင်းကြည့်ကြစေလိုပါသည်။ကျေးလက်  ပြည်သူကိုငဲ့ညှာရန် အချိန်မဆွဲကြဖို့တော့ လိုပါသည်။ကျေးလက်ပြည်သူများအတွက်  ထည့်သွင်းစဉ်းစားပေးစေလိုပါသည်။ ချို့တဲ့ခြင်း၊ဆင်းရဲခြင်း မျက်နှာငယ်ရခြင်း နှင့်နှစ်ပေါင်းများစွာ ကျွန်မတို့နေထိုင်ခဲ့  ကြရပါသည်။သမ္မတကြီးနှင့်ဒေါ်အောင် ဆန်းစုကြည်(၂)ဦးစလုံးက မြင်ခဲ့ကြရှာ သည်။(၂)ဦးစလုံးက တက်ညီလက်ညီနှင့် ပြည်သူကိုပခုံးပြောင်းတာဝန်ပေးအပ် လျက်ရှိသည်မှာထင်သာမြင်သာရှိပါ၏   ၀န်းရံလျက်ရှိသော နိုင်ငံရေးက စားသူ များနှင့်နိုင်ငံရေးသမားများ၏ အတွေး အခေါ်မှာခေတ်မီသော ဥာဏ်ရည်ဥာဏ်  သွေးမြင့်မားဖို့လိုပါသည်။ကျွန်မတို့ ယခု ရောက်ရှိနေသောအခြေအနေမှာ လွယ် လွယ်ကူကူနှင့်ရခဲ့သော အခွင့်အရေးမ ဟုတ်ပါ။အနှစ်(၂၀)ကျော် ပင်ပန်းဆင်းရဲ  ခံ၍မှရခဲ့သော အခွင့်အလန်းဖြစ်ပါ၏။  အသက်၊သွေး၊ချွေးတို့နှင့်ရင်းခဲ့ရပါသည်။  ဘ၀များစွာ ပျက်စီးဆုံးပါးခဲ့ရပါသည်။  လွယ်လွယ်နှင့်ရခဲ့သောရလဒ်မဟုတ်ပေ သိ၊ခတ်ညံ့ညံ့နိုင်ငံရေးက စားသူတို့လက် မှာ တခဏခြင်းကွယ်ပျောက်သွားနိုင် ပါသည်။အိမ်နီးခြင်း ထိုင်းနိုင်ငံလိုလည်း  ဖြစ်မှာစိုးရိမ်မိပါသည်။ကျွန်မတို့ပြည်သူ  တွေမှာ ကရုဏာဒေါသနှင့်ပြောချင်သလို   ပြောနေသံများညံလာပြီဖြစ်ပါ၏။Face bookများပေါ်တွင် တက်ကြည့်စေချင်ပါ သည်။လွှတ်တော်အတွင်းမှမုန်တိုင်းကို အခြေခံလျက် ကရုဏာဒေါသနှင့်ထိုင်းလို  ဖြစ်သွားလည်း အေးတာပါပဲကွာ ဟုဆို သံများကြားရလေ။ကျွန်မတို့ သာမန် ပြည်သူများမှာရတက်မအေးရလေဖြစ်ရ ပါ၏။ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတို့သည်  အချုပ်အခြာအာဏာကိုပိုင်ဆိုင်သူများ ဖြစ်ကြပါ၍ လွှတ်တော်သည် ပြည်သူ့  ကိုယ်စားတာဝန်ယူသူများ၏ နေရာဖြစ် ပါသည်။ပဋိပက္ခကို လူတိုင်းမုန်းပါ၏။ မ ကြားလိုပါ၊မမြင်လိုပါ။ပြည်သူလိုလား သည်မှာ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါ၏။ ဗမာလူမျိုးများ၏စိတ်ဓာတ်က တိုင်းရင်း သားများနှင့်လည်း တစ်ထပ်တည်းကျပါ သည်။ပွင့်လင်းရိုးသားသော ဒေါ်အောင် ဆန်းစုကြည်နှင့်ငြင်သာသိမ်မွေ့သော သမ္မတကြီးဦးသိန်းစိန်ကို ချစ်ကြပါသည်၊ သို့သော် သို့သော်  ကြည်နေသော ရေ ပြင်ကို ခဲလုံးများနှင့်ပစ်ပေါက်၍နောက်  သွားစေရန် ဖန်တီးနေသူများကိုတော့  ကြောက်လှပါသည်၊ပြည်သူကလည်း ခေ သူများတော့မဟုတ်ကြပါ။ ခဲလုံးတစ်လုံး တည်းနှင့်စာ(၂)မျိုးပစ် ဆိုသလို လုပ် ခဲ့ကြပြီးဖြစ်ပါသည်။ဥပဒေအထက်မှာ မည်သူမျှမရှိစေချင်ပါ။Rule and regulation အတိုင်းသွားစေလိုသော ဆန္ဒ  သာရှိကြပါသည်။
ပြတိုက်ထဲမှ အတွေးအခေါ်ရှင်များ  ၏ စကားနားယောင်မိပါက ကျွန်မတို့ နိုင်ငံသည် ၎င်းလက်တစ်ဆုတ်စာ လူတစ်  စု၏ စေတနာကြောင့် နောက်ကြောင်း ပြန်လှည့်သွားမည်ဆိုပါက အာရှမှာပင်   ထိပ်ဆုံးသို့ကျရောက်တော့မည်ဖြစ်ပါ ကြောင်း စေတနာကောင်းနှင့်မောင်းထုကာ စက်တင်ဘာ(၁၅)ရက်တွင် ကျရောက်     မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဒီမို ကရေစီနေ့ကို အကြောင်းပြု တင်ဆက် လိုက်ရပါကြောင်း။—

 

ဒေါက်တာစိန်စိန်သိန်း

,

No comments yet.

Leave a Reply

You must be logged in to post a comment.