ကင်ပေတိုင်မှာတမ်းသို့ လွမ်းချင်း(သို့မဟုတ်) ၀မ်းနည်း ၊ ၀မ်းသာဘာကြောင့်မျက်ရည်ကျရသည်ကို နားမလည်သူတစ်ဦးသို့ အိတ်ဖွင့်ပေးစာ လောကတွင် ၀မ်းနည်း၍လည်း မျက်ရည်ကျတတ်ပါသည်။ ပျော်လွန်းလျှင် လည်းမျက်ရည်ကျတတ်ပါသည်။ သို့သော် မည်သည့်မျက်ရည်ဖြစ်သည်ကိုတော့ ဖြစ်ပျက်မှုကိုခံစားခဲ့ပြီး မျက်ရည်ကျတတ် သူသာလျှင် အထက်ပါဖြစ်ပျက်မှု နှစ်ခု လုံး၏ အကြောင်းကို သိနိုင်ပါသည်။ တစ်ဖက်သတ်ခံစားမှုတစ်ဝက်ကို သိသလို လိုနှင့် မသိတာအများကြီးရှိသည်ဟု ဆရာ ဆရာကြီးများ၏စကားကိုလည်း မှတ်သား ဖူးပါသည်။ ဤသို့နိဒါန်းချီရခြင်းမှာ ဂျာနယ်တစ် စောင်တွင်လူသားဆန်သောဗြူရိုကရက် ကောင်းတစ်ဦး၏ကင်ပေတိုင်မှာတမ်းအား ဖတ်ရှုရ၍ မှာတမ်းအားလေးစားစွာဖြင့် လိုက်နာကျင့်သုံးလို၍လည်းကောင်း၊ မီဒီ ယာလောကတွင် တာဝန်ခံမှု၊ တာဝန်ယူ မှု၊ လွတ်လပ်မှုဟူသောဝေါဟာရ တွင်ကျယ် စွာပြောဆိုနေကြ၍လည်းကောင်း မရဲတစ်ရဲ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ဖော်ပြ ခွင့်ပြုမည် ဟုလည်းထင်ပါသည်။ ဗြူရိုကရက်ကောင်းအရာရှိကြီး၏ ကင် ပေတိုင်မှာတမ်းအကြောင်းအရာများမှ [...]
Fri, May 18, 2012
ကင်ပေတိုင်မှာတမ်းသို့ လွမ်းချင်း(သို့မဟုတ်) ၀မ်းနည်း ၊ ၀မ်းသာဘာကြောင့်မျက်ရည်ကျရသည်ကို နားမလည်သူတစ်ဦးသို့ အိတ်ဖွင့်ပေးစာ လောကတွင် ၀မ်းနည်း၍လည်း မျက်ရည်ကျတတ်ပါသည်။ ပျော်လွန်းလျှင် လည်းမျက်ရည်ကျတတ်ပါသည်။ သို့သော် မည်သည့်မျက်ရည်ဖြစ်သည်ကိုတော့ ဖြစ်ပျက်မှုကိုခံစားခဲ့ပြီး မျက်ရည်ကျတတ် သူသာလျှင် အထက်ပါဖြစ်ပျက်မှု နှစ်ခု လုံး၏ အကြောင်းကို သိနိုင်ပါသည်။ တစ်ဖက်သတ်ခံစားမှုတစ်ဝက်ကို သိသလို လိုနှင့် မသိတာအများကြီးရှိသည်ဟု ဆရာ ဆရာကြီးများ၏စကားကိုလည်း မှတ်သား ဖူးပါသည်။ ဤသို့နိဒါန်းချီရခြင်းမှာ ဂျာနယ်တစ် စောင်တွင်လူသားဆန်သောဗြူရိုကရက် ကောင်းတစ်ဦး၏ကင်ပေတိုင်မှာတမ်းအား ဖတ်ရှုရ၍ မှာတမ်းအားလေးစားစွာဖြင့် လိုက်နာကျင့်သုံးလို၍လည်းကောင်း၊ မီဒီ ယာလောကတွင် တာဝန်ခံမှု၊ တာဝန်ယူ မှု၊ လွတ်လပ်မှုဟူသောဝေါဟာရ တွင်ကျယ် စွာပြောဆိုနေကြ၍လည်းကောင်း မရဲတစ်ရဲ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ဖော်ပြ ခွင့်ပြုမည် ဟုလည်းထင်ပါသည်။ ဗြူရိုကရက်ကောင်းအရာရှိကြီး၏ ကင် ပေတိုင်မှာတမ်းအကြောင်းအရာများမှ [...]
Fri, May 18, 2012
ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်-လွယ်ဂျယ်လမ်း မိုင်တိုင်အမှတ် ၃၆/၄ ယောရုံ တံတား ၂၀၁၁ ခုနှစ်က ကေအိုင် အေတို့မိုင်းခွဲဖျက်ဆီးခဲ့သော ဒုတိယမြောက်တံတားတစ်စင်းဖြစ် သည်။ ထိုသို့ပျက်စီးခဲ့သော ကြောင့် ဒေသခံလူထုများနှင့် ကုန်သည်အချို့လမ်းပန်းဆက် သွယ်ရေးအခက်အခဲများနှင့် ကြုံ တွေ့ခဲ့ရသည်။ ယခုအခါ ဗန်းမော်ခရိုင်အတွင်း ရှိလမ်းတံတားတည်ဆောက်နေ သော ဆောက်လုပ်ရေးအထူးအဖွဲ့ မှ ပြန်လည်ပြင်ဆင်နေသော ကြောင့် ၂၀၁၂ ခုနှစ်ရဲ့ မေလ (၁၄) ရက်နေ့တွင်ပြီးစီးမည်ဟု သိရသည်။ ၎င်းင်းတံတားသည် ဒုတိယ မြောက်ပြင်ဆင်သည့် တံတားဖြစ် သည်။ ပြန်လည်ဆင်ပြီးစီးသွား သော ပထမတံတားမှာ မိုးမောက် နှင့် စိန်လုံကြားမိုင်တိုင်အမှတ် (၁၇) မိုင် (၄) ဖာလုံရှိသည့်သံဘောင် ဘေလီတံတားဖြစ်သည်။ တံတားများအားလုံးပြီးစီးပါ က [...]
Fri, May 18, 2012
Hot News ဂျာနယ်အမှတ် (၈၉)တွင် မိမိတို့ပိုင်ဆိုင်သည့် လယ်ယာမြေများအား ပြန်လည် ရလိုမှုဖြင့် လယ်သမားများမှ တင် ပြလာသည့် အချက်အလက်များ အပေါ် စိစစ်၍ ရေးသားခဲ့ပါ သည်။ ရေးသားသူသည်ဘက်နှစ် ဖက်ချဉ်းကပ်ပြီးမှ ရေးခြင်းပင်ဖြစ် သည်။ မိမိပိုင်လယ်ယာမြေမရှိ သည့်အတွက်လူမှုဘ၀ဒုက္ခပေါင်း စုံဖြင့် ကြုံတွေ့နေရသည်များ လည်းတင်ပြလာပါသည်။ ယင်း သို့တင်ပြရာတွင် စာရေးသူနှင့် တင်ပြလာသူ လယ်သမားများ၏ နည်းလည်ခံစားမှုမှာ အနည်းငယ် ကွဲလွဲခဲ့ရပါသည်။ ထို့ကြောင့် အငြင်းပွားစရာတွေဖြစ်ခဲ့ရ၏။ ဒါက ဓမ္မတာပါပဲဟု ဆိုရသော် လည်း လူဟူသည် ပုခက်အတွင်း မရောက်ခင်ကတည်းက သုဿန် ထိတိုင်အောင် မိမိအတ္တအပေါ် ဆုပ်ကိုင်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့်ဥာဏ် ရှိကြစမြဲဖြစ်သည်။ အခုရေးနေ တဲ့ စာပေါ်ကို မိမိတာဝန်ရှိသည် [...]
Fri, May 18, 2012
လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအလုပ်သမားတွေဟာ နေ့ စဉ်ရက်ဆက်သလို အလုပ်သမား တွေရဲ့ အခြေခံရပိုင်ခွင့်ဆုံးရှုံးနေ မှုတွေကို ဆန္ဒထုတ်ဖော်တောင်း ဆိုလာနေကြပါပြီ။ လက်ရှိအခြေ အနေထိအလုပ်သမား ၀န်ကြီး ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းရှိန် ဟာ အလုပ်သမားအရေးကိစ္စ တိုင်းမှာ ကြားဝင်ညှိနှိုင်းဆောင် ရွက်ပေးနေတာ မှန်ပေသည့် အ လုပ်သမားလူတန်းစားကို ကျေ နပ်မှုရသည် အထိညှိနှိုင်းပေးခြင်း မရှိဘဲ အလုပ်ရှင်ဘက်က ပါနေ တယ်လို့ အလုပ်သမားတွေက သုံးသပ်နေကြပါတယ်။ ၁၆-၅-၂၀၁၂ ရက်နေ့မှာ မြန်မာ၊ ပုလဲစက်ရုံနဲ့ စံပယ်စက်ရုံ က လုပ်သမားတွေဟာ မရမ်း ကုန်းမြို့နယ်၊ ခရိုင်အလုပ်သမား ရုံးကို နံနက်ပိုင်းမှာပဲ BM ကား ငါးစီးနဲ့ ချီတက်ခဲ့ကြပါတယ်။ မရမ်းကုန်းရုံးကို ဘာကြောင့် တက်လာရသလဲလို့မေးမြန်းကြည့် ရာ [...]
Thu, May 17, 2012
မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ရှိ ဇီးကုန်းပန်းခြံစု စံပြကျေးရွာတွင် နာဂစ် မုန်တိုင်းတိုက်ခဲ့စဉ်က လျှပ်စစ်မီးတိုင်များ ပြိုလဲပြီး တစ်ပတ်ခန့်မီးပြတ်ခဲ့သဖြင့် ရေ ဒုက္ခရောက်ခဲ့ရပါသည်။ မီးနှင့်ရေက အကြောင်းအကျိုးဆက်စပ်နေပါသည်။ မီးလာလျှင် ရေစက်များ ရေတင်နိုင်၍ ရေရှိသလို မီးမလာလျှင် ရေပါပြတ် တောက်သွားရပါသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ကျေး ရွာများကို (၂၅-၄-၂၀၁၂)ရက်နေ့မှစ၍ နေ့ဘက်တွင် လုံးဝ(လုံဝ)ဓာတ်အားဖြတ် တောက်ထားရန်နှင့် ညဘက်တွင်လည်း တစ်ညခြားပြီး ဓတ်အားပေးရမည်ဟု ညွှန်ကြားလာသဖြင့် မီးဖြတ်တောက်ခဲ့ ရာ ရပ်ကွက်နှင့် မျက်နှာချင်းဆိုင် ကျေး ရွာများသည်ရေဒုက္ခရောက်ခဲ့ကြပါသည်။ သက်ဆိုင်ရာ လူကြီးမင်းများထံ တင်ပြ သဖြင့် (၃၀-၄-၂၀၁၂) ရက်နေ့ညနေ ၅ နာရီမှ ပြန်လည်၍ လျှပ်စစ်မီးရရှိခဲ့ပါ သည်။ မီးပြန်လည်ရရှိအောင် နှုတ်၏ စောင့်မခြင်းဖြင့် ပြည်သူ၊ [...]
Thu, May 17, 2012
မာရ်နတ်သည်မြတ်ဗုဒ္ဓအား““ဘုရား မဖြစ်ရလေအောင်””နှောက်ယှက်ဟန့်တား ရမည့်အလုပ်သည်မာရ်နတ်၏အလုပ်ဖြစ် သည်။မြန်မာ့ကျေးလက်ဒေသများတွင် ရပ်ရေးရွာရေးအများကောင်းကျိုးအတွက် စုပေါင်းညီညာဆောင်ရွက်နေကြသည့်အမှု ကိစ်္စတွင်ကန့်လန့်တိုက်ဘေးလွယ်အိတ် အဖျက်သမားကဆန့်ကျင်ကန့်ကွက်နေလျှင် ““ဘုရားဖြစ်ခါနီး မာရ်နတ်ဖျက်၊ဖျက်လို့”” ခိုင်နှိုင်းပြောဆိုကြပါသည်။ လူသားရယ်လို့ဖြစ်လာကြရင်အလုပ် တစ်ခုမဟုတ်တစ်ခုတော့လုပ်နေရစမြဲဖြစ် သည်။ကောင်းသောအလုပ်၊မွန်မြတ် သောအလုပ်များလုပ်ကြသူများရှိသလို၊ ကောက်ကျစ်ယုတ်မာညစ်ပတ်သောဒုစ ရိုက်မကောင်းသည့်အလုပ်များကိုလုပ်နေ ကြသူများလည်းရှိကြသည်။ကိုယ်နှင့်ပတ် သက်သည့်ကိုယ့်အလုပ်ကိုယ်လုပ်နေကြ သူများချည်းဖြစ်သည်။အလုပ်တစ်ခုကိုမှ မလုပ်သည့်သူလည်းအသက်ရှုသည့်အလုပ် ကိုလုပ်နေကြရမှာဖြစ်တယ်။အသက်ရှုမှု ရပ်ပြီးနှလုံးသွေးခုန်သည့်အလုပ်မလုပ်ရင် တော့အလုပ်ပြီးဆုံးပြီပေါ့။ သူခိုးကလည်းဘာခိုးရင်ရမလဲဆိုပြီး တော့သူခိုးခိုးသည့်အလုပ်၊ဓားပြကလည်း နယ်မြေအေးချမ်းမှုမရှိ၊တရားဥပဒေစိုးမိုး မှုမရှိ၊ကြမ်းတမ်းခက်ခဲချောမွေ့မှုမရှိသော လမ်းခရီးများတွင်ဓားပြများကဓားပြတိုက် သည့်အလုပ်ကိုလုပ်ကြမည်။ခါးပိုက်နှိုက် ကလည်းဘတ်စ်ကားများပေါ်နှင့်လူစည် ကားရှုပ်ထွေးသည့်နေရာများတွင်ခါးပိုက် နှိုက်အလုပ်၊အကျင့်ပျက်ခြစားဗျူရိုကရက် သမားများလည်းနိုင်ငံဥစ္စာဘဏ္ဍာများကို ဘယ်လိုဘယ်ပုံအလွဲသုံးစားပြု၊နှိုက်စား၊ ခိုးစားရမလဲဆိုသည့်အလုပ်နှင့်ပြည်သူများ ကိုဝန်ဆောင်မှုပေးနေကြရသောလုပ်ငန်း ဆောင်တာများတွင်အဂတိလိုက်စားလာဘ် ပေးလာဘ်ယူဖြင်းဆိုသည့်အလုပ်လုပ်နေ ကြမည်။ လိမ်လည်လှည့်စားဖြားမုသားပြော သူကလည်းကလိမ်စေ့ငြမ်းဆင်ယုတ်္တိမတန် သောစကားကိုအပျော့ဆွဲဆွဲကာအကွက် ၀င်အောင်လှည့်ပတ်ပြောဆိုလိမ်ညာသည့် အလုပ်ကိုလုပ်မှာပါ။ဒီမိုကရေစီအသွင်ကူး ပြောင်းပြီဖြစ်နေပေမယ့်ယခင်ခေတ်ဟောင်း၊ စနစ်ဟောင်း၊အကျင့်ဆိုး၊စရိုက်ဆိုးများ မဖျောက်ဖျက်နိုင်သေးဘဲခေါက်ရိုးကျိုးအ တိုင်းသာရှိနေကြသောသူများသည်““ခေါင်း ကိုင်ဖခင်အုပ်ချုပ်မှု””လက်အောင်မှ““မိရင်း ဖရင်းဖြစ်သည့်မိဘပြည်သူ၏””အေးချမ်း သောမေတ္တာအရိပ်အောင်သို့နွေးထွေးစွာ ပြန်လည်ခိုဝင်ရောက်ရှိသည်ကိုပြုံးရွှင်သော [...]
Thu, May 17, 2012
ရွှေတိဂုံစေတီသည်မြန်မာလူမျိုးဗုဒ္ဓဘာ သာဝင်များ၏အလေးအမြတ်ထားရာစေတီ တဆူဖြစ်သည်။ကျွန်မတို့ဧည့်လမ်းညွှန် များအနေဖြင့်ဧည့်သည်များအားမရောက် မဖြစ်ပြသရသောနေရာမှန်လည်းဖြစ်ပါသည်။ ရွှေတိဂုံကုန်းတော်ပေါ်မည်သည့်အချိန်ရောက် ရောက်စိတ်ကြည်လင်လန်းဆန်းရသည်။ မြန်မာနိုင်ငံသို့ရောက်ရှိသောဧည့်သည်အား လေဆိပ်မှကြိုဆိုပြီးနောက်ထိုနေ့တွင်ဖြစ် ဖြစ်၊သို့မဟုတ်အချိန်ရပါကနောက်တစ်ရက် တွင်ရွှေတိဂုံသို့ပို့ရမြဲဖြစ်ပါသည်။ရွှေတိဂုံ သို့ရောက်သည်နှင့်ဧည့်လမ်းညွှန်တစ်ဦး အနေဖြင့်မြန်မာ့ဓလေ့၊ဗိသုကာလက်ရာ၊ သမိုင်းတို့ကိုရှင်းလင်းပြောကြားရသည်။ ဧည့်သည်တို့၏ရင်သပ်ရှု့မောအံ့သြသည့် အမူအရာများကိုမြင်တိုင်းကိုယ့်နိုင်ငံကိုယ့် လူမျိုးအတွက်အမြဲဂုဏ်ယူဝမ်းမြောက်ရ ၏။ဒါသည်ပင်ကျွန်မတို့ဧည့်လမ်းညွှန်များ အတွက်ထူးခြားတဲ့ပီတိအရသာဖြစ်သည်။ ဧည့်သည်များမှလည်းသိလိုသောမေးခွန်း များစွာမေးကြသည်။အချို့လည်းမေးခွန်း မေးရန်သတိမရရင်သပ်ရှု့မောလို့ကောင်း ဆဲ။မည်သို့ပင်ဖြစ်စေဧည့်လမ်းညွှန်များက တော့ဧည့်သည်မေးခွန်းများကိုဖြေဆိုရန် ကြိုတင်ပြင်ဆင်လေ့လာရသူချည်းပါ။ရွှေတိဂုံနှင့်ပတ်သက်သောစာအုပ်စာတမ်းများ ကိုလက်လှမ်းမှီသလောက်ဝယ်ယူဖတ်ရှု့ ကာကြိုတင်ပြင်ဆင်ကြရပါသည်။ဤသို့ ဖတ်မှတ်လေ့လာရာတွင်ဧည့်သည်များနှင့် သက်ဆိုင်ရာအကြောင်းအရာများသာရှိ သကဲ့သို့မိမိကိုယ်ပိုင်အတွက်သာသက်ဆိုင် သောဗဟုသုတများလည်းရှိပါသည်။ဤတွင်ကျွန်မတို့ရွှေတိဂုံကုန်းတော်ပေါ် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သော ထီးတော်ပုံပန်းစေတီကမ္ဗည်းကျောက်စာ (၂)ချပ်အကြောင်းတင်ပြလိုပါသည်။ဤသို့ဖော်ပြမည့်ကျောက်စာကမ္ဗည်းသည် ပုံမှန်ဘုရားဖူးတစ်ယောက်အနေဖြင့်လည်း ကောင်း၊နိုင်ငံခြားသားဧည့်သည်များအနေ ဖြင့်လည်းကောင်း၊အလွယ်တကူတွေ့မြင် သိရှိနိုင်သောနေရာတွင်တည်ရှိမနေပါ။ ရွှေတိဂုံစေတီရှိအထက်ပစ္စယံပန်းတင်ခုံ နှင့်ရွှေတိဂုံစေတီအခြေပတ်လည်ရင်ပြင် တော်ပေါ်ရှိစေတီအထွဋ်တင်အုတ်ဂူပြဿဒ် အကြားထီးတော်ပုံပန်းစေတီ(၄၄)ဆူရှိသည် ဟုမှတ်သားရပါသည်။ယင်းတို့ကိုရွှေပန်း ခိုင်၊ငွေပန်းခိုင်ထီးပန်းဟုလည်းခေါ်ဝေါ် ကြောင်းသိရှိရပါသည်။ရွှေတိဂုံစေတီရင် ပြင်ဂြိုလ်တိုင်များနောက်ဖက်၊ဆီမီးပူဇော် ရာဆီမီးခုံများနှင့်ရွှေတိဂုံအထက်ပစ်္စယံ စေတီရံများအကြားတွင်တည်ရှိသောထို ထီးတော်ပုံပန်းစေတီ(၂)ဆူ၌ရေးထိုးထား သောကမ္ဗည်းကျောက်စာ(၂)ချပ်အကြောင်း ဖြစ်ပါသည်။ဗိုလ်ချုပ်အောင်ဆန်းအတွက် [...]
Thu, May 17, 2012
ပုဂ္ဂလိက ကြေးမုံသတင်းစာမှ ပြည်သူပိုင် ကြေးမုံသတင်းစာအထိ ကျွန်တော်သည် ကြေးမုံဝိုင်းတော်သား တစ်ဦး ဖြစ်ခဲ့သည်။ အထွေထွေ သတင်း ထောက်အပြင် စာပေ ယဉ်ကျေးမှု ရုပ်ရှင်သတင်းတို့ကိုလည်း တာဝန်ယူခဲ့ရ လေသည်။ ထို့ကြောင့် ကျွန်တော်သည် စာရေးဆရာကြီးများ၊ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်အများအပြားနှင့် တွေ့ဆုံ ရင်းနှီးခဲ့ရလေ၏။ ထိုစဉ်က ရုပ်ရှင်ကောင်စီ ဥက္ကဋ္ဌကြီး ဦးညီပု၏ဇနီး ဂျပန်အမျိုးသမီးကြီး ဖျော် လာသော ဓာတ်ဘူးကြီးနှင့် လက်ဖက်ရည် များကို မကြာခဏ သောက်ခဲ့ရသည်။ ပြည်တော်အေးရုပ်ရှင် ဦးရဲမြင့်၊ သုခုမ ရုပ်ရှင်ဒေါ်နန်းတို့ ကျွေးသော နေ့လယ် စာကိုလည်း ကျွေးတိုင်း စားခဲ့ဖူးပါ၏။ ထို့နောက်တွင် ကျွန်တော်သည် ကျန်းမာရေး အခြေအနေအရ ဆေး ပင်စင်ယူခဲ့ရကာအပြင်လူတစ်ဦးအဖြစ် ဆောင်းပါးတို့၊ ၀တ္ထုတိုများကို အေးဆေး [...]
Thu, May 17, 2012
“စာနယ်ဇင်းလွတ်လပ်ခွင့် ရပြီလား ဆရာ” ဟု တပည့်လူငယ်တစ်ဦးက ခရီး ရောက်မဆိုက် မေးလာသည်။ မိမိက ပြုံး ပြုံးလေး ပြန်ကြည့်နေ၍ လူငယ်လေး မချင့်မရဲ ဖြစ်လာသည်။ မိမိက “ဆရာလည်း အဲဒီ လွတ်လပ် ခွင့်ကို စောင့်မျှော်လာခဲ့တာ ၁၀ စုနှစ်နဲ့ ချီနေပြီကွ” ဟု ဆိုလိုက်ရာ ၁၉၈၈ ခုနှစ် ကမှ မွေးဖွားခဲ့သူ လူငယ်အဖို့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် မိမိ ဖြတ်သန်းခဲ့ရသော နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်သော မြန်မာ့ မီဒီယာသမိုင်း (သို့) သတင်းစာ လောက အတွေ့အကြုံများကို ပြန်ပြောင်း ရှင်းပြ ရပါသည်။ အဆိုပါ တပည့်ငယ်နှင့် “သတင်း အတတ်ပညာ [...]
Thu, May 17, 2012
၂၀၁၂ ခုနှစ် နွေရာသီသည် ဝေဒပညာ ရှင်များ၏ သင်္ကြန်စာနှင့် မိုးလေ၀သနှင့် ဇလဗေဒပညာရှင်များ၏ အဆိုအရ ယခု တလောအပူချိန်လွန်ကဲမည်ဟု သိရသည်။ ယခုလို ပူပြင်းတဲ့နွေရာသီရဲ့ ရက်လေး တစ်ရက်မှာ ဖိုးသိချင်တစ်ယောက် သတင်း လေ့လာရန် ခရီးထွက်မည်ဟု စဉ်းစားထား သည်။ ပြီးခဲ့သည့် မေလ (၂) ရက်နေ့က ယမ်းငွေ့ကြား၌ သတင်းစပ်စုလိုသော ဖိုးသိချင်သည် ကချင်ပြည်နယ်သို့ထွက် ခဲ့၏ မိုးညှင်းသို့ရောက်သောအခါ မိမိတို့ အား လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ခေတ္တ နားကြ၏။ ထိုစဉ် မီးသတ်ကားတစ်စီးရပ်ထား သည်ကို တွေ့သောကြောင့် ပြူးပြူးပြဲပြဲ ကြည့်မိရာ မီးသတ်ခင်ဗျာအင်ဂျင်မရှိဘဲ ဒီအတိုင်းရပ်ထားသည်ကို ပြည်ထောင်စု လမ်းမကြီးဘေးသာစည်ရပ်ကွက်၌ တွေ့ လိုက်ရသည်။ ဖိုးသိချင်တို့ ဗီဇအတိုင်းစပ်စုကြည့် ရာ ၎င်းမီးသတ်ကားအား [...]
Friday, May 18, 2012
0 Comments